International News

ရုရှားနိုင်ငံ၏ ဓာတ်မြေဩဇာတင်ပို့မှု ပထမ(၆)လအတွင်း ၈ ရာခိုင်နှုန်းတိုးမြှင့်

Last Updated:

ရုရှားနိုင်ငံမှ ကုမ္ပဏီများသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်လအတွင်း ဓာတ်မြေ ဩဇာတင်ပို့မှုသည် ပမာဏအားဖြင့် တန်ချိန် ၂၂.၇ သန်းအထိရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းတိုးမြှင့်လာခဲ့ကြောင်း ရုရှားဓာတ်မြေဩဇာထုတ်လုပ်သူများအသင်း(Russian Association of Fertilizer Producers- RAFP)မှ သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံ၏ ဓာတ်သတ္တုဓာတ်မြေသြဇာထုတ်လုပ်နိုင်မှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၆၅ သန်းအထိ၊ ၃ ရာခိုင်နှုန်းတိုးတက်လာနိုင်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မှု သည် တန်ချိန် ၄၄ သန်းအထိ၊ ၅ ရာခိုင်နှုန်းတိုးတက်လာနိုင်ကြောင်း အဆိုပါအသင်း၏ဥက္ကဋ္ဌ Mr. Andrey Guryev က အစောပိုင်းတွင် ပြောကြားခဲ့သည်။ ယင်းပမာဏနှစ်ခုလုံးသည် စံချိန်အသစ်တင်နိုင်ဖွယ်ရှိသည်။

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ဓာတ်မြေသြဇာထုတ်လုပ်နိုင်မှုသည် တန်ချိန် ၆၃ သန်းရှိခဲ့ပြီး တင်ပို့နိုင်မှုသည် တန်ချိန် ၄၂ သန်းအထိစံချိန်တင်မှတ်တမ်းရရှိခဲ့သည်။

ရုရှားနိုင်ငံမှ ဓာတ်မြေဩဇာအဓိကတင်ပို့သောနိုင်ငံများမှာ ဘရာဇီး၊ အိန္ဒိယ၊ အမေရိကန်၊ တရုတ်၊ မက္ကဆီကို၊ အင်ဒိုနီးရှား၊ တူကီယဲ၊ ပြင်သစ်၊ ဂျာမနီ၊ မလေးရှား စသည့်နိုင်ငံများကြောင်း သိရ သည်။

Source :        https://tass.ru/ekonomika/24516389

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News