ထိုင်းနိုင်ငံ၌ ကုန်စည် ၅၉ မျိုးအပေါ် စောင့်ကြည့်လျက်ရှိပြီး လောင်စာဆီလုံလောက်စွာ ကျန်ရှိနေသေးသဖြင့် တည်ငြိမ်မှုရှိစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mrs. Suphajee Suthumpun က တိုက်တွန်းထားကြောင်း သိရှိရပါသည်။
လောင်စာဆီလုံလောက်စွာရှိနေဆဲဖြစ်ပြီး အဓိကကုန်ပစ္စည်းအုပ်စုခြောက်ခုမှ ထိန်းချုပ်ထားသည့်ကုန်ပစ္စည်း ၅၉ ခု၏ ဈေးနှုန်းများကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ စားသုံးသူများအနေဖြင့် ထိတ်လန့်ခြင်း သို့မဟုတ် ကုန်ပစ္စည်းများသိုလှောင်ခြင်းမပြုရန် ပြည်သူများအား တိုက်တွန်းထားကြောင်း၊ သက်ဆိုင်ရာအေဂျင်စီများက နိုင်ငံတစ်ဝှမ်းတွင် လောင်စာဆီသိုလှောင်မှုလုံလောက်မှုရှိကြောင်း အတည်ပြုခဲ့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လက်လီစက်သုံးဆီဈေးနှုန်းများကို တိုက်ရိုက်မသတ်မှတ်ထားသော် လည်း လောင်စာဆီဈေးနှုန်းများကို စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်နှုန်းထားများနှင့်အညီ ဆက်လက်ထားရှိနိုင်စေရန်အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ အချို့သောဝန်ဆောင်မှုဌာနများတွင် လောင်စာဆီပြတ်တောက်မှုဆိုင်းဘုတ်များ ထွက်ပေါ်လာခြင်းအတွက် ရှင်းလင်းချက်သည် စွမ်းအင်ဝန်ကြီးဌာနမှ တိုက်ရိုက်လာသင့်ကြောင်း ဝန်ကြီး Suphajee က ပြောကြားခဲ့သည်။
ကုန်ပစ္စည်းလက်ကျန်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး မရှိမဖြစ်ကုန်ပစ္စည်းများကျန်ရှိနေသေးကြောင်း၊နေ့စဉ်လိုအပ်ချက်များအပေါ် စိုးရိမ်ပူပန်မှုများတည်ငြိမ်စေလိုကြောင်း၊ ထုပ်ပိုးရာတွင်အသုံးပြုသည့် ပလတ်စတစ်အလုံးများသည် ဧပြီလကုန်အထိ လုံလောက်မှုရှိသော် လည်း ယူရီးယားဓာတ်မြေသြဇာလက်ကျန်များသည် သြဂုတ်လအထိ ပြည်တွင်းဝယ်လိုအားကိုကာမိရန် မျှော်လင့်ထားကြောင်း၊ အရှေ့အလယ်ပိုင်းနှင့် အီရန်တို့ထံမှ နောက်ထပ်သွင်းကုန်အရင်းအမြစ်များကို ရှာဖွေလျက်ရှိကြောင်း၊ ခေါက်ဆွဲခြောက်၊ နို့နှင့် ဓာတ်မြေသြဇာအပါ အဝင် ထိန်းချုပ်ကုန်စည် ၅၉ မျိုးကို တရားဝင်စျေးနှုန်းထိန်းချုပ်မှုအောက်တွင် ဆက်လက်ထားရှိထားကြောင်း၊ထိတ်လန့်ကာ စုပြုံဝယ်ယူ ခြင်း(panic buying)ကြောင့် အတုအယောင်ပြတ်လပ်မှုပုံစံဖြစ်စေနိုင်ပြီး ထောက်ပံ့ရေးကွင်းဆက်များတွင် မလိုလားအပ်သော ဖိအားများဖြစ်စေနိုင်ကြောင်းကို သတိပေးလိုကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံစီးပွားရေးကို ကျယ်ကျယ်ပြန့်ပြန့်ရေရှည်ပျက်စီးမှုမှ ရှောင်ရှားနိုင်စေရန် အစိုးရက မြင့်တက်လာသော ကုန်ကျစရိတ်နှင့် အများပြည်သူ၏နေထိုင်မှုစရိတ်တို့ကြား မျှတအောင်လုပ်ဆောင်နေသဖြင့် ထိတ်လန့်ပြီးကုန်ပစ္စည်းများကို သိုလှောင်ခြင်းများကို မဆောင်ရွက်စေလိုကြောင်း၊ တိုင်ကြားမှုများရှိပါက ကနဦးစောင့်ကြည့်ခြင်းနှင့်စုံစမ်းစစ်ဆေးခြင်းများကို ပြည်နယ်ကုန်သွယ်ရေးရုံးများက ဦးဆောင်ကာ သက်ဆိုင်ရာအေဂျင်စီများအားလုံးကို အနီးကပ်ညှိနှိုင်းဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း ဝန်ကြီး Suphajee က ဖြည့်စွက်ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ဆက်နွှယ်နေသည့် တင်းမာမှုများကြားတွင် ဌာနသည် လူသုံးကုန်ပစ္စည်းများဈေးနှုန်းများကို