ဒူဘိုင်းရှိ Gulfood 2026 ကုန်စည်ပြပွဲတွင် ထိုင်းကုန်သွယ်မှုမစ်ရှင်သည် အဓိကသဘောတူညီချက်များရရှိထားပြီး ဝယ်ယူမှုအားကောင်းသော အာရပ်စော်ဘွားများပြည်ထောင်စု(UAE)စျေးကွက်သို့ သစ်သီးတင်ပို့မှုကို သိသိသာသာမြှင့်တင်ပေးပါကြောင်း Nation Thailand သတင်းဝက်ဘ်ဆိုဒ်တွင် “Thai Fruits Go Global: Dubai Trade Mission Secures Premium Market Share” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
မစ်ရှင်သည် ထိုင်းသစ်သီးဝလံများကို ပရီမီယံထုတ်ကုန်များအဖြစ်၊ ဇိမ်ခံဟိုတယ်များ၊ အဆင့်မြင့်စားသောက်ဆိုင်များနှင့် ပရီမီယံလက်လီရောင်းချသည့်ဆိုင်များကို ပစ်မှတ်ထား၍ အောင်မြင်စွာနေရာရရှိစေခဲ့ပါကြောင်း၊နမ့်ဒေါ့မိုင်သရက်သီး၊ ဒူးရင်း နှင့် မင်းဂွတ်သီးကဲ့သို့သောသီးခြားအသီးအနှံများသည် သာလွန်ကောင်းမွန်သောအရသာနှင့်နိုင်ငံတကာဘေးကင်းမှုစံချိန်စံညွှန်းများကြောင့် ပြိုင်ဘက်များထက် ပရီမီယံစျေးနှုန်းများကို ဦးစားပေးလျက်ရှိကြောင်း၊ အဆိုပါပွဲသည် ထိုင်းထုတ်ကုန်များအတွက် စဉ်ဆက်မပြတ်စျေးကွက်ဝေစုရရှိစေမည့် ကမ္ဘာလုံးဆိုင်ရာ ဖြန့်ဖြူးရောင်းချသူများနှင့် ရေရှည်တန်ဖိုးမြင့်သော စာချုပ်စာတမ်းများစွာကို ရရှိခဲ့ပါကြောင်း၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် UAE တွင် ဝယ်ယူမှုမြင့်မားသည့်စွမ်းအားကို ဦးတည်ထားကာ Gulfood 2026 တွင် အဓိကကုန်သွယ်မှုသဘော တူညီချက်များရယူထားသောကြောင့် ထိုင်းသစ်သီးဝလံတင်ပို့မှုရေရှည်မြှင့်တင်ရန်ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
ဒူဘိုင်း Gulfood 2026 သို့ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနသည် ထိုင်းကုန်ထုတ်လုပ်သူများကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ထိုင်းနိုင်ငံ၏အရှေ့အလယ်ပိုင်းသို့ အပူပိုင်းဒေသသစ်သီးဝလံများတင်သွင်းသူအဖြစ် ထိုင်းနိုင်ငံ၏ရပ်တည် ချက်ကို ခိုင်မာစေပါကြောင်း၊ “ထိုင်းအရည်အသွေး၊ ထိုင်းအရသာ"ဟူသောဆောင်ပုဒ်ကို အာရုံစိုက်ထားသည့် မစ်ရှင်သည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၏ ပရီမီယံထိုင်းထုတ်ကုန်များကို တစ်သမတ်တည်းထောက်ပံ့ပေးရန် ကြိုးပမ်းနေသောကြောင့် စီးပွားရေးနှင့်လိုက်ဖက်သော သဘောတူညီချက်များမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
အာရပ်စော်ဘွားများပြည်ထောင်စုသည် ထိုင်းနိုင်ငံအတွက် အလားအလာမြင့်မား သောကုန်သွယ်မှုတံခါးပေါက်တစ်ခုအဖြစ် ပေါ်ထွက်လာပါကြောင်း၊ အိန္ဒိယ၊ အီရန်၊ ဗီယက်နမ်တို့ကဲ့သို့ ဒေသတွင်းစိုက်ပျိုးထုတ်လုပ်သူများထံမှ ပြိုင်ဆိုင်မှုပြင်းထန်သော်လည်း ထိုင်းသစ်သီးဝလံများ—အထူးသဖြင့် နမ့်ဒေါင်းမိုင်းသရက်သီး၊ ဒူးရင်းနှင့် မင်းဂွတ်သီးတို့သည် ပရီမီယံစျေးနှုန်းများကို