International News

အိန္ဒိယအစိုးရက ဗဟိုစျေးနှုန်းပံ့ပိုးမှုအစီအစဉ်အရ ပဲတီစိမ်း ၅၄,၁၆၆ တန်နှင့် မြေပဲ ၅၀,၇၅၀ တန် ၀ယ်ယူမည်ဟု အတည်ပြု

Last Updated:

အိန္ဒိယအစိုးရက ဟာရီနာ၊ ဂူဂျာရတ်နှင့် ဥတ္တာပရာဒေ့ရှ်ပြည်နယ်တို့မှ ပဲတီစိမ်း ၅၄,၁၆၆ တန်ကိုလည်းကောင်း၊ မြေပဲ   ၅၀,၅၇၉ တန်ကို ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှလည်းကောင်း အနိမ့်ဆုံးပံ့ပိုးပေးသည့်စျေးနှုန်း(MSP)ဖြင့်ဝယ်ယူရန်  အတည်ပြုခဲ့ကြောင်း သိရှိရသည်။

၂၀၂၅-၂၆ ခုနှစ် နွေရာသီသီးနှံများဝယ်ယူရေးအား ဗဟိုစျေးနှုန်းပံ့ပိုးမှုအစီအစဉ် (PSS)အရ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယင်းသည် သီးနှံများ၏ ဈေးကွက်ပေါက်ဈေးမှာ အနိမ့်ဆုံးပံ့ပိုးပေးသည့် စျေးနှုန်း(MSP)အောက်ကျဆင်းသွားသော အခါတွင် စတင်အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးဝန်ကြီး Shivraj Singh Chouhan  က  လယ်သမားများ၏အကျိုးစီးပွားကိုကာကွယ်ရန် PSS အစီအစဉ်အောက်ရှိ သီးနှံများဝယ်ယူရန် အဆိုပြုချက်ကို အတည်ပြုခဲ့ကြောင်း၊ ဝန်ကြီးသည် အန်ဒရာပရာဒေ့ရှ်ပြည်နယ်တွင် ဇွန် ၂၆ ရက်အထိ ဝယ်ယူရေးကာလကို ၁၅ ရက်သက်တမ်းတိုးရန်လည်း အတည်ပြုခဲ့ကြောင်းသိရှိရသည်။

၂၀၂၄-၂၅ ခုနှစ်တွင် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးများ၏ ထုတ်လုပ်မှု ၁၀၀ ရာခိုင်နှုန်းကို PSS အစီအစဉ်အောက်တွင် အစိုးရကဝယ်ယူမည်ဟု  လယ်သမားများအား လှုံ့ဆော်ပေးခြင်းဖြင့် ပြည်တွင်းပဲထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် သွင်းကုန်မှီခိုမှုကို လျှော့ချရန် အစိုးရက ခွင့်ပြုထားကြောင်းနှင့် ဤအစီအစဉ်ကို ၂၀၂၈-၂၉ ခုနှစ်အထိ နောက်ထပ်လေးနှစ်သက်တမ်းတိုးထားကြောင်း သိရှိရပါသည်။

PSS အစီအစဉ်အောက်ရှိ ၀ယ်ယူမှုများကို ဗဟိုအစိုးရအေဂျင်စီများဖြစ်သည့် National Agricultural Cooperative Marketing Federation of India(Nafed)နှင့် National Cooperative Consumers' Federation of India(NCCF)တို့မှ ဆောင်ရွက်ကြောင်း သိရှိရသည်။

Source: Govt approves procurement of 54,166 tonnes moong, 50750 tonnes groundnut under PSS, The Economic Times, 12 June, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News