International News

လောင်စာဆီပြတ်လပ်မှုကြောင့် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်တွင် တက္ကစီအချို့ပြေးဆွဲမှုကို ရပ်တန့်

Last Updated:

လောင်စာဆီပြတ်လပ်မှုကို စိုးရိမ်သောကြောင့် သုဝဏ္ဏဘူမိလေဆိပ်တွင်တက္ကစီအချို့ ပြေးဆွဲမှုကို ရပ်တန့်လိုက်ကြောင်း သိရှိရပါသည်။

သုဝဏ္ဏဘူမိလေဆိပ်ရှိ အငှားယာဉ်များ အထူးသဖြင့် SUV များနှင့် ဗင်ကားများသည် လောင်စာဆီပြတ်လပ်မှုကြောင့် ဈေးနှုန်းကြီးမြင့်ခြင်းမျိုးမဟုတ်ဘဲ ဝန်ဆောင်မှုများ စတင်ရပ်ဆိုင်းနေပါကြောင်း၊ ယာဉ်မောင်းများသည် ခရီးဝေးခရီးစဉ်များကို ရှောင်ရှားကြပြီး ခရီးစဉ်အတွင်း လောင်စာဆီကုန်ခမ်းသွားခြင်းနှင့် ဖြည့်စွက်စာရှာမတွေ့ခြင်းတို့ကြောင့် ဝန်ဆောင်မှုနာရီများကို ချိန်ညှိပေးကြကြောင်း၊ သုဝဏ္ဏဘူမိအငှားယာဉ်ညှိနှိုင်းရေးအသင်းမှ အစီရင်ခံစာတွင် လက်ရှိတက္ကစီအစီးရေလျှော့ချပြီး လောင်စာဆီရရှိမှုပြဿနာကို ဖြေရှင်းပေးရန် အစိုးရမှ ကြားဝင်ဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း၊ လက်ရှိတွင် လေဆိပ်တွင် တက္ကစီအစီးရေ ၅,၀၀၀ မှ ၆,၀၀၀ ဝန်းကျင်ခန့်သည် အသင်းဝင်များဖြစ်သော်လည်း အမှန်တကယ်ဝန်ဆောင်မှုပေးနေသည့် ၂,၅၀၀ သာရှိကြောင်း၊ ယာဉ်မောင်းရန် လိုအပ်နေသေးသူများသည် ညနေပိုင်းတွင် လောင်စာဆီရရှိရန် ပိုမိုခက်ခဲသောကြောင့် နံနက်ပိုင်းတွင် သာအလုပ်လုပ်ခြင်းကဲ့သို့သော ၎င်းတို့၏ဝန်ဆောင်မှုနာရီများကို လျှော့ချရန် သို့မဟုတ် ချိန်ညှိရန်လိုအပ်ကြောင်း၊ Suvarnabhumi Taxi Coordinat ion Association ဥက္ကဋ္ဌ Mr. Pallop Chayinthu က ပြောကြားခဲ့သည်။

လောင်စာဆီကုန်သွား၍ အားပြန်လည်းမဖြည့်သွင်းနိုင်တော့မည်ကို စိုးရိမ်သောကြောင့် ခရီးတိုလမ်းကြောင်းများကိုသာ ပြေးဆွဲရန် ရွေးချယ်နိုင်ကြောင်း၊ လက်ရှိတွင် တက္ကစီများသည် လောင်စာဆီဈေးကြီးမြင့်မှုကြောင့်မဟုတ်သော်လည်း လောင်စာဆီပြတ်လပ်မှုနှင့် ဖြည့်စွက်စာမရရှိနိုင်ခြင်းစသည့် ပြဿနာနှင့်ရင်ဆိုင်နေရကြောင်း၊ အစိုးရက ကူညီပေးရန် မိမိတို့အနေဖြင့် အလိုရှိသော်လည်း အစိုးရတစ်ရပ်တာဝန်ယူ ဆောင်ရွက်သည်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ အသင်းအနေဖြင့် ယာဉ်စီးခကောက်ခံမှုစနစ်ကို မီတာအခြေခံစနစ်မှ အက်ပ်အခြေခံယာဉ်စီးခတွက်ချက်မှုစနစ်သို့ ပြောင်းလဲရန် တောင်းဆိုမှုအပါအဝင် အကူ အညီပေးရန် အဆိုပြုချက်များစွာကို အသင်းအဖွဲ့မှ ပြင်ဆင်လျက်ရှိကြောင်း Mr. Pallop က ဖြည့်စွက်ပြောကြားခဲ့သည်။

Source:  https://www.nationthailand.com/blogs/news/general/40063995

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News