၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ Chongqing တွင် ပြုလုပ်ခဲ့သည့် China-Singapore(Chongqing) Demonstration Initiative on Strategic Connectivity(CCI)၏ (၁၀)နှစ်ပြည့်အခမ်းအနားတွင် အစိမ်းရောင်စီးပွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် သတင်းအချက်အလက်ဝန်ကြီး ဌာန ဝန်ကြီး Josephine Teo နှင့် Chongqing မြို့တော်ဝန် Hu Henghua တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။
(၁၀) ကြိမ်မြောက် CCI ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကို Chongqing တွင်ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေး၌ ဒီဂျစ်တယ်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စသည့်ထွန်းသစ်စကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြပါသည်။
CCI ၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ တရုတ်-စင်ကာပူ(Chongqing)ချိတ်ဆက်မှု-အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ် ရေးစင်္ကြံကုန်သွယ်မှုနှင့် ဘဏ္ဍာရေးညီလာခံ(China-Singapore(Chongqing) Connectivity Initiative – New International Land-Sea Trade Corridor (CCI-ILSTC) Trade and Financial Conference)၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့ မှ ၁၃ ရက်နေ့အထိ စင်ကာပူနိုင်ငံ၌ “Chongqing Week in Singapore” နှင့် “China, an Opportunity: Chongqing Brands”၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် Chongqing ၌ “Experience Singapore Week” တို့ကို ပြုလုပ်မည်ဖြစ်ပါသည်။
ဝန်ကြီး Josephine Teo က “CCI ကို အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံအနောက်ပိုင်းဒေသတို့အကြား ဒေသတွင်းချိတ်ဆက်မှုပိုမိုအားကောင်းစေရေးအတွက် စင်ကာပူနိုင်ငံနှင့် Chongqing တို့ကိုအချက်အခြာကျသည့် နေရာများဖြစ်စေရေး အရေးပါသည့်စင်္ကြံအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CCI ၏အောင်မြင်သည့်စီမံကိန်းများနှင့် တီထွင်ဆန်းသစ်မှုများကို တည်ဆောက်ခြင်းဖြင့် စင်ကာပူ နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဖြစ်ပြီး ဒီဂျစ်တယ်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စသည့်ထွန်းသစ်စကဏ္ဍများတွင် ကုမ္ပဏီများအနေဖြင့် အခွင့်အလမ်းများကိုရရှိစေရေး ကူညီထောက်ပံ့နိုင်မည်ဖြစ် ကြောင်း” ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ Ministry of Trade and Industry, Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)