တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ထွန်းသစ်စလုပ်ငန်းကဏ္ဍ(၈)ခုနှင့် အနာဂတ်စက်မှုလုပ်ငန်းကဏ္ဍ(၉)ခုတို့တွင် ခိုင်မာသော တိုးတက်မှုအရှိန်အဟုန်ကို မြင်တွေ့ခဲ့ရပြီး၊ ယင်းကဏ္ဍများတွင် ကုမ္ပဏီသစ် (၁.၁၃)ခန့်တည်ထောင်နိုင်ခဲ့ကာ ယခင်နှစ်ထက် (၉.၉)ရာခိုင်နှုန်းတိုးလာကြောင်း တရားဝင် အချက်အလက်များ၌ ဖော်ပြထားသည်ဟု သိရသည်။
၎င်းတို့အနက် လူသားပုံစံစက်ရုပ်များ၊ အရပ်ဘက်လေကြောင်းနှင့် ဉာဏ်ရည်တုကဲ့သို့သော ခေတ်မီနယ်ပယ်အချို့၌ သိသာထင်ရှားသော တိုးတက်မှုကို တွေ့မြင်ခဲ့ရသည်ဟု ဈေးကွက်စည်းမျဉ်း ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က အဖွဲ့အစည်းအသစ်(၂၅.၇၅)သန်းနီးပါးမှတ်ပုံတင်ခဲ့ကာ ၎င်းတို့အနက် စီးပွားရေးလုပ်ငန်းပေါင်း(၉.၅) သန်းနှင့် ကိုယ်ပိုင်လုပ်ငန်းပေါင်း(၁၆.၁၉)သန်းပါဝင်သည်ဟု အစိုးရ အဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။
စားသုံးမှုကဏ္ဍတွင်လည်း အလားအလာကောင်းများပြသခဲ့ပြီး ဉာဏ်ရည်ထက်မြက်သော လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးသည့် အဖွဲ့အစည်းအရေအတွက်သည် ၂၀၂၅ ခုနှစ်တွင် (၇၈,၀၀၀)ခန့်အထိရောက်ရှိခဲ့ပြီး အသစ်တည်ထောင်ခဲ့သော အဖွဲ့အစည်း(၅,၀၀၀)ခန့်ရှိကြောင်း သိရသည်။
ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းအသစ်(၃.၃)သန်းထပ်မံတိုးလာပြီး ယခင်နှစ်ကထက် (၁၂.၂)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ငွေထည်နှင့်ဆက်စပ်သောကဏ္ဍများတွင် လုပ်ငန်းပေါင်း (၆၈,၀၀၀)ခန့်ထပ်မံတိုးလာပြီး ယခင်နှစ်ထက် (၁၇.၁)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သိရသည်။
ဈေးကွက်စည်းမျဉ်းထိန်းသိမ်းရေးအာဏာပိုင်များသည် ဈေးကွက်ဝင်ရောက်ခွင့်နှင့် ထွက်ခွင့်အစီအမံများကို ဆက်လက်ပြုပြင်မွမ်းမံသွားမည်ဖြစ်ပြီး၊ တရားမျှတသော ယှဉ်ပြိုင်မှုပတ်ဝန်းကျင်ကို မြှင့်တင်ပေးမည်ဖြစ်ကာ စီးပွားရေးလုပ်ငန်းများအတွက် အစိုးရဝန်ဆောင်မှုများကို အကောင်းဆုံးဖြစ်စေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဤနည်းဖြင့် ဈေးကွက်အဖွဲ့အစည်းအမျိုးအစားအားလုံး၏ တက်ကြွမှုကို ပိုမိုလှုံ့ဆော်ပေးမည်ဖြစ်ကြောင်း သိရသည်။
Source: https://en.people.cn/n3/2026/0227/c90000-20429016.html
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)