International News

ထိုင်းနိုင်ငံသည် Liquefied Natural Gas(LNG)ပြတ်လပ်မှုအန္တရာယ်ကို ကာကွယ်နိုင်ရန် အရေးပေါ်စီမံချက်များ ပြင်ဆင်နေ

Last Updated:

ထိုင်းနိုင်ငံ၏ Energy Regulatory Commission (ERC) သည် ကမ္ဘာလုံးဆိုင်ရာ Geopolitical Tensions များကြောင့် ဖြစ်ပေါ်လာနိုင်သည့် Liquefied Natural Gas(LNG)ပြတ်လပ်မှုအန္တရာယ်ကို ကာကွယ်နိုင်ရန်အရေးပေါ်စီမံချက်များပြင်ဆင်နေကြောင်း Bangkok Post က ဖော်ပြခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော တင်းမာမှုများကြောင့် LNG Supply Chain အပေါ် သက်ရောက်မှုရှိလာနိုင်ပြီး ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက LNG အပေါ် အလွန် အမင်းမှီခိုနေရခြင်းကြောင့် Energy Security ပြဿနာများဖြစ်ပေါ်လာနိုင်သည်ဟု ERC က သတိပေးထားသည်။

ERC သည် LNG Import Diversification, Strategic Gas Reserves တိုးချဲ့ခြင်းနှင့် Alternative Energy Sources အသုံးပြုမှုတိုးမြှင့်ရေးတို့ကိုဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် LNG Spot Market Price မတည်ငြိမ်မှုများကြောင့် လျှပ်စစ်ဈေးနှုန်းမြင့်တက်လာနိုင်ခြင်းကိုလည်း စိုးရိမ်နေကြသည်။ စီးပွားရေးလေ့လာသူများအဆိုအရ ထိုင်းနိုင်ငံသည် Renewable Energy Sector ကို ပိုမိုတိုးချဲ့နိုင်ပါက LNG Import Dependence ကို လျှော့ချနိုင်မည်ဖြစ်ပြီး ရေရှည် Energy Security အတွက် အထောက်အကူဖြစ်လာနိုင်ကြောင်း သုံးသပ်ထား သည်။

Source : Bangkok Post

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News