စွန့်ပစ်ထားသော ဘက်ထရီများ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် EV ဘက်ထရီထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်ကို တိုးမြင့်လာစေရန်အတွက် စက်မှုဝန်ကြီးဌာနက လျှပ်စစ်ကား(EV)ဘက်ထ ရီပြန်လည်အသုံးပြုခြင်းတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်တောင်းဆိုထားကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Ministry seeks to attract EV battery recycling investments” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါ သည်။
ထိုင်းနိုင်ငံတွင် ပြည်တွင်းဘက်ထရီပြန်လည်အသုံးပြုသည့် စက်ရုံမရှိဘဲ အသုံးပြုထားသည့် ဘက်ထရီများကို ပြုပြင်ရန် ပြည်ပသို့ တင်ပို့နေရကြောင်း၊ သက်တမ်းလွန်ဘက်ထရီများ တိုးပွားလာသော ပမာဏကို ကိုင်တွယ်ရန်နှင့် EV ထောက်ပံ့ရေးကွင်းဆက်ကို အားကောင်းစေရန် ပြန်လည်အသုံးပြုသည့် စက်ရုံကို တည်ထောင်လိုကြောင်း၊ ထိုင်းနိုင်ငံသည့် EV တပ်ဆင်ခြင်းကို မြှင့်တင်လျက်ရှိပြီး EV များ အတွက် ဒေသဆိုင်ရာအချက်အချာဖြစ်လာရန် ရည်မှန်းထားသော်လည်း ဘက်ထရီများပြန်လည်အသုံးပြုသည့် အခြေခံအဆောက်အဦများကို ပံ့ပိုးပေးရန် မူဝါဒမရှိသေးကြောင်း၊ ဝန်ကြီးဌာနသည် တရုတ် EV ထုတ်လုပ်သူ Aion Automobile Sales(Thailand)တွင် အသစ်ခန့်အပ်ထားသော အထွေထွေမန်နေဂျာ Wang Haoyong နှင့် မကြာသေးမီက အဆိုပါကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုကို အားပေးရန် ဆွေးနွေးခဲ့ကြောင်း စက်မှုဝန်ကြီး Thanakorn Wangboonkongchana က ပြောကြားခဲ့သည်။
ဆွေးနွေးမှုများအတွင်း Aion မှ အစိုးရအနေဖြင့် အခွန်ဖြတ်တောက်မှုများနှင့် ပြည်တွင်းတပ်ဆင်ရင်းနှီးမြုပ်နှံမှုများနှင့် ဆက်စပ်နေသည့် EV မက်လုံးပေးအစီအစဉ်များကို တိုးချဲ့ဆောင်ရွက်ရန်တိုက်တွန်းခဲ့ကြောင်း၊ ပြည်တွင်းကားရောင်းအားကို လှုံ့ဆော်ရန် အပိုထပ်ဆောင်းအစီအမံများပြုလုပ်ရန်လည်း ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံသည် သုံးစွဲမှုနှင့် ထုတ်လုပ်မှုကို တိုးမြှင့်ရန်ရည်ရွယ်ခဲ့သည့် EV3.0(၂၀၂၂-၂၀၂၄)နှင့် ယင်းကဏ္ဍတိုးတက်မှုအရှိန်ကို မြှင့်တင်ရန် အာရုံစိုက်ထားသည့် EV3.5 (၂၀၂၄-၂၀၂၇)တို့ကိုကြေညာခဲ့ပြီးဖြစ်ကြောင်း၊ လာမည့်လတွင် ဘန်ကောက်၌ ကျင်းပရန်စီစဉ်ထားသော ၄၂ ကြိမ်မြောက် မော်တော် ဆိုင်ကယ်ကုန်စည်ပြပွဲသည် အတွင်းပိုင်းလောင်ကျွမ်းမှု အင်ဂျင်ပါဝါသုံး မော်တော်ယာဉ်များနှင့် ဘက်ထရီ EV(BEVs)နှစ်မျိုးလုံးရောင်းချနိုင်မည်ဟုမျှော်လင့်ရကြောင်း၊ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI)၏အဆိုအရ BEV များသည် ပြည်တွင်းကားရောင်းအားတိုးတက်မှုကို တွန်းအားပေးလျက်ရှိကြောင်း၊ ယခုနှစ်တွင် ရောင်းအားအစီးရေ ၆၀၀,၀၀၀ ထိရောက်ရှိရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။
BEV ရောင်းချမှုသည် ၁၀၀,၀၀၀ စီးအထိ တိုးလာမည်ဟု ခန့်မှန်းထားခဲ့ပြီး BEV ထုတ်လုပ်သူများက နည်းပညာသစ်များဖြင့် ဝယ်ယူသူများကို ဆွဲဆောင်လျက်ရှိသကဲ့သို့ ဈေးနှုန်းနှင့် ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှုများလည်း ပါဝင်ပါကြောင်း၊ ယခုနှစ်အတွင်း မော်တော်ယာဉ်ထုတ်လုပ် မှုအစီးရေ ၁.၄၅ သန်းရည်မှန်းထားပြီး ပို့ကုန်အတွက် အစီးရေ ၉၅၀, ၀၀၀ နှင့် ပြည်တွင်းဈေးကွက်အတွက် အစီးရေ ၅၀၀,၀၀၀ ဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)