ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Sa Kaeo ၏ Khlong Hat Rose Apple ကို GI ထုတ်ကုန်အဖြစ် မှတ်ပုံတင်ထားကြောင်း Nation Thailand သတင်းဝက်ဘ်ဆိုဒ်တွင် “Ministry of Commerce registers Sa Kaeo's Khlong Hat Rose Apple as GI product” ခေါင်းစဉ် ဖြင့်ဖော်ပြထားပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် Sa Kaeo ခရိုင်မှ Khlong Hat နှင်းသီးကို Geographical Indication (GI) ထုတ်ကုန်အသစ်အဖြစ် တရားဝင်မှတ်ပုံတင်ထားပြီးဖြစ်ပါကြောင်း၊ နှင်းသီး၏ ထူးခြားသောဝိသေသလက္ခဏာများဖြစ်သည့် ခိုင်မာပြတ်သားသောဖွဲ့စည်းမှုနှင့် ပြင်းထန်သော အရသာတို့သည် ဒေသ၏သီးခြားမြေဆီလွှာဖွဲ့စည်းမှုနှင့် ရာသီဥတုကြောင့်ဖြစ်သည်ဟုယူဆကြကြောင်း၊ GI အဆင့် အတန်းသည် အသီးအနှံများကို စံမျိုးကွဲများထက် ၂-၃ ဆခန့်မြင့်သော ပရီမီယံစျေးနှုန်းသို့ ရရှိစေပြီး တရုတ်နိုင်ငံကဲ့သို့ဈေးကွက်များသို့ ၎င်း၏ တင်ပို့မှုအလားအလာကိုတိုးမြှင့်စေကြောင်း၊ မှတ်ပုံတင်ခြင်းသည် ဒေသ ထွက်ကုန်များကို တန်ဖိုးထည့်ရန်၊ အရည်အသွေးထိန်းချုပ်မှုသေချာစေရန်နှင့်ဒေသခံတောင်သူလယ်သမားများအတွက် ဝင်ငွေတိုးစေရန်အစိုးရ မူဝါဒ၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Auramon Supthaweethum က ပြောကြားခဲ့သည်။
မူပိုင်ခွင့်ဦးစီးဌာနသည် Sa Kaeo ခရိုင်၏ Geographical Indication (GI)ထုတ်ကုန်အသစ်အဖြစ် Khlong Hat နှင်းသီးကို မှတ်ပုံတင်ပြီးကြောင်းကြေညာခဲ့ကြောင်း၊ ယင်းသည် ပြည်နယ်အတွက် တစ်နှစ်လျှင် ဘတ်သန်း ၇၀ ကျော်စီးပွားရေးတန်ဖိုးထုတ်ပေးသည့် Sa Kaeo Nam Dok Mai Mango ၏ အောင်မြင်မှုနောက်ဆက်တွဲဖြစ်ကြောင်း၊ Khlong Hat နှင်းသီးကို ခရိုင် ၇ ခုဖြစ်သည့် ကန့်ဟက်ခရိုင်၊ Khao Chakan ခရိုင်၊ Muang Sa Kaeo ခရိုင်၊ Wang Nam Yen ခရိုင်၊ Wang Sombun ခရိုင်၊ Watthana Nakhon ခရိုင်နှင့် Aranyaprathet ခရိုင်တို့တွင် စိုက်ပျိုးကြောင်း၊ မြေမျက်နှာသွင်ပြင်သည် ကုန်းပြင်မြင့်နှင့် ပြည်နယ်ဗဟိုဘက်သို့ ဆင်ခြေလျှောများပါဝင်ကြောင်း၊ မြေဆီလွှာသည် တောင်ပေါ်မှဆင်းလာသော အနည်အနှစ်များနှင့် နစ်မြုပ်မှုမှရရှိသော ကောင်းမွန်သော ရေနုတ်မြောင်းနှင့် မြေဩဇာကောင်းမွန်ပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
