International News

ကွန်တိန်နာသယ်ယူပို့ဆောင်ရေးအတွက် နျူကလီးယားဓာတ်ပေါင်းဖိုပါဝင်သည့် ရေပေါ်ကျွန်းကို တရုတ်ဒီဇိုင်းရေးဆွဲနေ

Last Updated:

တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ Jiangnan Shipyard သည် နျူကလီးယားစွမ်းအင်စနစ်တပ်ဆင်ထားသော ရေပေါ်ကျွန်း (Floating Island)စီမံကိန်းကို မိတ်ဆက်ပြသခဲ့ပြီး၊ ယင်းစနစ်ကို ကွန်တိန်နာများပြန်လည်တင်ဆောင်လွှဲပြောင်းသည့် ဆိပ်ကမ်း(Transshipment Terminal) အဖြစ် အသုံးပြုသွားမည်ဖြစ် ကြောင်းသိရသည်။ ယင်းအကြောင်းကို South China Morning Post က ဖော်ပြခဲ့သည်။

အဆိုပါရေပေါ်ပလက်ဖောင်းသည်သမုဒ္ဒရာအတွင်း ကွန်တိန်နာသယ်ယူ ပို့ဆောင်ရေးအတွက် ကာဗွန်ထုတ်လွှတ်မှုသုည(Zero Emission)ဖြစ်သော ပြည့်စုံသညဂေဟစနစ်တစ်ခုအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး၊ ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကဏ္ဍအား ကာဗွန်ကြားနေရေး(Carbon Neutrality)သို့ ကူးပြောင်းနိုင်ရန် ကူညီပေးမည်ဖြစ်သည်။

ယင်းဆိပ်ကမ်း၏ အဓိကစွမ်းအင်ရင်းမြစ်မှာ Molten Salt Reactors (MSR)ဟုခေါ်သော အရည်ပျော်ဆားအသုံးပြုနျူကလီးယားဓာတ်ပေါင်း ဖိုများဖြစ်သည်။

ပလက်ဖောင်းပေါ်တွင် နျူကလီးယားဓာတ်ပေါင်းဖိုအပြင် နေရောင် ခြည်စွမ်းအင်သုံးဆိုလာပြားများ၊ လေစွမ်းအင်ထုတ်လုပ်စက်များ၊ ဟိုက် ဒရိုဂျင်ထုတ်လုပ်ရေးမော်ဂျူး၊ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် လောင်စာဆီထုတ်လုပ်ရေးစနစ်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်တို့ကိုလည်း တပ်ဆင်ထားမည်ဖြစ်သည်။

ယင်းဆိပ်ကမ်းကို တိုက်ကြီးများအကြား ရေကြောင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့် ကမ်းရိုးတန်းပို့ဆောင်ရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ရန် ဒီဇိုင်းရေးဆွဲထားပြီး၊ လျှပ်စစ်ဓာတ်အားနှင့် ကာဗွန်ကင်းစင်သောလောင်စာများကို ထုတ်လုပ်ပေးမည်ဖြစ်သည်။ ထို့အပြင် အကွာအဝေးတိုသွားလာသည့် လျှပ်စစ်စွမ်းအင်သုံးသင်္ဘောများအား အားသွင်းပေးနိုင်ရန်လည်း ရည်ရွယ်ထားသည်။

Bottom of Form

Source:   : https://www.angi.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News