International News

ဟော်မုဇ်ရေလက်ကြားတွင် ဖြတ်သန်းသွားလာမည့် သင်္ဘောများအပေါ် အခကြေးငွေကောက်ခံမည့် အစီအစဉ်ပြန်လည်ရုပ်သိမ်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည်  ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများဖြတ်သန်းသွားလာမှုအပေါ် အခကြေးငွေကောက်ခံမည့်ကိစ္စကို ၁၃-၇-၂၀၂၆ ရက်က ၎င်းပိုင်လူမှုကွန်ရက်ဖြစ်သည့် “Truth Social” ၌ရေးသားဖော်ပြခဲ့ပြီးနောက် ၁၄-၇-၂၀၂၆ ရက်တွင် ယင်းအခကြေးငွေ ကောက်ခံမည့်အစီအစဉ်အစား ပင်လယ် ကွေ့နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များဆောင်ရွက်ခြင်းကို အစားထိုးသွားမည်ဖြစ်ကြောင်း “Truth Social” ၌ ထပ်မံရေးသားဖော်ပြခဲ့ပါ သည်။ ဟော်မုဇ်ရေလက်ကြားကို အီရန်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများမှ သင်္ဘောများသွားလာမှုများအတွက် ဖွင့်လှစ်ပေးထားကြောင်း၊ ပိတ်ဆို့မှုများဆောင်ရွက်ရာတွင် အီရန်ဆိပ်ကမ်းများသို့ ဝင်ထွက်သွားလာသည့်သင်္ဘောများနှင့် အီရန်နိုင်ငံမှ ကုန် ပစ္စည်းများနှင့်ပတ်သက်သည့် သင်္ဘောများကိုသာ ကန့်သတ်သွားမည်ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားသည့် ကုန်ပစ္စည်းများအပေါ်တွင် ၂၀% အခ ကြေးငွေကောက်ခံခြင်းအစား ပင်လယ်ကွေ့နိုင်ငံများက အမေရိကန်နိုင်ငံတွင် ပြုလုပ်မည့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များဖြင့် အစားထိုးရန်ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ပမာဏအလွန်ကြီးမားသော်လည်း အနာဂတ်အတွက် အထူးကောင်းမွန်ကြောင်း၊ အမေရိကန် နိုင်ငံတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုများရှိပြီးဖြစ်သော်လည်း ယခုရင်းနှီးမြှုပ်နှံမှုအသစ်များသည် လက်ရှိရင်းနှီးမြှုပ်နှံမှုများကို တိုးတက်စေမည်ဖြစ်ကာ စက်ရုံများ၊ စက်ယန္တရားများနှင့်စက်ပစ္စည်းကိရိယာများ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက် လာမည်ဖြစ်၍ အမေရိကန်အလုပ်သမားများအတွက် လုပ်ခလစာမြင့်မားသည့် အလုပ်အကိုင်သန်းပေါင်းများစွာကို ထပ်မံဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ရေးသားဖော်ပြခဲ့ပါသည်။

Source: Truth Social

(ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News