ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက သောကြာနေ့တွင်ကျင်းပပြုလုပ်ခဲ့သည့် ၇၉ နှစ်မြောက်လွတ်လပ်ရေးနေ့၌ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားစဉ် လယ် သမားများအကျိုးစီးပွားကို တံတိုင်းသဖွယ် မြင့်မားစွာရပ်တည်ကာကွယ်ပေးမည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။
ခံတပ်နီ(Red Fort)၏ရှေ့တွင်ပြုလုပ်ခဲ့သည့် အဆိုပါမှတ်ချက်သည် အမေရိကန်က အိန္ဒိယအား စိုက်ပျိုးရေးဈေးကွက်ဖွင့်ပေးရန်ဖိအားပေးနေစဉ်၊ ရုရှားရေနံဝယ်ယူမှုအတွက် ဒဏ်ခတ်မှုဟုခေါ်ကြသောထပ်ဆောင်း အခွန် ၂၅ ရာခိုင်နှုန်းချမှတ်ထားသည့် နောက်ခံအခြေအနေတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
မိုဒီက စီးပွားရေးဆန်ဆန်အတ္တကြီးသောခေတ်ကြီးတွင် မိမိရပ်တည် ချက်ကို ခိုင်မာစွာကာကွယ်ရန်အလေးပေးပြောကြားခဲ့ပြီး မိမိရပ်တည် ချက်ကို ခိုင်ခိုင်မာမာထိန်းသိမ်းနိုင်ပါက၊ ကမ္ဘာကြီးက ကျွန်ုပ်တို့၏ အင်အားကို အသိအမှတ်ပြုလာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယနေ့ကမ္ဘာ့အခြေအနေမှာ စီးပွားရေးအရတစ်ကိုယ်ကောင်းဆန်သည့်စိတ်က တစ်နေ့ထက်တစ်နေ့မြင့်တက်လာနေသည့်အချိန်တွင် မိမိတို့အနေနှင့် ထိုပြဿနာများကို ထိုင်ပြီးငိုကြွေးနေမည့်အစား ယခုအချိန်အတွက် လိုအပ်သည့်လမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိန္ဒိယကုန်ပစ္စည်းများအပေါ် ထပ်တိုးစည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းနှင့်ရုရှားရေနံတင်သွင်းမှုအတွက် ဒဏ်ငွေများချမှတ်ကြောင်းကြေညာပြီးနောက် ဝန်ကြီးချုပ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနကလည်း ပို့ကုန်လုပ်ငန်းရှင်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် သက်ဆိုင်သူအားလုံးနှင့်ဆွေးနွေးပြီး လယ်သမား၊ အလုပ်သမား၊ လုပ်ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ MSMEs နှင့် စက်မှုကဏ္ဍဆိုင်ရာ သက်ဆိုင်သူများ၏အကျိုးစီးပွားကိုကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် ယင်း ကိစ္စရပ်အပေါ် အကဲဖြတ်သည့် အချက်အလက်များကို စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် မတ်လတွင် အိန္ဒိယနှင့် အမေရိကန်တို့သည် နှစ်နိုင်ငံကုန် သွယ်ရေးသဘောတူစာချုပ်(BTA)အတွက် စတင်ဆွေးနွေးခဲ့ပြီး ပထမအဆင့်သဘောတူစာချုပ်ကို ၂၀၂၅ နိုဝင်ဘာ–အောက်တိုဘာလအတွင်း လက်မှတ်ထိုးမည်ဟု နှစ်နိုင်ငံလုံးက ကြေညာထားသည်။ ဆွေးနွေးပွဲများကို စတင်ခဲ့သည်။ ဆွေးနွေးပွဲများကို အိန္ဒိယနှင့် အမေရိကန်တို့တွင် ပြုလုပ်ခဲ့ပြီး virtual meetings များလည်းပြုလုပ်ခဲ့ကြောင်း၊ ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ထုတ်ပြန်ချက်တွင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက အမေရိကန်သမ္မတ၏ နှစ်နိုင်ငံကုန်သွယ်မှုအပေါ် ကြေညာချက်ကိုမှတ်သားထားပြီး အစိုးရက ၎င်း၏အကျိုးဆက်များကို လေ့လာနေသည်ဟု ပြောကြားထားသည်။
အမေရိကန်ဘက်မှ တောင်းဆိုသည့် စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းဈေးကွက်ဖွင့်ပေးရန် အိန္ဒိယဘက်မှ သဘောမတူမှုအချို့ရှိနေကြောင်း၊ စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းကဏ္ဍတို့သည် အိန္ဒိယပြည်သူအများစု၏ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကိုထောက်ပံ့ပေးနေသဖြင့် အလွန်အရေးကြီးကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နှင့်ကုန်သွယ်ရေးလိုငွေပြနေသည့် နိုင်ငံပေါင်းများစွာအပေါ် အပြန် အလှန်စည်းကြပ်ခွန်များချမှတ်ခဲ့ကြောင်း၊ ၎င်း၏ဒုတိယသက်တမ်းတာဝန်ယူချိန်မှစ၍ သမ္မတထရမ့်သည် အခွန်အပြန်အလှန်သဘော ထားကို ထပ်မံအတည်ပြုပြောကြားခဲ့ပြီး ၎င်း၏အရေးပါမှုကို အလေး ပေးလိုက်နာလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးရေးနှင့်နို့ထွက်ပစ္စည်းကဏ္ဍများကို ဖွင့်ပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ အိန္ဒိယဘက်က သဘောထားတင်းမာမှုများရှိခဲ့ကြောင်းနှင့် စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းကဏ္ဍနှစ်ခုစလုံးသည် အိန္ဒိယနိုင်ငံအတွက် အလွန်အရေးကြီးပြီး ၎င်းတို့က လူဦး ရေ၏ အများစုအတွက် အသက်မွေးဝမ်းကျောင်းမှုအခွင့်အလမ်းများကိုပေးစွမ်းနေသည့် ကဏ္ဍဖြစ်ကြောင်းသိရှိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကုန်သွယ်ရေးလိုငွေပြနေသည့်နိုင်ငံများစွာအပေါ် အပြန်အလှန်အခွန်အကောက်များချမှတ်ခဲ့ပြီး ၎င်း၏ဒုတိယသက်တမ်းအတွက် ရာထူးကိုစတင်တာဝန်ယူပြီးနောက် သမ္မတထရမ့်က "မျှတသောကုန်သွယ်ရေးကိုအာမခံနိုင်ရန် "အိန္ဒိယအပါအဝင်အခြားနိုင်ငံများက ချမှတ်ထားသောအခွန်အကောက်များနှင့်တူညီသော အခွန် အကောက်များကို အမေရိကန်ပြည်ထောင်စုက တုံ့ပြန်ကောက်ခံမည်ဟု ၎င်း၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။
Source: PM Modi vows to stand like a wall to protect interests of farmers from any unfriendly policies, The Economic Times, August 15, 2025.
(မျိုးမောင်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)