International News

ယူအေအီးတွင် တစ်ရက်အတွင်း မိုးရေချိန်ကုဗမီတာ ၆ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင်က ဤပုံစံမျိုးအား မကြုံဖူးကြောင်း မိုးလေဝသပညာရှင်မှ ပြောကြားခဲ့

Last Updated:

ပြီးခဲ့သည့်သီတင်းပတ်အတွင်း စံချိန်တင်မိုးရွာသွန်းမှုနှင့်ရေကြီးမှုပမာဏမှာ မကြုံစဖူးကြီးမားပြီး ယခင်ကမကြုံဖူးကြောင်း ဝါရင့်မိုးလေဝသပညာရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

ယူအေအီးနိုင်ငံတွင်အင်္ဂါနေ့က ဆိုးရွားသောရာသီဥတုကြောင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မိုးရွာသွန်းမှုစံချိန်ကုဗမီတာ ၆.၀၄ ဘီလီယံအထိ စံချိန်တင်ခဲ့ပါသည်။

ပုံမှန်အားဖြင့်ယူအေအီးနိုင်ငံတွင် နှစ်စဉ်မိုးရေချိန်ကုဗမီတာ ၆.၇ ဘီလီယံခန့်သာရရှိခဲ့သည့် မှတ်တမ်းများရှိခဲ့ပါသည်။

နိုင်ငံနေရာအနှံ့အပြားတွင် ၂၄ နာရီအတွင်း ၁၀၀ မီလီမီတာထက်ကျော်လွန်သည့် မိုးရွာသွန်းမှုများနှင့်အတူ ယူအေအီးနိုင်ငံသည် ဧပြီလ ၁၆ ရက်နေ့၌ အဝေးပြေးလမ်းများ၊ လူနေအိမ်များနှင့် အရေးပါသောအခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရပြီး တုနှိုင်းမယှဉ်နိုင်သော ရေလွှမ်းမိုးမှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ထိုနေ့တွင်မိုးလေဝသဌာနခွဲလေးခု၌ မိုးရေ ၂၀၀ မီလီမီတာကျော် ရွာသွန်းခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပြီး ယင်းမှာလွန်ခဲ့သော ၇၅ နှစ်အတွင်း အထူးခြားဆုံးသော မိုးရွာသွန်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။

Khaleej Times သတင်းဌာနမှ ဗဟိုအမျိုးသားမိုးလေဝသဌာန(NCM)သို့ ဆက်သွယ်မေးမြန်းရာတွင် Dr. Ahmed Habib က ရေကြီးမှုများမှာယခင်ကဖြစ်ခဲ့ဖူးသော်လည်း လတ်တလောအဖြစ်အပျက်များ၏ပြင်းထန်မှုနှင့်ပထဝီဝင်အနေအထားများအားယှဉ်လို့မရကြောင်း နာရီအနည်းငယ်အတွင်း ၁၀၀ မီလီမီတာထက်ကျော်လွန်၍ မကြုံစဖူးမိုးရေချိန်ပမာဏကို အဘူဒါဘီမြောက်ပိုင်းဒေသများမှ Ras Al Khaimah နယ်စပ်ဒေသများအထိ မိုးလေဝသဌာနခွဲအသီးသီးမှ မှတ်တမ်းတင်နိုင်ခဲ့ပြီး ယခင်က တစ်ခါမှ မကြုံဖူးသည့်ဖြစ်စဉ်တစ်ခုဖြစ်ကာ အကျိုးဆက်အားဖြင့် ခန့်မှန်းခြေရေစုစုပေါင်းကုဗမီတာ ၆.၀၄ ဘီလီယံကျော်အထိ ယူအေအီးနိုင်ငံအတွင်း ရေနစ်မြုပ်သွားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

မကြုံစဖူးဖြစ်ရပ်

အဆိုပါဝါရင့်မိုးလေဝသပညာရှင်က ၎င်း၏အတွေ့အကြုံဆယ်စုနှစ်သုံးစုကျော်အတွင်း ဤကဲ့သို့သောအရာကို တစ်ခါမျှမမြင်ဖူးကြောင်း ရှင်းပြခဲ့ပါသည်။ အဖြစ်အပျက်များအား ရှင်းရှင်းလင်းလင်းနားလည်ရန်အတွက် လေးလေးနက်နက်လေ့လာရန်လိုကြောင်း၊ လွန်ခဲ့တဲ့ ၂၂ နှစ်က ယူအေအီး၏အတွေ့အကြုံများအရ ၎င်းတို့တွင်အလားတူအခြေအနေမျိုးမရှိခဲ့သလို အီဂျစ်တွင်တွေ့ကြုံခဲ့သည့် ဆယ်နှစ်ကျော်အတွေ့အကြုံအရလည်း ယခုကဲ့သို့အခြေအနေမျိုးလည်း မကြုံခဲ့ဖူးကြောင်း ပြောကြားခဲ့ပါသည်။

