International News

ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်များရှိသည့် နိုင်ငံများစာရင်းတွင် မြန်မာပါဝင်ကြောင်း ရုရှားအစိုးရက အတည်ပြု

Last Updated:

ရုရှားအစိုးရသည် ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်များရှိသည့်နိုင်ငံများ၏စာရင်းကို အတည်ပြုခဲ့ပြီး ၎င်းတို့သည် ပြည်ပနိုင်ငံပေါင်း ၆၄ နိုင်ငံတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

အစိုးရသည် ရုရှားနိုင်ငံ၏ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို နိုင်ငံခြားဈေးကွက်သို့တင်ပို့ရန် စိတ်ဝင်စားသော ပြည်တွင်းကုမ္ပဏီများအား စနစ်တကျပံ့ပိုးကူညီမှုများလုပ်ဆောင်လျက်ရှိပါသည်။ ရုရှားကုန်သွယ်ရေးကိုယ်စား လှယ်များရှိသည့် နိုင်ငံများ၏စာရင်းဖြင့် ရုရှားကုမ္ပဏီများသည် အဆိုပါနိုင်ငံအသီးသီးမှ ဈေးကွက်များတွင် အလုပ်လုပ်ကိုင်နိုင်မည့် အလားအလာများကို အကဲဖြတ်နိုင်မည့်အပြင် လိုအပ်သောထုတ်ကုန်များကို တင်သွင်းနိုင်ရန်အတွက်လည်း ပိုမိုလွယ်ကူစေမည်ဖြစ်ပါသည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်ရုံးကို ပြည်ပနိုင်ငံ ၆ နိုင်ငံတွင် ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ၌လည်းကောင်း၊ ၂၀၂၂ ခုနှစ်တွင် မြန်မာ၊ ဖိလစ်ပိုင်၊ မက္ကဆီကိုနှင့် အီသီယိုးပီးယားနိုင်ငံတို့တွင်လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံ၌လည်းကောင်း အသီးသီးဖွင့်လှစ်နိုင်ခဲ့ပါသည်။

အဆိုပါနိုင်ငံများရှိ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်များ၏လုပ်ငန်းများသည် ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးကူညီခြင်းအပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်သွယ်မှုဆက်ဆံရေးတိုးချဲ့ရန် ဖြစ်ပါသည်။

ရုရှားကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် ရုရှားနိုင်ငံနှင့် အိမ်ရှင်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်ခြင်းနှင့် ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်လျက်ရှိပါသဖြင့် ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လိုသော မြန်မာလုပ်ငန်းရှင်များအနေဖြင့် အဆိုပါကိုယ်စားလှယ်ရုံးနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားနိုင်ပါက အခွင့် အလမ်းကောင်းများရရှိနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source :  https://tass.ru/ekonomika/19233049

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News