ထိုင်းနှင့် အမေရိကန်တို့အကြား အခွန်နှင့်စပ်လျဉ်း၍ အလွတ်သဘောဆွေးနွေးမှုများဆောင်ရွက်နေစဉ်အတွင်း ပူပန်မှုဖြင့် စောင့်ဆိုင်းနေရချိန်၏ အဆုံးသတ်အဖြစ် အခွန်ဆိုင်ရာညှိနှိုင်းမှုအတွက် အမေရိကန်ကသဘောတူညီခဲ့ပြီဖြစ်ကြောင်း ဘဏ္ဍာ ရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ပြောကြားခဲ့သည်။
အမေရိကန်က အပြန်အလှန်ကုန်သွယ်မှုနှင့် အခွန်ကိစ္စရပ်အပေါ် ဆွေးနွေးသွားရန် သဘောတူညီခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E Mr. Maris Sangiampongsa က ပြောကြားခဲ့ကြောင်း၊ နှစ်နိုင်ငံအလွတ်သဘောဆွေးနွေးမှုများကို ယခင်ကဆောင်ရွက်ခဲ့ကြပြီး ထိုင်းနိုင်ငံ၏အဆိုပြုလွှာများသည် အပြန် အလှန်အကျိုးရှိစေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုမှစတင်ခြင်းမဟုတ်ဘဲ အလွတ်သဘောဆွေးနွေးမှုများရှိခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အချင်းချင်းလည်း ဆွေးနွေးခဲ့ပြီးဖြစ်ရာ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ လာမည့်ဆွေးနွေးမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို အစီရင်ခံသွားမည်ဖြစ်ကြောင်း၊ ဇူလိုင် လတွင် သက်တမ်းကုန်ဆုံးတော့မည့် အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် ရက် ၉၀ ရွှေ့ဆိုင်းမှုမတိုင်မီ အမေရိကန်နှင့် အခွန်ဖြတ်တောက်နိုင်ရေးညှိနှိုင်းမှုများကို မဆောင်ရွက်နိုင်ပါက ထိုင်းနိုင်ငံအနေဖြင့် အခွန် ၃၆ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ် ကြောင်း ဝန်ကြီး Mr. Pichai က လူမှု ကွန်ယက်စာမျက်နှာပေါ်တွင် ဗီဒီယိုအတိုဖြင့် တင်ပြခဲ့ပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)