ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်သွင်းခြင်းမှကောက်ခံရရှိသည့် အခွန်ရရှိငွေများ၏ရာခိုင် နှုန်းအချို့ကို Rice Competitiveness Enhancement Fund-RCEF ထဲသို့ နှစ်စဉ်လွှဲပြောင်းထည့်ဝင်ပြီး ပြည်တွင်းရှိဆန်တောင်သူများအား ငွေကြေးထောက်ပံ့ပေးခြင်း၊ လိုအပ်သည့်စိုက်ပျိုးကိရိယာများ၊ သွင်းအားစုများဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးနေသည့်နည်းတူ အဆိုပါပုံစံအတိုင်း ဖိလစ်ပိုင်နိုင်ငံ၏ ကော်ဖီနှင့် သကြားကဏ္ဍကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားရန် အဆိုပြုတင်ပြထားသည့် ဥပဒေပြဋ္ဌာန်းချက်အား လာမည့် ၂၀ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် သဘောတူအတည်ပြုပေးနိုင်ခြင်းရှိ၊မရှိ The Philippines Chamber of Agriculture and Food, Inc.(PCAFI)မှ မေးမြန်းထားပါကြောင်း ဖော်ပြပါရှိပါသည်။
အကောက်ခွန်ကောက်ခံရရှိမှုသည် တင်သွင်းသည့်ကုန်ပစ္စည်းအလိုက်သက်ဆိုင် ရာကဏ္ဍအသီးသီးအတွက် အထောက်အပံ့ဖြစ်စေရန်မှာ လိုအပ်ပါကြောင်း စိုက်ပျိုး ရေးတောင်သူအုပ်စုအသီးသီးမှ ထုတ်ဖော်ပြောကြားထားပါသည်။ RCEF ပုံစံသည် လွန်စွာကောင်းမွန်ပြီး စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ထည့်သွင်းစဉ်းစားသင့်သည့် အချက်တစ်ချက်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။
အစိုးရ၏ ထောက်ပံ့မှုအနည်းငယ်သာရရှိသည့် ကော်ဖီ၊ သကြား၊ ဆေးရွက်ကြီးနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော ကုန်စည်များအတွက် မြှင့်တင်ရေးရန်ပုံငွေ (Enhancement Fund)ကဲ့သို့ရှိရန်မှာ လိုအပ်ပါကြောင်း၊ ထိုမှသာ သက်ဆိုင်ရာကဏ္ဍအလိုက် တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း PCAFI မှ ပြောကြားထားသည်ကို တွေ့ရှိရပါသည်။ Minimum Access Volume (MAV)အတိုင်းတင်သွင်းခွင့်ရှိသည့် ကုန်ပစ္စည်းများတင်သွင်းမှုမှ ကောက်ခံရရှိသည့် အခွန်ငွေများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက သက်တမ်းကုန်ဆုံးခဲ့သည့် Agricultural Competitiveness Enhancement Fund အရ ပြည်တွင်းရှိ စိုက်ပျိုး ရေးတောင်သူများထံသို့ ထောက်ပံ့ပေးရန် လျာထားခဲ့ခြင်းအစား အထွေထွေရန်ပုံ ငွေသို့ လွှဲပြောင်းထည့်သွင်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
အဆိုပြုတင်ပြထားသည့် Animal Industry Development and Competitiveness Act အား အတည်ပြုလက်မှတ်ထိုးရန် တွန်းအားပေးဆောင်ရွက်နိုင်မည်ဆိုပါက ကြက်၊ ဝက် မွေးမြူရေး၊ နို့နှင့် နို့ထွက်ပစ္စည်းများထုတ်လုပ်ရေးနှင့် ပြောင်းလုပ်ငန်းကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေထဲသို့ ပီဆို ၂၀ ဘီလီယံထိ ထည့်ဝင်ပေးနိုင်မည်ဖြစ်ပါသည်။ လွန်ခဲ့သောဆယ်စုနှစ်ကာလများက ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်ပြီး ဆောင်ရွက်နေသည့် အဆိုပါကဏ္ဍများတွင် African Swine Fever(ASF) ကျရောက်ခဲ့ခြင်းကြောင့် ဆုံးရှုံးမှုများပေါ်ပေါက်ခဲ့ခြင်းအပေါ် အစိုးရအနေဖြင့် ပြန်လည်ကုစားရေးဆောင်ရွက်ပေးခြင်းလည်း ဖြစ်စေပါကြောင်း ဖော်ပြပါရှိပါသည်။
နောက်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဝက်သား၊ ကြက်သား၊ ပြောင်းတင်သွင်းမှုကို MAV စနစ်ဖြင့် တင်သွင်းရေး ထပ်လောင်းဆွေးနွေးသွားရန် လိုအပ်ပါကြောင်း၊ လက်ရှိတွင် အဆိုပါကုန်ပစ္စည်းများတင်သွင်းခြင်းကို MAV စနစ်ဖြင့်တင်သွင်းရန်သတ်မှတ်ထားသော်လည်း ဈေးကွက်တွင်းတွင် သတ်မှတ်ထားသည့်ပမာဏထက် ပိုမိုတင်သွင်းနေကြသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် in quota- out quota စနစ်ဖြင့်တင်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းအများစုမှာလည်း MAV စနစ်ဖြင့် တင်သွင်းရာတွင် ကောက်ခံသည့် အခွန်နှုန်းထားများဖြင့် နှုန်းထားပြိုင်တင်သွင်းနေမှုများလည်းရှိနေကြောင်း PCAFI မှ ပြောကြားထားပါသည်။ တင်သွင်းသည့်ပမာဏမှာလည်း MAV စနစ်ဖြင့် တင်သွင်းခြင်းထက် ၁၅ ဆခန့်ထိ ပိုမိုကျော်လွန်တင်သွင်းထားကြောင်းကိုလည်း တွေ့ရှိရပါကြောင်း ဖော်ပြပါရှိပါသည်။
ထို့ပြင် African Swine Fever နှင့် Avian Influenza တို့ကဲ့သို့သောရောဂါပိုးမွှားများတိုက်ဖျက်ရေးအပါအဝင် ကာကွယ်ဆေးများကို ကိုယ်ပိုင်ထုတ်လုပ်နိုင်သည်အထိ စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် အစီအစဉ်များဖော်ဆောင်ပေးနိုင်ရေး Virology Center များကို တည်ထောင်ပေးသွားရန်လည်း အဆိုပြုတင်ပြထားပါကြောင်း၊ ၆၉ နှစ်တာ သက်တမ်းရှိ The Livestock and Poultry Feeds Act တွင်လည်း ခေတ်နှင့်လျော်ညီစွာ Aquaculture, game animals, companion animals ဆိုင်ရာ ကိစ္စရပ်များလွှမ်းခြုံပါဝင်စေရေး ပြင်ဆင်ရေးဆွဲပေးစေလိုကြောင်းကိုလည်း PCAFI မှ အဆိုပြုတင်ပြထားသည် ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)