International News

အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်အတွင်း ယူအေအီးတရုတ်ကုန်သွယ်ရေးဆက်ဆံရေးကို Etihad Credit Insurance က ခိုင်မာစေနိုင်ခဲ့

Last Updated:

ယူအေအီးနိုင်ငံ၏ တရားဝင်ပို့ကုန်ချေးငွေအေဂျင်စီတစ်ခုဖြစ်သည့် Etihad Credit Insurance (ECI)သည် H.H. Sheikh Theyab bin Mohamed bin Zayed Al Nahyan ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်အတွင်း ယူအေအီးနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ မဟာဗျူဟာမြောက်ကုန်သွယ်ရေးမိတ်ဖက်အဖြစ် ခိုင်မာစေခဲ့ပါသည်။

ဤခရီးစဉ်သည် ကြီးထွားလာနေသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအား မီးမောင်းထိုးပြခဲ့ပြီး ယူအေအီးပို့ကုန်လုပ်ငန်းရှင်များကို ပံ့ပိုးပေးသည့် ECI ၏အခန်းကဏ္ဍကို ဖော်ထုတ်ပြသနိုင်ခဲ့ပါသည်။

အဆိုပါယူအေအီးကိုယ်စားလှယ်အဖွဲ့သည် ၈ ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ပြပွဲ(CIIE)၊ တရုတ်-ယူအေအီးစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးညီလာခံနှင့် AIM China Chapter ၂၀၂၅ တို့ကို တက်ရောက်ခဲ့ပါသည်။ ECI သည် ၎င်း၏ ကုန်သွယ်ရေးခရက်ဒစ်အာမခံဖြေရှင်းချက်များ၊ ဈေးကွက်ထောက်လှမ်း ရေးနှင့် အန္တရာယ်လျှော့ချရေးဝန်ဆောင်မှုများကို CIIE တွင် ကိုယ်စား လှယ်များနှင့် စီးပွားရေးလုပ်ငန်းများထံသို့ တင်ပြခဲ့ပြီး လုံခြုံပြီးအသိပေး ထားသည့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေမည့် ၎င်း၏စွမ်းရည်အပေါ် အလေးပေးပြောကြားခဲ့ပါသည်။

ECI ၏အမှုဆောင်အရာရှိချုပ် Raja Al Mazrouei က တရုတ်-ယူအေအီးစီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးညီလာခံအတွင်း 'ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် အဆင့်မြင့်ထုတ်လုပ် မှု'ဆိုင်ရာ ဆွေးနွေးပွဲတွင်ပါဝင်တက်ရောက်ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအတွက် ဝင်ပေါက်တစ်ခုအဖြစ် ယူအေအီးနိုင်ငံ ၏ရပ်တည်ချက်ကို ၎င်းက မီးမောင်းထိုးဖော်ပြခဲ့ပြီး SME များနှင့် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီပေါင်း ၄၀၀ သန်းကျော်တို့ကို ချိတ်ဆက်ပေးသည့် ECI ၏အခန်းကဏ္ဍကို ဖော်ပြခဲ့ပြီး ဝယ်သူများ၊ ပေးသွင်းသူများနှင့် ကုန်သွယ်မှုအခွင့်အလမ်းအသစ်များကို ဖော်ထုတ်ရာတွင် ၎င်းတို့အား ပံ့ပိုးပေးခဲ့ပါသည်။

Al Mazrouei က ကုန်သွယ်ရေးအာမခံနှင့် ပို့ကုန်ချေးငွေတို့တွင် ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းများကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့ပြီး စီးပွားရေးလုပ်ငန်းများမှ ပူးတွဲထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းစီမံကိန်းများတွင် ပိုမိုပါဝင်လာသည်နှင့်အမျှ ယူအေအီး-တရုတ်ပူးပေါင်းဆောင်ရွက်မှုအပေါ် အားကောင်းစေမည့် ၎င်းတို့၏အရေးပါမှုအပေါ် ထောက်ပြခဲ့ပါသည်။

AIM Congress China Chapter ၂၀၂၅ ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ အရင်းအနှီးစီးဆင်းမှုနှင့် စက်မှုဆန်းသစ်တီထွင်မှုမှ နိုင်ငံတကာကုန်သွယ်ရေးကို မည်သို့ပြန်လည်ပုံဖော်နေသည်ကို ၎င်းက ဆွေးနွေးခဲ့ပြီး SME များကိုအားကောင်းစေရန်၊ ထောက်ပံ့ရေးကွင်းဆက်ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန်နှင့် ရေနံမဟုတ်သော ပို့ကုန်များတွင် AED ၈၀၀ ဘီလီယံရရှိစေရန် ပစ်မှတ်ထားရှိသည့် ယူအေအီး ၂၀၃၁ မြင်ကွင်းနှင့်အညီ ရေရှည်တည်တံ့သော ကုန်သွယ်မှုကို မြှင့်တင်မည့် ECI ၏ ကတိကဝတ်အား အလေးပေးဆွေးနွေးခဲ့ပါသည်။

SME လုပ်ငန်းများသည် ယူအေအီးနိုင်ငံရှိ လုပ်ငန်းများ၏ ၉၄ % ကျော်ဖြင့် ဖွဲ့စည်းထားပြီး အလုပ်အကိုင်နှင့် စီးပွားရေးကွဲပြားမှုအတွက် အရေးပါပြီး Xport Xponential ကဲ့သို့သော ဈေးကွက်မြှင့်တင်ရေး အစပျိုးအစီအစဉ်များမှ SMEs လုပ်ငန်းရန်ပုံငွေ AED ၁၇၄ သန်းကို စုဆောင်းနိုင်ခဲ့ပြီး အကျိုးသက်ရောက်မှုမြင့်မားသောကဏ္ဍများဆီသို့ စွန့်ဦးတီထွင်အရင်းအနှီးများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း Raja က ပြောကြားခဲ့ပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News