International News

ထိုင်းနိုင်ငံတွင် စွမ်းအင်ဈေးနှုန်းများကို ထိန်းညှိပေးရန် ကော်မရှင်အဖွဲ့သစ်ဖွဲ့စည်းနိုင်ရေး စွမ်းအင် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းများနှင့် အချက်အပြုတ်သုံးဓာတ်ငွေ့ ဈေးနှုန်း များကို ထိန်းညှိပေးနိုင်ရန် ထုတ်ပြန်မည့် ဥပဒေသစ်တစ်ရပ်အောက်မှ အခွန်များနှင့် အထောက်အပံ့ များ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီး H.E Mr. Pirapan Salirathavib-haga က ပြောကြားခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများတွင် ဈေးနှုန်းအတက်အကျသက်ရောက်မှုကို လျှော့ချပေး နိုင်ရန် ရည်ရွယ်သည့် အဆိုပါ ဥပဒေကို အစိုးရဥပဒေအကြံပေးအဖွဲ့က စဉ်းစားလျက်ရှိပြီး လွှတ်တော်၏ ခွင့်ပြုချက်ရယူရန် လိုအပ်သဖြင့် ယခုနှစ်နှောင်းပိုင်းတွင် စတင်အသက်ဝင်နိုင်မည်ဟု မျှော်  လင့်ရပါကြောင်း၊ စက်သုံးဆီပေါ်တွင် ကောက်ခံမည့် သင့်လျော်သော အခွန်နှုန်းထားကို သတ်မှတ်ပေး ရန် ဥပဒေအောက်မှ ကော်မရှင်အဖွဲ့သစ်တစ်ခုဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ဘဏ္ဍာရေးဝန်ကြီးဌာနက နှုန်းထားသတ်မှတ်ပေးလျက်ရှိပြီး ဥပဒေသစ် စတင်အသက်ဝင်ပါက ဘဏ္ဍာ ရေးဝန်ထမ်းများသည် အခွန်ကောက်ခံရန်အတွက်သာ တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

စွမ်းအင်အာဏာပိုင်များကို အခွန်နှုန်းထားသတ်မှတ်စေခြင်းသည် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဥပဒေများကို သွေဖီခြင်းမဟုတ်ပါကြောင်း၊  အာဏာပိုင်များက အခွန်တွက်ချက် ရာတွင် စီးပွားရေးအခြေအနေပေါ် မူတည်တွက်ချက်မည် ဖြစ်ပါကြောင်း၊ ဂက်စ်ဆိုလင်း၊ ဂက်စ်ဆို ဟောနှင့် ဒီဇယ်အသုံးပြုသူများသည် လက်ရှိတွင် ယစ်မျိုးခွန်ပေးဆောင်နေရပါကြောင်း၊ ဥပဒေသစ် အရ Oil Fuel Fund ရုံးကို ဖျက်သိမ်း၍ ကော်မရှင်အသစ်က စီမံခန့်ခွဲမည် ဖြစ်ကြောင်း၊ ကော်မရှင်၏ လုပ်ငန်းတာဝန်များသည် စွမ်းအင်ထိန်းညှိရေးကော်မရှင်၏ လုပ်ငန်းတာဝန်များအတိုင်းဖြစ်ပြီး ဆီနှင့် အချက်အပြုတ်သုံးဓာတ်ငွေ့ဈေးနှုန်းများအတွက် တွေ့ဆုံသွားရန်နှင့် လစဉ် ဈေးနှုန်းချိန်ညှိသွားမည် ဖြစ်ကြောင်း  ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းသို့ဆောင်ရွက်ပေးခြင်းကြောင့် လုပ်ငန်းများနှင့်အိမ်ထောင်စုများသည် ၎င်းတို့၏လောင်စာ သုံးစွဲမှုအတွက် ပိုမိုကောင်းမွန်စွာ စီမံနိုင်ရန် အချိန်ရရှိမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လောင်စာဈေးနှုန်းမြင့်တက်မှုကို မြင်ရနိုင်ဖွယ်မရှိကြောင်း၊ ထိုင်းနိုင်ငံသည် ၁၉၉၁ ၌ ယင်းမူဝါဒ အဆုံးမသတ်ခင် ဈေးကွက်အတွင်း ကုန်သွယ်မှုနှင့် ယှဉ်ပြိုင်မှုအတွက် ဆီလက်ကားဈေးနှုန်းကို ပြည့် ပြည့်ဝဝထိန်းချုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များမှ ငွေကြေးများကို စီးပွားရေးအတွင်းသို့ စီးဝင်စေခဲ့ပါ ကြောင်း၊ ရေနံထုတ်ကုန်များကို လွတ်လပ်စွာ ကုန်သွယ်မှုပေးခြင်းသည် ကောင်းမွန်သော်လည်း သုံးစွဲသူများအတွက် မျှတမှုရှိစေရန်မှာ တစ်ခါတစ်ရံတွင် ဥပဒေထိန်းချုပ်မှုအောက်တွင် ရှိရမည်ဖြစ် ကြောင်း Mr. Pichit က သုံးသပ်ပြောကြားပါသည်။

 

Source: www.bangkokpost.com  ‌

ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်းမြို့။

Category: International News