အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ကာ ရေလမ်းကြောင်း ပိတ်ဆို့မှုကို ပြန်လည်ဆောင်ရွက်မည်ဟု (၈-၇-၂၀၂၆ ရက်)တွင် ပြောကြားခဲ့ပြီးနောက် ရေနံဈေးနှုန်းများမြင့်တက်သွားခဲ့ကြောင်း၊ အမေရိကန်ရေနံစိမ်းအမျိုးအစားဖြစ်သည့် West Texas Intermediate ၏ဈေးနှုန်းသည် ၇% မြင့်တက်ခဲ့ပြီး ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၇၅.၃၈ သို့ရောက်ရှိခဲ့ကာ နိုင်ငံတကာစံညွှန်းဖြစ်သည့် Brent Crude ရေနံစိမ်းဈေးနှုန်းသည် ၇.၄% မြင့်တက်ခဲ့ပြီး ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၇၉.၆၅ သို့ရောက်ရှိခဲ့ကြောင်း၊ ဟော်မုဇ်ရေလက်ကြားတွင် ကုန်စည်ပို့ဆောင်သည့်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အီရန်နိုင်ငံအပေါ် ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံသည် ၇-၇-၂၀၂၆ ရက်တွင် အီရန်နိုင်ငံကို ဗုံကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်သမ္မတက အီရန်နိုင်ငံကို ထပ်မံဗုံးကြဲမည်ဟုခြိမ်းခြောက်ခဲ့ကာ ဆိပ်ကမ်းများနှင့် သင်္ဘောများအပေါ် အမေရိကန်၏ရေလမ်းကြောင်းပိတ်ဆို့မှုကို ပြန်လည်ချမှတ်မည်ဟုလည်းပြောကြားခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မည်ဖြစ်ပြီး ပြန်လည်တိုက်ခိုက်မှုများဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အီရန်နိုင်ငံအား ၎င်း၏ ရေနံရောင်းချခွင့်ပြုထားသည့် ကင်းလွတ်ခွင့်ကို ၇-၇-၂၀၂၆ ရက်တွင် ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)