International News

ယူအေအီးနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံတို့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများကို မြှင့်တင်ရန် CEPA ကို စတင်ဆောင်ရွက်

Last Updated:

ယူအေအီးနိုင်ငံနှင့်ဂျော်ဒန်နိုင်ငံတို့အကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)မှာမနက်ဖြန်တွင်စတင်အသက် ဝင်မည်ဖြစ်ပြီး ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အာရပ်နိုင်ငံတစ်ခုနှင့် ပထမဆုံးသော CEPA လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဤသဘောတူညီချက်သည် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆက်ဆံမှုများကို နက်ရှိုင်းစေခြင်း၊ အခွန်စည်းကြပ်မှုများကိုလျှော့ချခြင်း (သို့မဟုတ်)လျှော့ချရန်နှင့် နှစ်နိုင်ငံအကြား စျေးကွက်ဝင်ရောက်ခွင့် ချဲ့ထွင်ရန် ရည်ရွယ်ထားကာ၂၀၃၂ ခုနှစ်မတိုင်မီ နှစ်နိုင်ငံရေနံမဟုတ်သောကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်အထိတိုးမြှင့်နိုင်ရန်ရည်မှန်းထားသည်။ ၂၀၂၄ ခုနှစ်အတွင်းက နှစ်နိုင်ငံ ရေနံမဟုတ်သောကုန်သွယ်မှုသည် ခန့်မှန်းခြေအားဖြင့်အမေရိကန်ဒေါ်လာ ၅.၆၂ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၃၄.၁ % တိုးတက်လာခဲ့ပါသည်။

ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Dr. Thani bin Ahmed Al Zeyoudi က သဘောတူညီချက်ကို “ပူးပေါင်းဆောင်ရွက်မှုခေတ်သစ်” ဟုခေါ်ဆိုခဲ့ပြီး မျှဝေခံစားနိုင်သောတိုးတက်မှုနှင့် သာယာဝပြောရေးကို မြှင့်တင်ရာတွင် ၎င်းတို့၏အခန်းကဏ္ဍကို မီးမောင်းထိုးဖော်ပြခဲ့ပါသည်။ အဆိုပါ CEPA သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆေးဝါးနှင့်ခရီးသွားလုပ်ငန်းစသည့်ကဏ္ဍများတွင် အခွင့်အလမ်းများကို ဖန်တီးပေးသွားမည်ဟု မျှော်လင့်ထားပါသည်။

ယူအေအီးနိုင်ငံ၏ ပဉ္စမမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သော ဂျော်ဒန်နိုင်ငံသည် ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်း နှစ်နိုင်ငံရေနံမဟုတ်သော ကုန်သွယ်မှုပမာဏ ၁၃၈ % တိုးတက်လာခဲ့ပါသည်။ ယူအေအီးသည် ဂျော်ဒန်တွင် အကြီးမားဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၂.၅ ဘီလီယံခန့်ရှိပါသည်။

ကုန်သွယ်မှုဆိုင်ရာအတားအဆီးများကိုဖယ်ရှားပြီး SMEs များကိုပံ့ပိုးပေးခြင်းဖြင့် CEPA သည် ထောက်ပံ့ရေးကွင်းဆက်များကို အားကောင်းလာစေပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါ သည်။ ဂျော်ဒန်၏ ကျွမ်းကျင်လုပ်သားအင်အားနှင့် စက်မှုစွမ်းပကားများ သည် ယူအေအီးနိုင်ငံ၏ စွမ်းအင်၊ အခြေခံအဆောက်အအုံနှင့် ဘဏ္ဍာ ရေးဆိုင်ရာအားသာချက်များကို ဖြည့်စွက်ချက်တစ်ရပ်အဖြစ် ရှုမြင်ထား ရှိပါသည်။

သုံးကြိမ်တိုင်တိုင်စေ့စပ်ဆွေးနွေးမှုများအပြီးနောက် အဆိုပါသဘောတူညီချက်သည် ယူအေအီးနိုင်ငံ၏ပိုမိုကျယ်ပြန့်သော CEPA အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့ပြီး ၎င်း၏အမျိုးသားစီးပွားရေးကို ၂၀၃၀ ခုနှစ်မတိုင်မီ အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံအထိ နှစ်ဆတိုးစေမည့် ရည်မှန်းချက်အပေါ် ပံ့ပိုးပေးလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်အတွင်းက ယူအေအီးနိုင်ငံသည် ရေနံမဟုတ်သော ကုန်သွယ်မှုပမာဏတွင် အမေရိကန်ဒေါ်လာ ၈၁၆ ဘီလီယံအထိ စံချိန်တင်ရရှိခဲ့ပြီး ၎င်းတို့၏ CEPA သဘောတူညီချက်များမှ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်အတိုင်း အတာအထိ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့သည့်အစိတ် အပိုင်းတစ်ရပ်အဖြစ် တွန်းအားပေးမောင်းနှင်နိုင်ခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် ၁၄.၆ % အထိ တိုးတက်လာခဲ့ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News