International News

အိန္ဒိယရူပီးသည် ကုန်သွယ်မှုအစတွင် ယူအေအီးဒါဟမ်နှင့်ယှဉ်လျှင် ကျဆင်းသွား

Last Updated:

တောင်အာရှငွေကြေး(အိန္ဒိယရူပီး)အပေါ် ဈေးနှုန်းပြောင်းလဲမှုသည် နှစ်ကုန်တွင် ကြိုတင်မှန်းဆထားသော ပြောင်းလဲမှုတည်ငြိမ်နေသဖြင့် 'ကုန်သည်စီးဆင်းမှုများ' က တွန်းအားဖြစ်ဖွယ်ရှိပါသည်။

အိန္ဒိယရူပီးငွေကြေးနှင့်ချိတ်ဆက်လုပ်ကိုင်နေသည့် အာရှဒေသနိုင်ငံများမှငွေကြေးအများစုဈေးနှုန်းများမှာ မြင့်မားနေသော်လည်း နိုင်ငံတကာဘဏ်ကြီးများ၏ ဒေါ်လာဝယ်လိုအားများကြောင့် အိန္ဒိယရူပီးဈေးနှုန်းသည် ဗုဒ္ဓဟူးနေ့က လျော့ကျသွားခဲ့ပါသည်။

တောင်အာရှငွေကြေးတစ်ရပ်ဖြစ်သည့် အိန္ဒိယရူပီး ၈၃.၂၄၇၅ INR လျှင် အမေရိကန်ဒေါ်လာ ၁ USD (1 AED = 22.68 INR)သည် ၂၇.၁၂.၂၀၂၃၊ ယူအေအီးစံတော်ချိန်နံနက် ၉ နာရီတွင် ပြီးခဲ့သည့်ငွေကြေးဈေးကွက်၏အပိတ်နှုန်း အိန္ဒိယရူပီး ၈၃.၁၉၂၅  INR လျှင် အမေရိကန်ဒေါ်လာ ၁ USD( 1 AED= 22.67 INR) ၀.၀၇ % သို့ ကျဆင်းခဲ့ပါသည်။

ဒေါ်လာအညွှန်းကိန်းသည် Asian hours ၁၀၁.၅ တွင် အနည်းငယ်ပြောင်းလဲခဲ့သော်လည်း ဇူလိုင်လနှောင်းပိုင်းက ၎င်း၏အားနည်းသောအဆင့်သို့ပြန်လည်ရောက်ရှိခဲ့ကာ အာရှငွေကြေးအများစုသည် အဆိုပါနေ့ရက်တွင် ၀.၁ မှ ၀.၅ ရာခိုင်နှုန်းကြားသို့ ပြန်လည်မြင့်တက်ခဲ့ပါသည်။

သို့သော်လည်း နိုင်ငံတကာဘဏ်ကြီးများ၏ဒေါ်လာဝယ်လိုအားကြောင့် အိန္ဒိယရူပီးဈေးနှုန်းအနည်းငယ်ကျဆင်းသွားခဲ့ကြောင်း နိုင်ငံပိုင်ဘဏ်တစ်ခုမှ နိုင်ငံခြားငွေကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။

နှစ်ကုန်အတွက် ကြိုတင်မှန်းဆထားသော ပြောင်းလဲမှုများတည်ငြိမ်နေသဖြင့် တောင်အာရှငွေကြေး(အိန္ဒိယရူပီး)အပေါ် ဈေးနှုန်းပြောင်းလဲမှုသည် 'ကုန်သည်စီးဆင်းမှုများ'မှ တွန်းအားပေးဖွယ်ရှိကြောင်း အဆိုပါကုန်သည်က ပြောကြားခဲ့ပါသည်။

အားလပ်ရက်ရာသီကြောင့် ငွေကြေးဈေးနှုန်းများမငြိမ်မသက်ဖြစ်မှုများကြားတွင် အိန္ဒိယရူပီး၏ဈေးနှုန်း ၁၀ မှ ၁၅ Paisa(1 Rupee = 100 Paisa)အကြားတွင် ရောက်ရှိမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ CR Forex ကုမ္ပဏီမှ fx အကြံပေးအုပ်စု ဦးဆောင်ညွှန်ကြားရေးမှူး Amit Pabari က ပြောကြားခဲ့ပါသည်။

အိန္ဒိယ၏ငွေစာရင်းလိုငွေပြမှုသည် ဇူလိုင်မှစက်တင်ဘာအထိသုံးလတာတွင် ဂျီဒီပီ၏ အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံ၊ GDP ၁.၁ ရာခိုင်နှုန်းမှ အမေရိကန်ဒေါ်လာ ၈.၃ ဘီလီယံ၊ GDP ၁ ရာခိုင်နှုန်းအထိ မျှော်လင့်ထားသည်ထက် ပိုမိုကျဆင်းသွားခဲ့ပြီး Reuters စစ်တမ်းတွင်မူ စီးပွားရေးပညာရှင် ၁၈ ဦး၏ ပျမ်းမျှခန့်မှန်းချက်မှာ လိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၉ ဘီလီယံဖြစ်ကြောင်း ဖော်ပြထားပါသည်။

အရင်းအနှီးငွေစာရင်းပိုငွေသည် လက်ရှိအကောင့်လိုငွေပြမှုကို ကျော်လွန်ရုံမျှဖြင့် အလုံးစုံ(ငွေပေးချေမှုလက်ကျန်)သည် အနည်းငယ်ပိုလျှံနေသော်လည်း တိုးတက်သင့်ကြောင်း ဗြိတိန်အခြေစိုက် Barclays ဘဏ်ကြီးက မှတ်ချက်တစ်ခု၌ ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် အိန္ဒိယရူပီးငွေကြေးသည် လာမည့်ခန့်မှန်းပရီမီယံကြေး ၁ နှစ်အတွက် ၁.၇၈ ရာခိုင်နှုန်းအထိ မြင့်မားလာသဖြင့် နှစ်လအတွင်းအမြင့်ဆုံးဖြစ်ခဲ့ပါသည်။

အမေရိကန်ဗဟိုဘဏ်သည် မူဝါဒနှုန်းထားများ မကြာမီစတင်ဖြေလျှော့ပေးတော့မည့် အလားအလာများမြင့်မားနေပြီး လာမည့်ခန့်မှန်းပရီမီယံကြေးများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ရင်းနှီးမြုပ်နှံသူများအတွက် မတ်လအတွင်း အတိုးနှုန်းဖြတ်တောက်မှုမှာ ဖြစ်နိုင်ခြေအလွန်မြင့်မားကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News