ကုန်သွယ်မှုကို ပြန်လည်ချိန်ညှိရန် ဒေါ်နယ်ထရမ့်၏ သွင်းကုန်ခွန်တွန်းအားပေးခဲ့သော်လည်း မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်နှင့် ကုန်သွယ်မှုလိုငွေသိသိ သာသာကျယ်ပြန့်လာနေချိန်တွင် တရုတ်နှင့်ကုန်သွယ်မှုတွင် ပိုငွေသိသိသာသာဖြစ်ပေါ်ခဲ့ကြောင်း Nikkei Asia က ထုတ်ပြန်ထားခဲ့ပါသည်။
အမေရိကန်သမ္မတ Donald Trump သည် အမေရိကန်၏ ကုန်သွယ်မှုလိုငွေပြမှုကို လျော့နည်းစေရန် ကုန်သွယ်ဖက်များအပေါ်အခွန် စည်းကြပ်မှုကို ၂၀၂၅ ခုနှစ်တွင် ချမှတ်ခဲ့ပြီး အရှေ့တောင်အာရှစီးပွား ရေးများသည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေတွင် အမေရိကန်ဒေါ်လာဖြင့် ဖော်ပြချက်တွင် မလေးရှားသည် ၄၅ ရာခိုင်နှုန်း၊ ထိုင်းသည် ၄၄ ရာခိုင်နှုန်းနှင့် ဗီယက်သည် ၂၈ ရာခိုင်နှုန်းအသီးသီးဖြစ်ကြောင်း၊အီလက် ထရွန်နစ်နှင့် လျှပ်စစ်ထုတ်ကုန်များ၊ စက်ပစ္စည်းများ၊ စက်ကိရိယာများနှင့် အစိတ် အပိုင်းများ၊ ပြုပြင်ထားသောအစားအစာများ၊ သံနှင့်သံမဏိထုတ်ကုန်များအတွက် ပြင်းထန်သော ဝယ်လိုအားကြောင့် အမေရိကန်သို့ တင်ပို့မှုသည် ၁၇.၂ ရာခိုင်နှန်းမြင့်တက်ခဲ့သည်ဟု မလေးရှားရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း၊ မလေးရှား၏အမေရိကန်ကုန်သွယ်မှုပိုငွေသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃.၂ ဘီလီယံအထိမြင့်တက်ခဲ့သည်ဟု CEIC Data(တရား ဝင်ကိန်းဂဏန်းများအပေါ်အခြေခံ၍)က ဖော်ပြထားပါကြောင်း Nikkei Asia ၏ တရားဝင်စာရင်းဇယားကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။
ဗီယက်နမ်သည် အရှေ့တောင်အာရှနိုင်ငံများကြားတွင် အကြီးဆုံးအမေရိကန်ကုန်သွယ်မှုပိုငွေပြခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၃.၈ ဘီလီယံဖြင့် စံချိန်တင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၂၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ထိုင်း၏ကုန်သွယ်မှုပိုငွေသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅.၆ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၅၁.၃ ဘီလီယံထိတိုးတက်လာခဲ့ကြောင်း၊ ထရမ့်သည် ကုန်သွယ်ရေးလိုငွေပြမှုကို လျှော့ချရန်ကြိုးပမ်းမှုတွင် အမေရိကန်ကုန်သွယ်ဖက်များကို ပစ်မှတ်ထားသော “အပြန်အလှန်အကောက်ခွန်များ”ကို ဧပြီလတွင် ကြေငြာခဲ့ကြောင်း၊ အချို့သောအရှေ့တောင်အာရှနိုင်ငံများသည် ဩဂုတ်လတွင် စတင်အသက်ဝင်မည့် ညှိနှိုင်းမှုနှုန်းများလျှော့ချခြင်းမပြုမီ အစောပိုင်းတွင် အကောက်ခွန် ၄၀ ရာခိုင်နှုန်းထက်မပိုသော စည်းကြပ်မှုဒဏ်ကို ခံခဲ့ရပါကြောင်း၊ နိုင်ငံများစွာကဲ့သို့ပင် အရှေ့တောင်အာရှနိုင်ငံများသည် အကောက်ခွန်မဆောင်မီ တင်ပို့မှုအလျင်အမြန်အရှိန်မြှင့်လာသော ကြောင့် ပို့ကုန်များမြင့်တက်လာသည်ကို တွေ့ရကြောင်း သိရှိရပါသည်။
အောက်တိုဘာလတွင် အမေရိကန်သည် မလေးရှားမှ ကုန်ပစ္စည်းအများစုအပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြောင်း၊ ထို့အပြင် အများစုမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အာကာသ ယာဉ်နှင့် ဆေးဝါးများတွင် ပါဝင်သည့် ကုန်ပစ္စည်း ၁၇၁၁ မျိုးကို သွင်းကုန်ခွန်မှ ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း၊အပြန်အလှန်အားဖြင့် မလေးရှားသည် အမေရိကန်သို့ တင်ပို့သည့် ရှားပါးမြေများနှင့် အခြားအရေးပါသောဓာတ်သတ္တုများကို တင်ပို့ခွင့် ပိတ်ပင်ခြင်း သို့မဟုတ် ခွဲတမ်းများချမှတ်ခြင်း မပြုရန်ကတိပြုခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် သုံးနိုင်ငံလုံး၏ တရုတ်နှင့် ကုန်သွယ်မှုလိုငွေ သိသာစွာကြီးမားလာပါကြောင်း၊ အာရှ၏အကြီးဆုံးစီးပွားရေးကြီးမှ ကုန်ပစ္စည်းများသည် မြင့်မားသော အမေရိကန်အခွန်စည်းကြပ်မှုများကို ရင်ဆိုင်ရန်ကြိုးပမ်းရင်း ဤဈေးကွက်များသို့ ပိုမိုကြီးမားစွာ စီးဝင်လာကြောင်းအကြံပြုခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် မလေးရှား၏ တရုတ်လိုငွေပြမှုသည် ၆၂ ရာခိုင်နှုန်း ခုန်တက်သွားပြီး အမေရိကန်ဒေါ်လာ ၃၈.