ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က လျှပ်စစ်မော်တော်ကား(Electric Vehicle–EV)တိုးတက်မှုကို ပိုမိုမြန်ဆန်စေရေး ဦးတည်လျက်ရှိထိုင်းနိုင်ငံ၌ လျှပ်စစ်မော်တော်ကားစက်မှုတိုးတက်မှုကို မြှင့်တင်ခြင်းဖြင့် အလုပ်လုပ်ကိုင်မှုကို မြှင့်တင်သွားရန် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ရင်းနှီးမြှုပ်နှံမှုမက်လုံးပေးအစီအစဉ်များကို ပိုမိုပေးအပ်နိုင်ရေး စဉ်းစားလျက်ရှိပြီး လျှပ်စစ် မော်တော်ကားစက်မှုကို ပိုမိုထောက်ပံ့ပေးရန်နှင့် လျှပ်စစ်မော်တော်ကားနှင့်ဆက်စပ်အလုပ်များ တိုးမြှင့်လာရန်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကားထုတ် လုပ်သူများသည် အလုပ်သမားဦးရေ ၉,၆၀၀ ကျော်ငှားရမ်းခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားများသည် ထိုင်းနိုင်ငံတွင် တည်ဆောက်ထားသည်မှာ ၁ နှစ်ခန့်ရှိပြီဖြစ်သော မော်တော်ကားတပ်ဆင်သည့်ကုမ္ပဏီများအတွက် အလုပ်လုပ်ကိုင်ပေးရကြောင်း၊ ကုမ္ပဏီအများစုသည် တရုတ်မှဖြစ်ပြီး MG၊ GMW၊ BYD၊ GAC Aion နှင့် Changan တို့ဖြစ်ကြောင်း၊ အလုပ်သမားများ၏ ၈၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသားများဖြစ်ပြီး အင်ဂျင်နီယာများ၊ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် အုပ်ချုပ်မှုထိပ်တန်းအဆင့်များတွင်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ ဥက္ကဋ္ဌ Mr. Narit Therdsteerasukdi က ပြောကြားခဲ့သည်။
BYD သည် အလုပ်သမား ၅,၉၀၀ ဦးဖြင့် အလုပ်လုပ်ကိုင်နှုန်းအမြင့်ဆုံးဖြစ်ပြီး ရှန်ကျန်းအခြေစိုက် ကုမ္ပဏီက ၂၀၂၆ ခုနှစ်တွင် အလုပ်သမား ၈,၀၀၀ ဦးထိတိုးမြှင့်ရန်စီစဉ်ထားကြောင်း၊ တရုတ်လျှပ်စစ်မော်တော်ကားထုတ်လုပ်သူများက မော်တော် ကားအစိတ်အပိုင်းစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို ထိုင်းပြည်တွင်းထုတ်လျှပ်စစ်မော်တော်ကားအစိတ်အပိုင်းများကို အသုံးပြုလျက်ရှိရာ လက်ရှိတွင် ပြည်တွင်း ထုတ်ထောက်ပံ့ပေးနေမှုသည် ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကြားဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် ဘတ်ထရီလျှပ်စစ်မော်တော်ကား၊ နှစ်မျိုးသုံးလျှပ်စစ်မော်တော် ကားများ၊ ပလပ်ပေါက်ထိုးနှစ်မျိုးသုံး လျှပ်စစ်မော်တော်ကားများနှင့် Range-Extended လျှပ်စစ်မော်တော်ကားများ၏ထုတ်လုပ်မှုအခြေစိုက် ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ “30@30” မူဝါဒအရ ၂၀၃၀ ပြည့်နှစ်တွင် မော်တော်ကားထုတ်လုပ်မှု ၏ ၃၀ ရာခိုင်နှုန်းသည် လျှပ်စစ်မော်တော်ကားကို ကိုယ်စားပြုမည်ဖြစ်ရာ ထုတ်လွှတ်မှုမရှိ(zero-emission) မော်တော်ကားအစီးရေ ၇၂၅,၀၀၀၊ လျှပ်စစ်မော်တော် ဆိုင်ကယ်အစီးရေ ၆၇၅,၀၀၀ နှင့် လျှပ်စစ်ဘတ်စ်ကားနှင့် ကုန်တင်ကားအစီးရေ ၃၄,၀၀၀ ဖြစ်ကြောင်း၊ လက်ရှိတွင် မော်တော်ကားစက်မှု၏ ကျဆင်းနေမှုကြောင့် လျှပ်စစ်မော်တော်ကားကုမ္ပဏီများက အစိုးရအနေဖြင့် ထောက်ပံ့မှုများကို ဆက် လက်ထားရှိရန်နှင့် နိုင်ငံ၏ထုတ်လုပ်မှုလျာထားချက်ကို လွဲချော်မှုအပေါ် ဒဏ်တပ်ထားမှုများကို ဖျက်သိမ်းပေးရန် တောင်းဆိုကြကြောင်း၊ အစိုးရ၏ EV 3.0 အစီ အစဉ်တွင်ပါဝင်သည့် ကုမ္ပဏီများသည် အခွန်နှင့် သွင်းကုန်ခွန်နည်းပြီး တင်သွင်းကားရောင်းချမှုအပေါ်တွင်လည်း အထောက်အပံ့များရရှိခဲ့ရာ ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းတွင် လျှပ်စစ်မော်တော်ကားများကို တပ်ဆင်ပေးရမည်ဖြစ်သော်လည်း ထိုင်းဈေးကွက်အတွင်း ၁ နှစ်ကျော်ကြာ ပြည်တွင်းမော်တော်ကားရောင်းအားကျဆင်းနေမှုကြောင့် ကုမ္ပဏီများသည် လိုအပ်ချက်အတိုင်း မဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)