International News

ဂါနာနိုင်ငံသည် စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးဆန်တင်ပို့သည့် ဈေးကွက်ဖြစ်လာ

Last Updated:

ဂါနာနိုင်ငံသည် စက်တင်ဘာလတွင် ဗီယက်နမ်နိုင်ငံမှ ဆန်အများဆုံးဝယ်ယူသူဖြစ်လာခဲ့သည်။ ဖိလစ်ပိုင်မှ တင်သွင်းမှုယာယီရပ်ဆိုင်းပြီးနောက် စုစုပေါင်းတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ပထမ ၉ လအတွင်း ဆန်တန်ချိန် ၆.၈၃ သန်းတန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၄၉ ဘီလီယံရရှိခဲ့ပါသည်။ ပမာဏအားဖြင့် ၂.၀၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တန်ဖိုးမှာ တစ်နှစ်ထက်တစ်နှစ် ၁၉.၉၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

စက်တင်ဘာတစ်လတည်းတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၃၂.၃၈ သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၄၆၆,၈၀၀ တင်ပို့ခဲ့သည်။ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၄၃.၂၇ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၅၄.၇၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ဂါနာ၊ အိုင်ဗရီးကို့စ်နှင့် မလေးရှားတို့သည် ဗီယက်နမ်ဆန် ဒုတိယနှင့် တတိယအကြီးဆုံးတင်သွင်းသူများဖြစ်ကြပြီး ဈေးကွက်ဝေစု၏ ၅၁ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းအသီးအသီးရှိကြသည်။

ဩဂုတ်လအစောပိုင်းတွင် ဖိလစ်ပိုင်အစိုးရသည် ပြည်တွင်းဆန်ဈေးနှုန်းများကျဆင်းမှုကြောင့် ဆန်တင်သွင်းမှုကို စက်တင်ဘာ ၁ ရက်မှ ၂ လကြာရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် အခြားဒေသများမှ ဝယ်လိုအားကြီးမားမှုကြောင့် အလုံးစုံတင်ပို့မှုအားကောင်းနေမည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းကြသည်။

ဗီယက်နမ်နိုင်ငံ၏ အဓိကဝယ်လက်များထဲမှ တစ်ခုဖြစ်သည့် ဖိလစ်ပိုင် သည် ရက်ပေါင်း ၆၀ အတွင်း သွင်းကုန်ပြန်လည်ဖွင့်လှစ်ရန်မဆုံးဖြတ်မီ လက်ရှိအခြေအနေကို အကဲဖြတ်သွားမည်ဖြစ်သည်။ အဆိုပါကာလအတွင်း ဗီယက်နမ်နိုင်ငံအနေဖြင့် ပို့ကုန်လုပ်ငန်းများ ပြုပြင်ပြောင်းလဲရန် သို့မဟုတ် တိုးမြှင့်ရန် အချိန်အလုံအလောက်ရှိမည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံမှ ဆန်တင်သွင်းမှုကို ယာယီရပ်ဆိုင်းထားသော်လည်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများမှ တင်သွင်းမှုမြင့်တက်လာခြင်းကြောင့် ဗီယက်နမ်၏ ပို့ကုန်သည် တစ်နှစ်ပတ်လုံးတန်ချိန် ၈.၂ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။ 

၁၇-၁၀-၂၀၂၅

Source:    https://vietnamnet.vn/en/ghana-becomes-vietnam-s-largest-rice-export-market-in-september-2451926.html

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News