International News

ထိုင်းနိုင်ငံ၏ ၃၂ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ် Bhumjaithai ပါတီခေါင်းဆောင် ထိုင်းနိုင်ငံ လက်ရှိဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul ၏ဒုတိယသက်တမ်းကို အောက်လွှတ်တော်က အတည်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံ၏ ၃၂ ယောက်မြောက် ဝန်ကြီးချုပ်အဖြစ် Bhumjaithai ပါတီခေါင်းဆောင် Anutin Charnvirakul ၏ ဒုတိယသက်တမ်းကို အောက် လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ ဆိုဖွန်ဆာရမ်က ဝန်ကြီးချုပ်အသစ်ရွေးချယ်တင်မြှောက်ရန် လွှတ်တော် ၂၇ ခု ၏အထူးအစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေး ၏အထူးအောက်လွှတ်တော်တွင် ပါလီမန်အမတ်များထံမှ တခဲနက်ထောက်ခံမှုရရှိခဲ့ရာ Anutin သည် ၂၉၃ မဲရရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ ၃၂ ယောက်မြောက်၀န်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်းကို အနိုင်ရရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၉ အရ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန်သင့်လျော်သည်ဟု ယူဆသူအား အရေးပေါ်ကိစ္စရပ်အဖြစ် ထည့်သွင်းစဉ်းစားရန် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် အထွေထွေရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံရေးအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်အဖြစ် လူအများက ရှုမြင်ကြသည့်မဲရလဒ်ကို အနီးကပ်စောင့်ကြည့်နေကြကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၉ အရ ဝန်ကြီးချုပ်ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ကိုယ်စားလှယ်လောင်းတစ်ဦးသည် အောက်လွှတ်တော်အမတ်နေရာအနည်းဆုံး ၅ % သို့မဟုတ် ၂၅ နေရာရရှိထားသည့် ပါတီမှလာရမည်၊ အမည်စာရင်းတင်သွင်းခြင်းကို အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ဆယ်ပုံတစ်ပုံ သို့မဟုတ် အဖွဲ့ဝင် ၅၀ ထက်မနည်းက ထောက်ခံရမည်၊ အမည်စာရင်းတင်သွင်းခံရသူတစ်ဦးစီသည် လွှတ်တော်ကို မိန့်ခွန်းပြောကြားရန်နှင့်မဲမပေးမီ ၎င်း၏အမြင်ကိုတင်ပြရန် လိုအပ်မည်၊ လွှတ်တော်ကိုယ်စားလှယ်များကို အက္ခရာစဉ်အလိုက်အသီးသီးခေါ်ဝေါ်ခြင်းဖြင့် ပွင့်လင်းမြင်သာစွာမဲပေးခဲ့ပါသည်၊ ပါလီမန်အမတ် ၄၉၉ ဦးဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရရန် စုစုပေါင်းအဖွဲ့ဝင်ဦးရေ၏ထက်ဝက်ကျော် သို့မဟုတ် အနည်းဆုံးထောက်ခံမဲ ၂၅၀ ကျော်လိုအပ်သည် စသည့်အဓိကအခြေအနေများဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

Anutin Charnvirakul သည် ၂၉၃ မဲရရှိခဲ့ပြီး Natthaphong Ruengpanyawut သည် ၁၁၉ မဲရရှိခဲ့သဖြင့်  လိုအပ်သည့် မဲသတ်မှတ်ချက်ထက် အသာဖြင့်အနိုင်ရရှိခဲ့ကြောင်း၊ ကြားနေမဲ ၈၆ မဲနှင့် စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၄၉၉ ဦးဖြစ်ကြောင်း၊ ရလဒ်အရ အောက် လွှတ်တော်က ထိုင်းနိုင်ငံ၏ ၃၂ ယောက်မြောက်၀န်ကြီးချုပ်အဖြစ် Anutin ကို ရွေးချယ်ခဲ့ရာ ၎င်း၏ဒုတိယမြောက်ဝန်ကြီးချုပ် သက်တမ်း ဆက်တိုက်ဖြစ်ခဲ့သော်လည်း ထိုင်းနိုင်ငံ၏ ၃၂ ဆက်မြောက် ၀န်ကြီးချုပ်အဖြစ် ဆက်လက်ရပ်တည်နေကြောင်း၊ မဲပေးမှုမစတင်မီတွင် Anutin သည် ဝန်ကြီးချုပ်ရာထူးအတွက် အမည်စာရင်းတင်သွင်းခံရပြီးနောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုင်းပြည်ကို အုပ်ချုပ်ရန်အဆင်သင့်ရှိကြောင်းနှင့် ပါလီမန်အမတ်တိုင်းသည် ပါတီနှင့်မသက်ဆိုင်ဘဲ ထိုင်းပြည်သူများ၏ တန်းတူညီမျှကိုယ်စားလှယ်ဖြစ်ကြောင်း၊ ထောက်ခံအားပေးခဲ့ကြသော လွှတ်တော် အမတ်များကို ကျေးဇူးတင်စကားဖြင့် စတင်ခဲ့ပြီး ပါတီဝင်များက ၎င်းအားမဲပေးသည်ဖြစ်စေ မဲမပေးသည်ဖြစ်စေ အားလုံးကိုဂုဏ်သိက္ခာရှိစွာ ပြည်သူ့ကိုယ်စားလှယ်များအဖြစ် သတ်မှတ်ကြောင်း၊ ကဏ္ဍတိုင်းမှ အကြံဥာဏ်များနှင့် ဝေဖန်မှုများကို နားထောင်ကာ အစိုးရကို ဦးဆောင်ရန် အပ်နှင်းပါက လက်တွေ့အကောင်အထည်ဖော်ရန် အသင့်ရှိကြောင်း၊ ထိုင်းပြည်သူများ၏ အကျိုးစီးပွားနှင့် သုခကို ဆောင်ကျဉ်းပေးရန်  ထိုင်းပြည်သူများနှင့် ကိုယ်စားလှယ်အားလုံးနှင့်အတူ တတ်နိုင်သမျှအစွမ်း ကုန်လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Anutin က ပြောကြားခဲ့သည်။

Anutin သည် မတ်လ ၁၄ ရက်က ပါလီမန်အဖွင့်တွင် ဘုရင်မင်းမြတ်မှ ပြောကြားခဲ့သော တော်ဝင်မိန့်ခွန်းကို လမ်းညွှန်ချက်အဖြစ် ကိုးကား၍ လွှတ်တော်လုပ်ငန်းနှင့် နိုင်ငံတော်၏အုပ်ချုပ်မှုလမ်းကြောင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ၎င်း၏သဘောထားမှတ်ချက်များသည် အခြားအရာအားလုံးထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ ၎င်း၏တာဝန်များကို ထမ်းဆောင်ရန် ကတိ ကဝတ်များကို အလေးပေးဖော်ပြခဲ့ကြောင်း၊ မှန်ကန်မှုနှင့် ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို အမြင့်မားဆုံးဦးစားပေးရမည်ဖြစ်ကြောင်း၊ ယခင်အစိုးရသည် လူနည်းစုအစိုးရဖြစ်ခဲ့သော်လည်း နိုင်ငံကို နယ်ပယ်များစွာတွင် ရည်မှန်းချက်များအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင်လည်း  လွှတ်တော်၏ဆုံးဖြတ်ချက်ကို လေးစားစွာလက်ခံပြီး အစိုးရအဖွဲ့နဲ့အတူ ဥပဒေပြုရေးလုပ်ငန်းများကို အပြည့်အဝပံ့ပိုးကူညီသွားပြီး ပြဿနာများကို အထိရောက်ဆုံးဖြေရှင်း ရန် သန္နိဋ္ဌာန်ချထားကြောင်း ဝန်ကြီးချုပ်က မိန့်ခွန်းအဆုံးတွင် သုံးသပ်ပြောကြားခဲ့ပါသည်။

Source: https://www.nationthailand.com/news/politics/40063994

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News