International News

မေလတွင် ဆန်စျေးနှုန်းများကျဆင်းပြီး ပြောင်းစျေးနှုန်းများမြင့်တက်လာ

Last Updated:

၂၀၂၆ ခုနှစ်၊ မေလတွင် ဆန်စျေးနှုန်းများ ယခင်လထက်ကျဆင်းခဲ့ပြီး ပြောင်းစျေးနှုန်းများမြင့်တက်လာကြောင်းဖိလစ်ပိုင်စာရင်းအင်းအာဏာ ပိုင်အဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

အဆင့်မြင့်ကြိတ်ဆန်(Well-milled rice)စျေးနှုန်းသည် မေလတွင် ၃.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တစ်ကီလိုဂရမ်လျှင် ၅၀.၁၂ ပီဆိုရှိခဲ့သော်လည်း ယခင်နှစ် မေလနှင့်နှိုင်းယှဉ်ပါက ၂၀.၄ ရာခိုင်နှုန်းမြင့်တက်နေကြောင်း၊ အရည်အသွေးမြင့်ဆန်(Premium rice)စျေးနှုန်းသည်လည်း ယခင်လထက် ၃.၅ ရာခိုင်နှုန်းကျဆင်းကာ တစ်ကီလိုဂရမ်လျှင် ၅၃.၄၂ ပီဆိုရှိခဲ့ပြီး ယခင်နှစ် မေလထက် ၁၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။ အလားတူ အထူးဆန်(Special rice)စျေးနှုန်းသည်လည်း ယခင်လထက် ၂.၁ ရာခိုင်နှုန်းကျဆင်းကာ တစ်ကီလိုဂရမ်လျှင် ၅၆.၃၈ ပီဆိုရှိခဲ့ပြီး ယခင်နှစ် မေလထက် ၁၅.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

ပြောင်းဖူးဝါကြိတ်မှုန့်(Yellow corn grits)စျေးနှုန်းသည် ယခင်လထက် ၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် ၃၃.၉၄ ပီဆိုရှိခဲ့ကာ ယခင်နှစ်မေလထက် ၁၃.၄ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်အစာအဖြစ်အသုံးပြုသည့်ပြောင်းဖူးဝါစေ့(Yellow corn grain) စျေးနှုန်းသည်လည်း ယခင်လထက် ၂.၄ ရာခိုင်နှုန်းမြင့်တက်ကာ တစ်ကီလိုဂရမ်လျှင် ၂၄.၅၃ ပီဆိုရှိခဲ့ပြီး ယခင်နှစ် မေလထက် ၁၅.၉ ရာခိုင် နှုန်းမြင့်တက်ခဲ့ကြောင်း၊ လူသားတို့စားသုံးမှုအတွက် အဓိကအသုံးပြုသည့် ပြောင်းဖူးစေ့(အဖြူ)(White corn grain)စျေးနှုန်းမှာ ယခင်လထက် ၀.၈ ရာခိုင်နှုန်းမျှသာမြင့်တက်ခဲ့ပြီး တစ်ကီလိုဂရမ်လျှင် ၃၄.၅၈ ပီဆိုရှိခဲ့သော်လည်း ယခင်နှစ်မေလနှင့်နှိုင်းယှဉ်ပါက ၇၂.၆ ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလအတွင်း ပြောင်းဖူးဖြူကြိတ်မှုန့်(White corn grits)စျေးနှုန်းသည် ယခင်လထက် ၂.၃ ရာခိုင်နှုန်းမြင့်တက်ကာ တစ်ကီလိုဂရမ်လျှင် ၅၂.၁၈ ပီဆိုရှိခဲ့ပြီး ယခင်နှစ် မေလထက် ၆၁.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

Source:https://bworldonline.com/economy/2026/06/09/755709/rice-prices-drop-in-may-corn-prices-rise/

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News