ဦးစားပေးလျက်ရှိကြောင်း၊ စျေးကွက်လေ့လာသုံးသပ်သူများက ထိုင်းထုတ်ကုန်များသည် သာလွန်ကောင်းမွန်သော အရသာပရိုဖိုင်းများနှင့် တင်းကျပ်သောနိုင်ငံတကာဘေးကင်းရေးစံနှုန်းများမှတစ်ဆင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု အကြံပြုထားကြောင်း၊ မစ်ရှင်သည် အစိုးရ၏ BCG(Bio-Circular-Green)Economy Model နှင့်ကိုက်ညီကြောင်း၊ Gulfood 2026 တွင် ထိုင်းနိုင်ငံ၏ပါဝင်မှုသည် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် ဥရောပအပါအဝင် မြင့်မားသောဝယ်ယူမှုစွမ်းအားရှိသော စျေးကွက်များသို့ ထိုးဖောက်ဝင်ရောက်ရန် ဗျူဟာမြောက်လုပ်ဆောင်မှုတစ်ခုဖြစ်ပါကြောင်း စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီး ဌာန၏ အမြဲတမ်းအတွင်းဝန် Vinaroj Supsongsuk က မှတ်ချက်ပြုခဲ့ပါသည်။
ထိုင်းသစ်သီးဝလံများကို ကုန်စည်အဖြစ် ရှုမြင်ခြင်းမပြုတော့ဘဲ ၎င်းတို့သည် တစ်ကမ္ဘာလုံးက စားသုံးသူများ၏ထူးခြားသောလက္ခဏာနှင့်ထူးချွန်မှုအတွက် ယုံကြည်စိတ်ချရသော ပရီမီယံထုတ်ကုန်များဖြစ်ကြောင်း၊ ဇိမ်ခံလက်လီရောင်းချမှုသို့ ဗျူဟာမြောက်ဝင်ရောက်မှု UAE ၏ မိုးနည်းသော ရာသီဥတုသည် ပြည်တွင်းသစ်သီးဝလံထုတ်လုပ်မှုကို ကန့်သတ်ထားသောကြောင့် နိုင်ငံသည် ၎င်း၏ ဇိမ်ခံ ဟိုတယ်နှင့်ဧည့်ဝတ်ပြုမှုကဏ္ဍများအတွက် သွင်းကုန်များအပေါ်တွင်မှီခိုနေရပါကြောင်း ထိုင်းထုတ်ကုန်များသည် ဤကွာဟချက်ကို ဖြည့်ဆည်းရန် ထူးခြားသောအနေအထားရှိကြောင်း၊ ပရီမီယံလက်လီဆိုင်များနှင့် အဆင့်မြင့်စားသောက်ဆိုင်အုပ်စုများထံမှ ဝယ်လိုအားကိုတွေ့မြင်နေရပါကြောင်း၊ကြက်မောက်သီး၊လေချူသီး နှင့် ပိန္နဲသီးအပါအဝင် လတ်ဆတ်နှင့်အသီးခြောက်များတွင် တုံ့ပြန်မှုသည် မျှော်မှန်း ထားသည်ထက် ကျော်လွန်ခဲ့ကြောင်း တောင်သူများအတွက် စျေးကွက်ရှာဖွေရေးအဖွဲ့(MOF) ၏ဒါရိုက်တာ Panitan Mechaiyo က သုံးသပ်ပြောကြားခဲ့သည်။
Gulfood 2026 သည် ကမ္ဘာ့အကြီးဆုံးအစားအစာနှင့် အဖျော်ယမကာကုန်စည်ပြပွဲဖြစ်ပြီး နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှ ပါဝင်ပြသသူ ၈,၅၀၀ ဦးရှိပါကြောင်း၊ ထိုင်းကိုယ်စားလှယ်အဖွဲ့သည် အဆိုပါပွဲတွင် "Business Matching" powerhouse အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ကနဦးအစီရင်ခံစာများတွင် ထိုင်းလုပ်ငန်းရှင်များ သည် ကမ္ဘာလုံးဆိုင်ရာ ဖြန့်ဖြူးသူများနှင့် ကာလရှည်တန်ဖိုးမြင့်စာချုပ်များအများ အပြားချုပ်ဆိုထားပြီး ထိုင်းနိုင်ငံ၏ "Soft Power" သည် နိုင်ငံတကာသစ်သီးဝလံကုန်သွယ်မှုတွင် ဆက်လက်ရှင်သန်နေမည်ကို အာမခံကြောင်း သိရှိရပါသည်။
Source: https://www.nationthailand.com/news/policy/40062059
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)