International News

၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

ပြည်တွင်းစားသုံးမှုမြင့်တက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ အဆိုပါသတင်းတွင် QUICK မှ စစ်တမ်းကောက်ယူခဲ့ရာတွင် စီးပွားရေးပညာရှင်များက ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ်ကာလ တွင် ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂.၃ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်ထက်ပင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ  ပိုမိုများပြားခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ်ကာလတွင် ဂျပန်နိုင်ငံ၏ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂.၃ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် ၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်ကာလတွင် ၀.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံ၏ လစာနှုန်းထားများမှာ ၁.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးနောက် ဂျပန်ဗဟိုဘဏ်မှ မူဝါဒများပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး၊ အစိုးရငွေချေးစာချုပ်ဝယ်ယူမှုကို တဖြည်းဖြည်းလျှော့ချသွားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ၏နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ မြင့်တက် လာရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ဂျပန်ဗဟိုဘဏ်၏ သတ်မှတ်ရည်မှန်းနှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ပြီး ၂.၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ပုဂ္ဂလိက၏ ဝယ်ယူသုံးစွဲနိုင်စွမ်းမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ်ကာလတွင် ပထမ ၃ လပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၌ မော်တော်ယာဉ်အသစ်များရောင်းချရမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂျပန်အစိုးရမှ တစ်ဦးလျှင် တစ်ကြိမ်အခွန်ပေးဆောင်ရမည့်ငွေမှ ယန်း ၄၀,၀၀၀(အမေရိကန်ဒေါ်လာ၂၇၀)လျှော့ချပေးဆောင်ခွင့်ပြုပြီးနောက် ပုဂ္ဂလိက၏ဝယ်ယူသုံးစွဲနိုင်စွမ်းမှာ မြင့်မားလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News