အထူးသဖြင့် ပိုတက်စီယမ်သတ္တုဓာတ်များသည် အသီး၏ ခိုင်ခံ့ပြီးပြတ်သားသော အသွင်အပြင်ကို အထောက်အကူပြုကြောင်း၊ ပူပြင်းစွတ်စိုသော ရာသီဥတုနှင့်ပေါင်းစပ်ထားပြီး တစ်နှစ်ပတ်လုံးအတော်လေးမြင့်မားသောအပူချိန်နှင့် မိုးရွာသွန်းမှုနည်းသော ပူပြင်းခြောက်သွေ့ သောကာလသည် Khlong Hat နှင်းသီးကို ခြောက်သွေ့သောအသား (ရေမစို)နှင့် ပြင်းထန်ပြီး ထူးခြားသော အရသာရှိစေပါကြောင်း၊ ခြောက်သွေ့ ရာသီတွင် နေရောင်ခြည်ထိတွေ့မှုကြောင့် အရေပြားသည် အနီရောင်တောက်တောက်မှ အနီရင့်ရောင်အထိ ကွဲပြားကြောင်း၊ ဤကဲ့သို့သော ထူးခြားသောဝိသေသလက္ခဏာများကြောင့် Khlong Hat နှင်းသီးသည် လက်ခံမှုရရှိခဲ့ပြီး ယေဘူယျနှင်းသီးများထက် စျေးနှုန်း ၂-၃ ဆခန့် ပိုမိုမြင့်မားခဲ့ပါကြောင်း၊ ပျမ်းမျှစျေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဘတ် ၁၀၀ ဖြစ်ပြီး ယေဘုယျမျိုးကွဲ များအတွက် ပျမ်းမျှတစ်ကီလိုဂရမ်လျှင် ၃၅ ဘတ်ထက် သိသိသာသာမြင့်မားပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကဲ့သို့သော နိုင်ငံတကာဈေးကွက်များအတွက် ပို့ကုန်အလားအလာကောင်းများကို ရရှိထားပြီး အရည်အသွေးမြင့်သစ်သီးစားသုံးသူများကို ရည်ရွယ်ထားလျက်ရှိကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
GI ထုတ်ကုန်များကို မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Quick Big Win မူဝါဒအောက်တွင် အဓိကမစ်ရှင်ဖြစ်ကြောင်း၊ ဤမူဝါဒသည် ထိုင်း လုပ်ငန်းရှင်များအား ဉာဏမူပိုင်ခွင့်အားဖြင့် ခိုင်မာစေရန် ရည်ရွယ်ပါကြောင်း၊ GI မှတ်ပုံတင်ခြင်းသည် ထုတ်ကုန်များ၏ တည်ငြိမ်ပြီး ရေရှည်တည်တံ့သော တိုးတက်မှုအတွက် ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုငစွမ်းကို မြှင့်တင်ရန် ထုတ်ကုန်များကို ခေတ်မီစျေးကွက်များနှင့် ချိတ်ဆက်ပေးခြင်းဖြင့် ယုံကြည်စိတ်ချရသော အရည်အသွေးထိန်းချုပ်မှုနှင့် ခြေရာခံနိုင်မှုစနစ်များမှတစ်ဆင့် ဒေသတွင်း ထိုင်းအမှတ်အသားဖြင့် ထုတ်ကုန်များအတွက် တိကျသေချာသောတန်ဖိုးကို တိုးမြင့်စေမည်ဖြစ်ကြောင်း၊ ယင်းနောက်တွင် မူပိုင်ခွင့်ဦးစီးဌာနသည် Khlong Hat နှင်းသီးအတွက် အရည်အသွေးထိန်းချုပ်မှုစံစနစ်နှင့် စျေးကွက်မြှင့်တင်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကုန်သွယ်မှုအခွင့်အလမ်းများ တိုးချဲ့ကာ အဆိုပါဒေသရှိ တောင်သူလယ်သမားများအတွက် တည်ငြိမ်သောဝင်ငွေရရှိစေမည်ဖြစ် ကြောင်း Ms. Auramon က ဆက်လက်ပြောကြားခဲ့သည်။
ပထဝီဝင်အရင်းအမြစ်နှင့် ချိတ်ဆက်ထားသော အထောက်အထားတစ်ခုပိုင်ဆိုင်သည့် တောင်သူအုပ်စုများ သို့မဟုတ် ဒေသခံလူထုများသည် GI မှတ်ပုံတင်ခြင်းဆိုင်ရာ အကြံဉာဏ်ကို One-Stop Service Center (IP One)၊ တတိယထပ်၊ မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန သို့မဟုတ် Hotline 1368 မှတစ်ဆင့် ထပ်မံမေးမြန်းနိုင်ပါကြောင်း သိရှိရပါသည်။
Source: https://www.nationthailand.com/news/policy/40062059
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)