ကမ္ဘောဒီးယား၏ လတ်ဆတ်သောဒူးရင်းသီးသည် တရုတ်ဈေးကွက်သို့တင်ပို့ခွင့်ရရှိသည့် ပဉ္စမမြောက်သစ်သီးဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဝမ်ဝမ်ဘင်(Wang Wenbin)က ၆-၇-၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မကြာသေးမီက တရုတ်နိုင်ငံအကောက် ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့(General Administration of Customs of China -GACC)သည် ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် သစ်သီးများအတွက် မှတ်ပုံတင်ထားသော သစ်သီးခြံများစာရင်းနှင့် သစ်သီးထုပ်ပိုးသည့် စက်ရုံများစာရင်းကို အသစ်ပြင်ဆင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါစာရင်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့မည့် လတ်ဆတ်သောဒူးရင်းသီးများအတွက် မှတ်ပုံတင်ထားသည့် သစ်သီးခြံများနှင့် စက်ရုံများစာရင်းကို ထည့်သွင်းဖော်ပြထားသဖြင့် ယင်းသည် ကမ္ဘောဒီးယားဒူးရင်းသီးများ၏ တရုတ်ဈေးကွက်သို့ တင်ပို့ရန်လိုအပ်သော လုပ်ငန်းစဉ်များ အားလုံးပြီးမြောက်ပြီးဖြစ်သည်ဟု ညွှန်ပြနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒူးရင်းသီးသည် ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိသည့် ကမ္ဘောဒီး ယား၏ပထမဆုံး အရည်အသွေးမြင့်စိုက်ပျိုးရေးထွက်ကုန်ဖြစ်ပြီး တရုတ်-ကမ္ဘော ဒီးယား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု၏ နောက်ထပ်အောင်မြင်မှုတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။
ယခုအချိန်အထိ ကမ္ဘောဒီးယားမှ တရုတ်နိုင်ငံသို့တင်ပို့နိုင်သည့် သစ်သီး ၅ မျိုးရှိပြီး ၎င်းတို့မှာ ငှက်ပျောသီး၊ သရက်သီး၊ နှင်းသီး(longans)၊ အုန်းသီးနှင့် ဒူးရင်းသီးတို့ဖြစ်ကြသည်။
အရင်းမြစ်။ https://en.people.cn/n3/2025/0709/c90000-20337954.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)