International News

တရုတ်နိုင်ငံက ထိုင်းနိုင်ငံ၏ သကြားအခြေခံထုတ်ကုန်များအပေါ် တင်သွင်းမှုပိတ်ပင်ခဲ့

Last Updated:

ထိုင်းနိုင်ငံရှိ သကြားအခြေခံထုတ်လုပ်သည့် စက်ရုံ ၁၀ ရုံသည် တရုတ်နိုင်ငံမှ နောက်ဆုံးသတ်မှတ်ထားသော ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာ ရေးဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီသည်ကို တရုတ်အာဏာပိုင်များမှ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ထိုင်း Syrupsနှင့်သကြားရောနှောထားသော ထုတ်ကုန်များအားလုံးကို တရုတ်နိုင်ငံသို့ တင်သွင်းမှုပိတ်ပင်ခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “China bans import of sugar-based products” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ယင်းဆုံးဖြတ်ချက်ကြောင့် ထိုင်းနိုင်ငံ သကြားစက်ရုံကဏ္ဍတွင် အများအပြားပိတ်သိမ်းမှုအပေါ် စိုးရိမ်မှုမြင့်တက်လျက်ရှိကြောင်း၊ ကန့်သတ်မှု သည် ဇူလိုင်လမှ စက်တင်ဘာလအတွင်း စက်ရုံများစစ်ဆေးမှုပြီးနောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု General Administration of Customs of China(GACC)က ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ စစ်ဆေးမှုကို ထိုင်းနိုင်ငံစိုက်ပျိုးရေးကုန်စည်နှင့် အစားအစာစံနှုန်းများဗျူရိုက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ထိန်းချုပ်မှုများ မလုံလောက်မှုနှင့် ထုတ်လုပ်မှုနှင့် စီမံခန့်ခွဲမှုဧရိယာတွင် ဇုန်နေရာမလုံလောက်မှုကြောင့်ဖြစ်ကြောင်း၊ စံနှုန်းပြည့်မီရန် အဓိကရင်းနှီးမြှုပ်နှံမှုများရှိနေသော်လည်း GACC ၏စာရင်းစစ်ကို စစ်ဆေးထားသော မည်သည့်စက်ရုံမျှ မအောင် မြင်ပါကြောင်း၊ ပို့ကုန်လမ်းကြောင်းအားလုံးကို ပိတ်သိမ်းမှုသည် စက်ရုံအတွက် ကုန်ကျစရိတ်ဘတ်ငွေ ဘီလီယံရှိနိုင်ကြောင်း၊ GACC သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း အခွန်ကုဒ် ၂ ခုအောက်မှ Syrup နှင့် သကြားအရောပါသော သွင်းကုန်ကို ရပ်ဆိုင်းထားခဲ့ပါကြောင်း၊ အောက်တို ဘာလ ၂၇ ရက်နေ့မှ စတင်အသက်ဝင်သည့် အမိန့်စာအသစ်သည် ထုတ်ကုန်ကုဒ် ၄ ခုကို လွှမ်းခြုံထားရာ Syrup ပုံစံမျိုးစုံ၊ သကြားအရောများနှင့် ဆက်စပ်ထုတ်ကုန်များဖြစ်ပြီး ထိုင်းထုတ်လုပ်သူများအတွက် အသစ်မှတ်ပုံတင်ခြင်းကိုလည်း ဆိုင်းငံ့ထားပါကြောင်း သကြားထုတ်ကုန်အသင်းဥက္ကဋ္ဌ Mr.Todsaporn Ruangpattananont က ပြောကြားခဲ့သည်။

တရုတ်သည် အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်နေသောကြောင့် အသင်း အဖွဲ့ဝင်ကုမ္ပဏီ ၄၇ ခုသည် ဆုံးရှုံးနိုင်ခြေအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ပိတ်ပင်ထားမှုသည် ရှည်ကြာနေမည်ဆိုပါက တရုတ်ဈေးကွက် သည် အပြင်းအထန်ခက်ခဲနေသောကြောင့် အခြားသောဈေးကွက်ရှာဖွေရမည်ဖြစ်ရာ စက်ရုံ ၃ ရုံမှ ၄ ရုံခန့်သာ နှစ်ကုန်ပိုင်းအထိ လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ထိုင်းသကြား စက်ရုံကဏ္ဍမှ နှစ်စဉ်သကြားတန်ချိန် ၃.၆ တန်ဝယ်ယူလျက်ရှိကြောင်း Mr. Todsaporn က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News