ထိုင်းသံမဏိလုပ်ငန်းရှင်များသည် တရုတ်နိုင်ငံမှ ဈေးနှုန်းချိုသာသော Steel Imports များ အများအပြားဝင်ရောက်လာမှုကြောင့် ပြင်းထန်သော စီးပွားရေးဖိအားများနှင့် ရင်ဆိုင်နေရကြောင်း Bangkok Post တွင်ဖော်ပြထားသည်။ Chinese steel producers များသည် Domestic Oversupply နှင့် Weak Demand ပြဿနာများကြောင့် ပြည်ပဈေးကွက်များသို့ ဈေးနှုန်းလျှော့ကာ Export တိုးမြှင့်နေပြီး Thailand အပါအဝင် ASEAN Markets များတွင် Local Producers များ၏ Market Share ကို ထိခိုက်စေခဲ့သည်။
ထိုင်းနိုင်ငံစတီးထုတ်လုပ်ရေးလုပ်ငန်းရှင်များက Anti-Dumping Measures နှင့် Import Controls များပိုမိုတင်းကြပ်စေရန် အစိုးရထံ တောင်းဆိုနေကြသည်။ လက်ရှိအခြေအနေ ဆက်လက်ဖြစ်ပေါ်နေပါက ပြည်တွင်းစက်ရုံများ၏ ထုတ်လုပ်နိုင်မှုစွမ်းရည်လျော့နည်းလာနိုင်ပြီး အလုပ်အကိုင် ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။ ထို့အပြင် Chinese imports များ၏ ဈေးနှုန်းယှဉ်ပြိုင်မှုကြောင့် ထိုင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတစ်ခုလုံးအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ ASEAN ဒေသတွင် China ၏ Industrial Export Expansion သည် လာမည့်နှစ်များအတွင်း ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း ခန့်မှန်းထားကြသည်။
Source : Bangkok Post
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)