အရှိန်မြှင့်ကာ အထူးသဖြင့် ရေနံဈေးနှင့်သွင်းကုန်ကုန်ကြမ်းများနှင့် ကုန်ကျစရိတ်ကိုဆက်စပ်နေသဖြင့် စောင့်ကြည့်နေပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများဆိုင်ရာ စျေးနှုန်းဗဟိုကော်မတီ၏ ၂၀၂၅ ခုနှစ် ကြေညာချက်အရ လက်ရှိတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများစျေးနှုန်းဥပဒေအရ ဥပဒေအရကြီးကြပ်ကွပ်ကဲရမည့်ကုန်ပစ္စည်း ၅၉ ခုရှိ ကြောင်း၊ တည်ဆဲစည်းမျဉ်းများအရ၊ ထုတ်လုပ်သူနှင့်ဖြန့်ဖြူးသူများသည် အများသူငှာထိခိုက်နိုင်သော မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများအတွက် ဈေးနှုန်းမမြှင့်မီ ကြိုတင်ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ ဌာနသည် အရောင်း-စျေးနှုန်းချိန်ညှိမှုမျှတမှု ရှိ၊မရှိမဆုံးဖြတ်မီ ကုန်ကျ စရိတ်ဖွဲ့စည်းပုံများကို အသေးစိတ်စစ်ဆေးမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိ စျေးနှုန်းတိုးမြှင့်ရန် လုပ်ငန်းများက တင်ပြခြင်းမရှိသေးကြောင်း၊ မသေချာမရေရာသော လက်ရှိကာလတွင် အိမ်ထောင်စုများအပေါ် ဖိအားများဖြေလျှော့ပေးနိုင်ရန် ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချသူများကိုလည်း ဈေးနှုန်းများမပြောင်းလဲစေရန်တောင်းဆိုထားကြောင်း ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Wittyakorn Maneenet က လုပ်ငန်းစဉ်ကို ရှင်းလင်းပြောကြားပါသည်။
မြင့်မားသော ရေနံကုန်ကျစရိတ်နှင့် သယ်ယူပို့ဆောင်ရေးအနှောင့် အယှက်များကြောင့် ထိခိုက်နိုင်သည့် ကုန်ပစ္စည်းအုပ်စု ၆ ခု အနီးကပ်စောင့်ကြည့်မှုစာရင်းတွင် ထည့်သွင်းခဲ့ပြီး ၎င်းတို့မှာ လတ်ဆတ်သော အစားအစာများဖြစ်သည့် ကြက်ဥ၊ ဝက်သားနှင့် ကြက်သား၊ ဆန်၊ ဆီအုန်းနှင့် သစ်သီးများအပါအဝင် အဓိကစိုက်ပျိုးရေးထွက်ကုန်များ၊ တစ်ရှူးစက္ကူနှင့် စက္ကူထုပ်ပိုးခြင်းကဲ့သို့သောမရှိမဖြစ် လူသုံးကုန်ပစ္စည်းများ၊ စည်သွတ်အစားအစာ အထူးသဖြင့် ငါးသေတ္တာ၊ သောက်ရေ၊ နို့ဗူးနှင့် ဟင်းသီးဟင်းရွက်ဆီအပါအဝင် ပလတ်စတစ်ထုပ်ပိုးမှုဖြင့် အဖျော် ယမကာနှင့်ကုန်ပစ္စည်းများ၊ ဘိလပ်မြေ၊ သံမဏိအကန့်များ၊ အိမ်ဆေး၊ PVC ပိုက်များနှင့် ကြွေပြားများကဲ့သို့သော ဆောက်လုပ်ရေးပစ္စည်းများ ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
လယ်ယာထွက်ကုန်နှင့် သွင်းအားစုများအတွက် ဓာတ်မြေသြဇာအခြေ အနေကို အနီးကပ်ခြေရာခံပြီး ထိုင်းနိုင်ငံတွင် ပြည်တွင်းသုံးရန် လုံလောက်စွာကျန်ရှိနေသေးကြောင်း၊တင်သွင်းသူများသည် မလေးရှား၊ ဘရူနိုင်းနှင့် အိုမန်တို့အပါအဝင် ပဋိပက္ခကြောင့် ထိခိုက်မှုမရှိသော နိုင်ငံများသို့ အရင်းအမြစ်မျိုးစုံကို ဖြန့်ဖြူးပေးခဲ့ကြောင်း၊တစ်ချိန်တည်းမှာပင် စပါး၊ ပြောင်း၊ ဆီအုန်းနှင့် အသီးအနှံများအတွက် အဓိကစိုက်ပျိုးသည့် ဧရိယာများကို မေလမှ သြဂုတ်လမတိုင်မီ တစ်နိုင်ငံလုံးရှိ တောင်သူများထံ တိုက်ရိုက်ဓာတ်မြေသြဇာပံ့ပိုးပေးနိုင်ရန် ဦးစီးဌာနက ပြင်ဆင်လျက်ရှိကြောင်း၊ စိုက်ပျိုးမှုအဆင့်တိုင်းတွင် သီးနှံအားလုံးအတွက် သင့်လျော်သောဖော်မြူလာများပါဝင်သော ယူရီးယား၊ ဖော့စဖိတ်နှင့်ပိုတက်စီယမ်ဓာတုဓာတ်မြေဩဇာသုံးမျိုးကို အဓိကထားအာရုံစိုက်မည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရာ တွင်ကူညီရန် ဘတ်ဂျက်“Green Flag” ဓာတ်မြေသြဇာပွဲများကို ပြင်ဆင်နေပါကြောင်း၊ စျေးကွက်ကိုကြီးကြပ်ရန်အတွက် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနသည် လစဉ် Three-tier စောင့်ကြည့်ရေးစနစ်ကို အသုံးပြုနေပါကြောင်း၊ Sensitive List တွင် ဓာတုဓာတ်မြေဩဇာ၊ ဥ၊ ဝက်သား၊ ဟင်းသီးဟင်းရွက်ဆီ၊ ဒီဇယ်နှင့် ပလတ်စတစ်အမှုန့်များအပါအဝင် ပစ္စည်း ၁၈ ခု ပါဝင်ပြီး တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးခြင်းများဖြင့်နေ့စဉ်စောင့်ကြည့်လျက်ရှိကြောင်း Mr Wittyakorn က ဖြည့်စွက်ပြောကြားခဲ့သည်။
ဦးစားပေးစောင့်ကြည့်စာရင်းတွင် အစားအစာ၊ နို့မှုန့်၊ ပိုးသတ်ဆေးနှင့် Hot-rolled steel sheet စသည့် ပစ္စည်းလေးမျိုးပါဝင်ပြီး သိုလှောင်ခြင်းမှ ကာကွယ်ရန် တစ်ပတ်လျှင်နှစ်ကြိမ် ပြန်လည်သုံးသပ်ပါကြောင်း၊ စောင့်ကြည့်စာရင်းတွင် ဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာကဲ့သို့သောပစ္စည်း ၁၉၇ ခုပါဝင်ပြီး ၁၅ ရက်တစ်ကြိမ်စစ်ဆေးပါကြောင်း၊ လက်ရှိ ပြည်တွင်းကုန်စည်နှင့် ဈေးနှုန်းအခြေအနေကို အစိုးရက သိုလှောင်မှုပမာဏနှင့် ကုန်ကျစရိတ်ဖွဲ့စည်းပုံနှစ်ခုစလုံးကို ဆက်လက်ခြေရာခံပြီး နိုင်ငံတဝှမ်းထောက်ပံ့မှုလုံလောက်စွာရှိနေကြောင်း သေချာစေရန်အတွက် လက်ရှိပြည်တွင်းကုန်စည်နှင့် ဈေးနှုန်းအခြေအနေကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ လိုအပ်သည်ထက်ပို၍ သိုလှောင်ခြင်းထက် ကုန်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့်တရားမျှတစွာဖြန့်ဝေနိုင်စေရန် ပြည်သူများအား လိုအပ်သည်များနှင့်အညီ ပမာဏအလိုက် သင့်လျော်သောပမာဏဖြင့် ဝယ်ယူကြရန်တိုက်တွန်းလိုကြောင်း၊ စွမ်းအင်ချွေတာရန်၊ ဂရုတစိုက်သုံးစွဲရန်နှင့် အစိုးရ၏နောက်ဆုံးသတင်းများကို အနီးကပ်လိုက်နာရန် ကဏ္ဍအားလုံးအား တိုက်တွန်းခဲ့ပြီး ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ပါက ထိုင်းနိုင်ငံသည် လက်ရှိမတည်မငြိမ်ဖြစ်မှုကို ချောမွေ့စွာကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အမြတ်ထုတ်ခြင်းအား သတိပေးမှုအနေဖြင့် အခွင့်ကောင်းဈေးတက်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ရောင်းချရန်ငြင်းဆိုခြင်းမှန်သမျှသည် တင်းကျပ်သော ဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း၊ ဈေးနှုန်းများကို ဖော်ပြရန် ပျက်ကွက်ပါက ဒဏ်ငွေဘတ် ၁၀,၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ကုန်ပစ္စည်းများကို ကျိုးကြောင်းဆီလျော်စွာ ဈေးနှုန်း ကြီးမြင့်စွာရောင်းချခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ရောင်းချရန် ငြင်းဆိုခြင်းတို့သည် ထောင်ဒဏ်ခုနစ်နှစ်အထိ၊ ငွေဒဏ်ဘတ် ၁၄၀,၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ပါကြောင်း၊ အများပြည်သူအနေဖြင့် သံသယရှိချိုးဖောက်မှုများကို ပြည်တွင်းကုန်သွယ်မှုဌာန၏ hotline 1569 သို့ တိုင်ကြားနိုင်ကြောင်း ဦးစီးဌာန ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
Source https://www.nationthailand.com/news/general/40063901
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)