၄ ဘီလီယံ၊ ထိုင်းနိုင်ငံ၏လိုငွေပြမှုသည် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၇.၈ ဘီလီယံ၊ ဗီယက်နမ်၏လိုငွေပြမှုသည် ၄၀ ရာခိုင်နှုန်းတိုးလာကာ အမေရိကန်ဒေါ်လာ ၁၁၅ ဘီလီယံရှိကြောင်း သိရှိရပါသည်။
အမေရိကန်သို့ ပို့ကုန်များနှင့်အတူ တရုတ်နိုင်ငံမှ သွင်းကုန်များမြင့်တက်လာခြင်းနှင့်အတူ မြင့်တက်လာသော အကောက်ခွန်ကို ရှောင်ရှားရန် အမေရိကန်သို့မတင်ပို့မီ ဗီယက်နမ်ကဲ့သို့သော အိမ်နီးချင်းအရှေ့ တောင်အာရှနိုင်ငံများမှတစ်ဆင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်သော တရုတ်ကုမ္ပဏီများအတွက် အချို့သော ကျွမ်းကျင်သူများက ဖြစ်နိုင်ချေရှိသော Transhippment အန္တရာယ် များကို ထောက်ပြကြပါကြောင်း၊ အမေရိကန်အကောက်ခွန်မူဝါဒက ၂၀၂၆ ခုနှစ်အထိ မသေချာ မရေရာမှုတွေ ဆက်ဖြစ်နေပါကြောင်း၊ ထရမ့်သည် ယခုလအတွင်း တောင်ကိုးရီးယားမော်တော်ယာဉ်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ တိုးမြင့်ကောက်ခံနေပြီး "outline framework" မရှိသော ဥရောပနိုင်ငံများအပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန်ထပ်တိုးကောက်ခံမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
ထရမ့်၏ တစ်နှစ်ပတ်လုံးကုန်သွယ်မှုအပေါ် အခွန်စည်းကြပ်မှုကြောင့် ၂၀၂၆ ခုနှစ်တွင် ပို့ကုန်များနှေးကွေးနိုင်သည်ဟု အရှေ့တောင်အာရှအစိုးရများနှင့် လေ့လာသုံးသပ်သူများက သတိပေးခဲ့ကြောင်း၊ ပထဝီနိုင်ငံရေးတင်းမာမှုများပြင်းထန်လာချိန်တွင် ကမ္ဘာ့ကုန်သွယ်ရေးတွင် ဆက်လက်ပြုပြင်ပြောင်းလဲမှုများနှင့်အတူ လက်ရှိနှင့် အသစ်မိတ်ဆက်ထားသောအမေရိကန်အခွန်ကောက်ခံမှုများမှ ပိုမိုရှင်းလင်းသော အကျိုး သက်ရောက်မှုများကို ထင်ဟပ်စေကာ ၂၀၂၆ ခုနှစ်တွင် ထိုင်းပို့ကုန် များနှေးကွေးနိုင်မည်ကို မျှော်လင့်ထားကြောင်း ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း၊ မလေးရှားနိုင်ငံ၏ ပို့ကုန်များသည် အမေရိကန်သွင်းကုန်အကောက်ခွန်ကြောင့် ဖြစ်ပေါ်လာသောပြင်ပလေစီးကြောင်းများမှ အပျက်သဘောဆောင်သောသက်ရောက်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု DBS မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ယခင်နှစ်က လမ်းကြောင်းသည် ၂၀၂၆ ခုနှစ်အထိ သယ်ဆောင်သွားဖွယ်မရှိကြောင်း၊ နိုင်ငံအများအပြားနှင့် အမေရိကန်ကုန်သွယ်မှုသဘော တူညီချက်များ အသက်ဝင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံများသည် အမေရိကန်ဆီမှသွင်းကုန်များပိုမိုများလာနိုင်ပြီး ၎င်းတို့၏ကုန်သွယ်မှုပိုငွေလည်း ကျဆင်းလာမည်မှာ သေချာပါကြောင်း၊ ယခုနှစ်တွင် အာဆီယံစီးပွားရေးအတွက် အန္တရာယ်ဖြစ်နိုင်လိမ့် မည်ဖြစ်ကြောင်း ISEAS-Yusof Ishak အင်စတီကျုမှ လည်ပတ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည့် Archa-nun Kohpaiboon က သုံးသပ်ပြောကြားခဲ့ပါသည်။
Source: https://www.nationthailand.com/news/policy/40062059
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)