International News

ရုရှား-တရုတ်ကုန်သွယ်မှုပမာဏတိုးလာခြင်းသည် စွမ်းအင်အရင်းအမြစ်တစ်ခုတည်းကြောင့်သာ မဟုတ်ကြောင်း ရုရှားသိပ္ပံအကယ်ဒမီမှ ပြောကြား

Last Updated:

ရုရှား-တရုတ်ကုန်သွယ်မှုပမာဏတိုးလာခြင်းသည် စွမ်းအင်အရင်းအမြစ်များကြောင့်သာမက ရုရှားမှ တရုတ်သို့ တင်ပို့သည့် ကောက်ပဲသီးနှံ၊ အသားနှင့် ရေထွက်ကုန်ကဏ္ဍများကြောင့်လည်း လျင်မြန်စွာတိုးတက်လျက်ရှိပြီး နှစ်နိုင်ငံစလုံးသည်  ကြီးမားသည့်အလားအလာများရှိပြီး အခြားသောစီးပွားရေးကဏ္ဍများစွာကိုပါ တိုးပွားနေမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အမျိုးသားညှိနှိုင်းရေးဗဟိုဌာန ဥက္ကဌ၊ ရုရှားသိပ္ပံအကယ်ဒမီ၏ တရုတ်နှင့် ခေတ်သစ်အာရှဆိုင်ရာ ဒါရိုက်တာဖြစ်သူ Mr. Kirill Babaev က ပြောကြားခဲ့သည်။

ပေဂျင်းနှင့်မော်စကိုအကြား ကုန်သွယ်မှုပမာဏတိုးလာခြင်းသည် စွမ်းအင်အရင်းအမြစ်ကြောင့် သာမကဘဲ ရုရှားမှ တရုတ်သို့ စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုသည် အလွန်လျင်မြန်စွာ တိုးတက်လာလျက်ရှိကြောင်း၊ တရုတ်သို့ ကောက်ပဲသီးနှံတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၄ ဆနီးပါးတိုးတက်လာကြောင်း၊ ထို့အပြင် အသားထုတ်ကုန်၊ ရေထွက်ကုန်၊ သစ်အချောထည်ပစ္စည်းများနှင့် ဓာတ်မြေသြဇာများတင်ပို့မှုမှာလည်း တိုးလာကြောင်း ၎င်းမှ ပြောကြားသည်။

တရုတ်နိုင်ငံ၏ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံမှုကို ထောက်ပံ့ပေးမည့်နိုင်ငံသည် ရုရှားထံမှ ထောက်ပံ့မှုများဖြစ်ကြောင်းကို တရုတ်နိုင်ငံက နားလည်သဘောပေါက်ကြောင်း ၎င်းမှ မှတ်ချက်ပြုသည်။

Source :  https://ria.ru/20240306/tovarooborot-1931353229.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News