International News

ထိုင်းနိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင် ရေးအတွက် အသေးစားနှင့်အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဘဏ်နှင့် နိုင်ငံအဆင့် တီထွင်ဆန်း သစ်မှုအေဂျင်စီတို့အကြား ပူးပေါင်းဆောင်ရွက်သွားရန် ရှိ

Last Updated:

တီထွင်ဆန်းသစ်မှုဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသူများကို ၃ နှစ်ကြာ အတိုးမဲ့ချေး ငွေ ထုတ်ပေးနိုင်ရေး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ဘဏ် (SME D Bank) နှင့် နိုင်ငံအဆင့် တီထွင်ဆန်းသစ်မှုအေဂျင်စီ (NIA) တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရှိရပါသည်။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးရန် အတွက် SME D Bank နှင့် NIA တို့အကြား ပူးပေါင်းဆောင်ရွက်ရေး စာချုပ် လက်မှတ်ရေးထိုးခဲ့ပါ ကြောင်း၊ လုပ်ငန်းရှင်များသည် ခိုင်မာသော အလားအလာနှင့် NIA မှ အသိအမှတ်ပြုထားသော အသုံး ဝင်သည့် တီထွင်ဆန်းသစ်မှုကို ဆောင်ရွက်နေသူဖြစ်ပါက “Smile Biz” ချေးငွေကို လျှောက်ထားနိုင် မည် ဖြစ်ကြောင်း၊ လုပ်ငန်းကို ၁ နှစ်အကြာ ဆောင်ရွက်နေပါက အပေါင်ပစ္စည်းမလိုအပ်ဘဲ ချေးငွေ လျှောက်ထားနိုင်ကြောင်း၊ အများဆုံး ချေးငွေ ပမာဏမှာ ဘတ် ၅ သန်းဖြစ်ပြီး ပြန်ဆပ်ကာလမှာ ၇ နှစ် နှင့် ဆိုင်းငံ့ကာလ ၆ လ ဖြစ်ကြောင်း၊ အတိုးနှုန်းသည် ၁ နှစ်လျှင် ၆.၅ ရာခိုင်နှုန်းဖြစ်သော်လည်း ပထမ ၃ နှစ်အတွက် အတိုးကို NIA က ကူညီပေးမည် ဖြစ်ကြောင်း ဘဏ်၏ မန်နေးဂျင်းဒါရိုက်တာ Mr. Pichit Mitrawong က ပြောကြားခဲ့ပါသည်။

 စီမံချက်၏ ရည်ရွယ်ချက်မှာ တီထွင်ဆန်းသစ်သော လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ဖြစ်ကြောင်း၊ အသုံးဝင်သော တီထွင်ဆန်းသစ်မှုများရှိသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများ သို့မဟုတ် Startup လုပ်ငန်းများအတွက် ဘဏ္ဍာငွေရရှိနိုင်မှုကို အထောက်အကူပြုရန်နှင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မြှင့်တင်ပေးခြင်းဖြင့် ယှဉ်ပြိုင်နိုင်မှုကို တိုးတက်စေရန် ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းနယ်ပယ်သည် ယှဉ်ပြိုင်မှုမြင့်မားပြီး ထိုင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့် လက်ခံရန်နှင့် ယှဉ်ပြိုင်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း Mr. Pichit က သုံးသပ်ပြောကြားပါသည်။

ထုတ်လုပ်မှုတိုးမြှင့်ရန်၊ တန်ဖိုးမြှင့်တင်ရန်၊ ဈေးကွက်တွင် ရပ်တည်နိုင်မှု တိုးတက်ရန်၊ ထိရောက်သော စီမံခန့်ခွဲမှု မြင့်မားရန်နှင့် ကုန်ကျစရိတ်လျှော့ချရန်မှာ တီထွင်ဆန်းသစ်မှုသည် အရေး ပါပါကြောင်း၊ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာတွင် ကုန်ကျစရိတ်သိသိသာသာ မြင့်မားသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် Startup လုပ်ငန်းများအတွက် အဟန့်အတား ဖြစ်စေပါ ကြောင်း၊ SME D Bank တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ ငွေစာရင်းနှင့် ထုတ်ကုန်တိုးတက်မှုဆိုင်ရာများတွင် အကူအညီပေးရန် Development Excellence (DX by SME D Bank) ဟု ခေါ်တွင်သည့် ပလက်ဖောင်းတစ်ခုရှိပြီး အခမဲ့ဝန်ဆောင်မှု ဖြစ်ပါကြောင်း ဆက်လက်ပြောကြားပါသည်။

ပလက်ဖောင်းတွင် လုပ်ငန်း၏ ကြံ့ခိုင်မှုကို စမ်းသပ်ပေးသည့် စနစ်၊ ၂၄ နာရီ/ ၇ ရက်လုံး မိမိ ကိုယ်တိုင် လေ့လာနိုင်ပြီး လုပ်ငန်းအလားအလာကို မြှင့်တင်ပေးရန် လိုအပ်သော ဗဟုသုတများ စုဆောင်းထားသည့် သင်တန်းများ၊ ပညာရှင်အဆင့် နည်းပြများ၏ အကြံပေး၊ ဆွေးနွေးမှုရယူနိုင်သည့် စနစ်၊ တစ်နှစ်ပတ်လုံး ဗဟုသုတ အဆက်မပြတ် မြှင့်တင်ရန်အတွက် ကြိုတင်စာရင်းပေးထားနိုင်သည့် စနစ်နှင့် e-marketplace နှင့် လုပ်ငန်းချိတ်ဆက်ခြင်းအပါအဝင် အခြားသော ခံစားခွင့်များဖြင့် ဈေး ကွက်ချဲ့ထွင်နိုင်သည့် ဈေးကွက် စသည့် အင်္ဂါရပ်များ ပါဝင်ပါကြောင်း၊ အဆိုပါ အင်္ဂါရပ်များကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ပိုမိုခိုင်မာစွာနှင့် ရေရည်တည်တံ့စွာ လက်ရှိနှင့် အနာဂတ်လုပ်ငန်းနယ်ပယ်တွင် စမတ်ကျသော လုပ်ငန်းများ ဖြစ်လာစေရန် ဖြစ်ကြောင်း Mr. Pichit က ဖြည့်စွက်ပြောကြားခဲ့သည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News