International News

ထိုင်းနိုင်ငံ၌ စိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့မှုကွင်းဆက်ကို အဆင့်မြှင့်တင်ရန် ဒီဂျစ်တယ်နည်းပညာကို မြှင့်တင်သွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံအစိုးရသည် စိုက်ပျိုးရေးထောက်ပံ့ရေးကွင်းဆက်များကို အဆင့်မြှင့်တင်ရန် ဒစ်ဂျစ်တယ် နည်းပညာကို အသုံးချရန် ကတိပြုထားကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Digital tech central to national upgrade” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြု၍ ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်ကို အားကောင်းစေရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို ပိုမိုကျယ်ပြန့်စွာအသုံးပြုလာစေရန်အတွက် စိုက်ပျိုးရေးထုတ်ကုန်များကို အဆင့်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်သည် ပိုမိုမတည်မငြိမ်ဖြစ်လာသည်နှင့်အမျှ ပိုမိုတိကျပြီး နည်းပညာကို အခြေခံသော စိုက်ပျိုးရေးသည် လယ်သမားများအတွက် ကုန်ကျစရိတ်များကို လျှော့ချပေးသကဲ့သို့ ခိုင်မာသည့် ထုတ်လုပ်မှုသည် ဈေးကွက်များဆီသို့ ဝင်ရောက်နိုင်မှုနှင့်အတူ တွဲဖက်ရမည်ဖြစ်ကြောင်း၊ APRACA သည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အမျိုးသားစိုက်ပျိုးရေးထုတ်ကုန်များကို မြှင့်တင်ရန် ငွေကြေးယန္တရားများကို အသုံးပြု၍ စိုက်ပျိုးရေးဘဏ္ဍာရေးကို အားကောင်းစေရန်ရည်ရွယ်သည့် ဒေသတွင်းနိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး သမဝါယမဘဏ်(BAAC)မှ ဆွေးနွေးပွဲကို လက်ခံကျင်းပခဲ့ပြီး ဖိုရမ်တွင် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အဓိကထားဆွေးနွေးခဲ့ကြကြောင်း"တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်မှု၊ အမှတ်တံဆိပ်တည် ဆောက်ခြင်းနှင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှတစ်ဆင့် စိုက်ပျိုးရေးကိုပြောင်းလဲခြင်း"ခေါင်းစဉ်ဖြင့် အာရှ-ပစိဖိတ်ကျေးလက်နှင့် စိုက်ပျိုး ရေးချေးငွေအသင်း(APRACA)ဒေသဆိုင်ရာမူဝါဒဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် အိမ်စောင့်အစိုးရဘဏ္ဍာရေးဝန်ကြီး Mr. Ekniti Nitithanprapas က ပြောကြားခဲ့သည်။

စိုက်ပျိုးရေးထုတ်ကုန်များကို ပရီမီယံထုတ်ကုန်များအဖြစ်သို့ အဆင့်မြှင့်တင်ရန် ငွေကြေးယန္တရားများကို အသုံးပြုနိုင်ပါကြောင်း၊ ဖိုရမ်ရလဒ်များကို ထိုင်းသီးနှံများ၏တန်ဖိုးကိုမြှင့်တင်ပေးသည့် နိုင်ငံအဆင့်စိုက်ပျိုးရေး ထုတ်ကုန်မူဝါဒများနှင့် စိမ်းလန်းသောဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်မှုများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးပေးရန် တာဝန်ရှိသော အထူးပြုဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး APRACA ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဘဏ်သည် လယ်သမားများ၊ လူမှုအသိုင်းအဝိုင်းများနှင့် စိုက်ပျိုး ရေးလုပ်ငန်းများကို ပြည့်စုံသော ငွေကြေးထုတ်ကုန်များနှင့် ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးရန်အသင့်ရှိနေပြီး ရေရှည်တည်တံ့သောနည်းလမ်းဖြင့် လယ်သမားများနှင့်စိုက်ပျိုးရေး လုပ်ငန်းရှင်များကို အားကောင်းစေရန် အသင့်ရှိနေကြောင်း၊ BAAC သည် အထက်ပိုင်းမှ အောက်ပိုင်းအထိ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ပြီး ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုခြင်းဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များအပြင် ပြုပြင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးစနစ်များကို မြှင့်တင်ပေးပါကြောင်း၊ ဘဏ်သည် ထုတ်လုပ်မှုမြှင့်တင်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျှော့ချရန်၊ ထုတ်ကုန်စံနှုန်းများအဆင့်မြှင့်တင်ရန်နှင့် အနာဂတ်စီးပွား ရေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် လယ်သမားများ၏ စွမ်းရည်ကိုအားကောင်းစေရန်အတွက် ဈေးကွက်ချိတ်ဆက်မှုကိုလည်းတိုးတက် ကောင်းမွန်စေပါကြောင်း BAAC ဥက္ကဋ္ဌ Chatchai Sirilai က ပြောကြားခဲ့သည်။

BAAC သည် ကမ္ဘာ့ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်းအတွက် မရှိမဖြစ်လိုအပ်သော မဟာဗျူဟာမြောက်အမှတ်တံဆိပ်တည်ဆောက်မှုကို ပထဝီဝင်ညွှန်းကိန်း၊ အော်ဂဲနစ်စံနှုန်းများ၊ ကောင်းမွန်သော စိုက်ပျိုးရေးယဉ်ကျေးမှုဆိုင်ရာ အလေ့အကျင့်များနှင့်ရေရှည်တည်တံ့သော စိုက်ပျိုး ရေးကဲ့သို့သောမူဝါဒကိရိယာများမှတစ်ဆင့်မြှင့်တင်ပေးကြောင်း၊ ဤမူဝါဒများသည် စားသုံးသူယုံကြည်မှုကို တည်ဆောက်ပေးပြီး တန်ဖိုးထပ်တိုးဖန်တီးပေးကာ စိုက်ပျိုးရေးထုတ်ကုန်များကို ပရီမီယံကဏ္ဍသို့ မြှင့်တင်ပေးကြောင်း၊ထို့အပြင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊အခြေခံ အဆောက်အအုံချိတ်ဆက်မှုနှင့် အကောက်ခွန်မဟုတ်သော အတား အဆီးများကိုလျှော့ချရေးတို့မှတစ်ဆင့် စိုက်ပျိုးရေးကဏ္ဍအတွက် နယ်စပ်ဖြတ်ကျော်ပံ့ပိုးရန်ဖြစ်ကြောင်း Mr. Chatchai က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: https://www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News