International News

၂၀၂၅ ခုနှစ်အတွင်း ဟိုချီမင်းမြို့သို့ ငွေလွှဲမှုများသည် အမေရိကန်ဒေါ်လာ ၁၀.၃၄ ဘီလီယံအထိ ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံပိုင်ဒေသ ၂ ဘဏ်ခွဲ၏အဆိုအရ ဟိုချီမင်းမြို့သို့ ငွေလွှဲမှုများသည် ၂၀၂၅ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁၀.၃၄ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၈.၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရှိရပါ သည်။

အဆိုပါကိန်းဂဏန်းများတွင် ငွေလွှဲကုမ္ပဏီများမှတစ်ဆင့် လွှဲပြောင်းပေးသောပမာဏမှာ အမေရိကန်ဒေါ်လာ ၇.၄၃ ဘီလီယံနီးပါးရှိပြီး စုစုပေါင်းလွှဲပို့မှု၏ ၇၁.၈ ရာခိုင်နှုန်းရှိကြောင်း၊ စီးပွားရေးဘဏ်များမှတစ်ဆင့်လွှဲပို့မှုမှာ အမေရိကန်ဒေါ်လာ ၂.၉၂ ဘီလီယံနီးပါးရှိပြီး စုစုပေါင်းလွှဲပို့မှု၏ ၂၈.၂ ရာခိုင်နှုန်းနှင့်ညီမျှကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေသအလိုက်ငွေလွှဲပေးပို့မှုများအနေဖြင့် အာရှမှငွေလွှဲမှုများသည် ၄၈.၉ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် အမေရိကမှ ၃၁.၉ ရာခိုင်နှုန်း၊ ဥပရောပမှ ၈.၉ ရာခိုင်နှုန်းနှင့် အိုရှင်းနီးယားဒေသမှ ၈.၆ ရာခိုင်နှုန်းဖြင့် အစဉ်အလိုက်ရှိကြောင်း ဖော်ပြထားပါသည်။

ယခင်နှစ်က ဟိုချီမင်းမြို့သို့ ငွေလွှဲမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉.၅၄ ဘီလီယံကျော်ရှိခဲ့ပြီး အာရှနှင့် အမေရိကမှ ငွေလွှဲပေးပို့မှုများသည် စုစုပေါင်းလွှဲပို့မှု၏ ၈၂.၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြ ထားပါသည်။  

Source:  Vietnam Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News