International News

ASEAN အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများကြားတွင် ဒေသတွင်းကုန်သွယ်ရေးကို ဆက်လက်လှုပ်ရှားနိုင်စေရန် သဘောတူညီခဲ့

Last Updated:

ASEAN အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများကြားတွင် ဒေသတွင်းကုန်သွယ်ရေးကို ဆက်လက်လှုပ်ရှားနိုင်စေရန် သဘော တူညီခဲ့ကြောင်းသိရသည်။ ယခုကာလတွင် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကြောင့် supply chain မပြတ်တောက်စေရန် အရေးကြီးလာခဲ့သည်။

အဆိုပါသဘောတူညီချက်အရ ASEAN နိုင်ငံများသည် အစားအစာ၊ လောင်စာနှင့်အခြေခံကုန်ပစ္စည်းများကို အနှောင့်အယှက်မရှိဆက်လက် တင်သွင်းတင်ပို့နိုင်စေရန် အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားမည်ဖြစ်သည်။ ထို့ပြင် ကုန်သွယ်ရေးပိတ်ဆို့မှုများမပြုလုပ်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထောက်ပံ့ရန်လည်း သဘောတူညီခဲ့ကြသည်။

ဒေသတွင်းစီးပွားရေးတည်ငြိမ်မှုကိုထိန်းသိမ်းရန်အတွက် supply chain resilience ကို တိုးမြှင့်ရန်အရေးကြီးကြောင်း သုံးသပ်သူများက ဖော်ပြထားသည်။ ယင်းသည် အထူးသဖြင့် အစားအစာလုံခြုံရေးနှင့် စွမ်းအင်လုံခြုံရေးတို့အတွက် အရေးပါသည်။

မြန်မာနိုင်ငံအတွက်လည်း ယင်းသဘောတူညီချက်သည် အရေးကြီးသောအခွင့်အလမ်းတစ်ခုဖြစ်နိုင်ပြီး ASEAN framework အတွင်း ပြန်လည်ပါဝင်နိုင်ပါက ဒေသတွင်းကုန်သွယ်ရေးလမ်းကြောင်းများမှ အကျိုးခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။ သို့သော် ယင်းအခွင့်အလမ်းများကို အပြည့်အဝအသုံးချနိုင်ရန် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးမူဝါဒများ ၏တည်ငြိမ်မှုအရေးကြီး နေသည်။

Source : Bangkok Post

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News