ရာသီဥတုကို တိကျစွာကြိုတင်ခန့်မှန်းမှုများပြုလုပ်ရာတွင် စိန်ခေါ်မှုများရှိနေပြီး အနာဂတ်တွင် ယခုကဲ့သို့ပြင်းထန်သောရာသီဥတုကြောင့် ယူအေအီးတွင် သက်ရောက်မှုရှိ/မရှိကို ကြိုတင်ခန့်မှန်းခြင်းသည် ခက်ခဲသောအလုပ်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ပါသည်။

ရာသီဥတုပြောင်းလဲမှု အခြေအနေအပေါ်မူတည်ပြီးကွဲပြားသော်လည်း လာမည့်ရက်များတွင် ဤသို့သောအခြေအနေမျိုးကို မျှော်လင့်မထားကြောင်း၊ ၎င်းသည် ကမ္ဘာ့ပတ်ဝန်းကျင်တွင် အပြောင်း အလဲများကို တွန်းအားပေးနေသော်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်/မဖြစ်ကို စိစစ်နေဆဲဖြစ်ပြီး ပိုမိုနက်ရှိုင်းသောလေ့လာမှုတစ်ခုဖြစ်ကြောင်း နောက်ငါးရက်အတွင်း ဒီလိုဖြစ်ရပ်မျိုးထပ်မံဖြစ်ပွားရန် အရိပ်အကဲပြမှုများမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မည်ကဲ့သို့ခန့်မှန်းသနည်း

မိုးလေဝသဌာန၏အချက်အလက်ဒေတာစုဆောင်းမှုနည်းလမ်းများနှင့် ယင်းကို တိကျစွာခန့်မှန်းရန် နိုင်ငံ၏စီမံခန့်ခွဲပုံနှင့်ပတ်သက်၍ မေးမြန်းသောအခါ Habib က ၎င်းတို့သည် လေထုမျက်နှာပြင်နှင့် အပေါ်ထပ်အလွှာနှစ်ခုလုံးရှိ အခြေအနေများကို ကြိုတင်ခန့်မှန်းရန်အတွက် နမူနာပုံစံများစွာနှင့် ကိန်းဂဏန်းများကို အသုံးပြုကြောင်း ရှင်းပြခဲ့ပါသည်။

၎င်းတို့၏အာရုံစူးစိုက်ဆောင်ရွက်မှုများတွင် နေ့စဉ် updates မွမ်းမံမှုများကို ဖိအားပေးစနစ်များဖြင့် တစ်ရက်လျှင် လေးကြိမ်အကဲဖြတ်ဆောင်ရွက်ပြီး ဒေသစံတော်ချိန်နံနက် ၄ နာရီနှင့် နံနက် ၁၀ နာရီ၊ ထို့နောက်ညနေ ၄ နာရီနှင့်ညနေပိုင်းများတွင် updates မွမ်းမံမှုများပြုလုပ်ကြောင်း ၎င်းတို့မှ ဇယားချက်များအား စေ့စေ့စပ်စပ်လေ့လာကြည့်ရှုခြင်း၊ ထိန်းသိမ်းခြင်း၊ အချက်အလက်ဒေတာခွဲခြမ်း စိတ်ဖြာခြင်းများပြုလုပ်ပြီး ယူအေအီးမိုးလေဝသဌာနခွဲများနှင့် အိမ်နီးချင်းနိုင်ငံများမှအချက်အလက်များကို ပေါင်းစပ်ထည့်သွင်းကြောင်း အိမ်နီးချင်းဆော်ဒီအာရေးဗျနှင့်အိုမန်နိုင်ငံတို့တွင်လည်း ရာသီဥတုဖောက်ပြန်မှုကို အနီးကပ်စောင့်ကြည့်နေကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့ပါသည်။

မိုးလေဝသခန့်မှန်းချက်များနှင့် ယူအေအီးနိုင်ငံအပေါ် သက်ရောက်နိုင်ခြေရှိသောလေတိုက်ခတ်မှုလိုမျိုးကန့်သတ်ချက်များအား အကဲဖြတ်မှုများပြုလုပ်သော်လည်း ကျွမ်းကျင်သူမဟုတ်ကြသည့်သူများမှ သတင်းမှားများအား ဖြန့်ချီမှုများမှာ လတ်တလောလမ်းကြောင်းပေါ်၌ရှိနေကြောင်း Habib က မီးမောင်းထိုး ပြောကြားခဲ့ပြီး လူအများအနေဖြင့် သတင်းမှားဖြန့်ချီသော အင်တာနက်ပေါ်မှ ဗီဒီယိုများအား ကြည့်မည့် အစား တိကျမှန်ကန်သည့်အချက်အလက်တွေရရှိစေရန် အစိုးရ၏တရားဝင်အရင်းအမြစ်တွေကို အားကိုးရမည်ဖြစ်သည့်အပြင် မဝေးတော့သောအနာဂတ်အတွက် မိုးလေဝသခန့်မှန်းချက်များမှာ တရားဝင်အရင်းအမြစ်များမှာ အတိကျဆုံးဖြစ်ကြောင်း အသိအမှတ်ပြုရန် အရေးကြီးကြောင်းကို Habib က ထပ်လောင်းပြောကြားခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: khaeejtimes.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News