International News

ဟောင်ကောင်ဒေသပင်လယ်ရေကြောင်းအကြံပေးအဖွဲ့ ဖွဲ့စည်းတည်ထောင်

Last Updated:

ပင်လယ်ရေကြောင်းအကြံပေးအဖွဲ့ဖွဲ့စည်းတည်ထောင်လိုက်ကြောင်းနှင့်အဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကို ဇူလိုင်လ ၁ ရက်မှစ၍ (၃) နှစ်သက်တမ်းခန့်အပ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ဟောင်ကောင်ဒေသအစိုးရက ဇွန်လ ၁၃ ရက်နေ့ အစိုးရသတင်းထုတ်ပြန်ချက်တွင် ကြေညာခဲ့ပါသည်။

Executive Councillor ဖြစ်သူ Moses Cheng အား အဖွဲ့ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခဲ့ပြီး၊ ပင်လယ်ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းများမှ ဦးဆောင်သူ များအား အဖွဲ့ဝင်အဖြစ် ခန့်ထားခဲ့ပါသည်။ ထို့ပြင် အစိုးရတာဝန်ရှိသူများဖြစ်သည့် ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရးဝန်ကြီး သို့မဟုတ် ကိုယ်စားလှယ်တစ်ဦး၊ပင်လယ်ရေကြောင်းသွားရေးနှင့် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်နာ၊ ရေကြောင်းညွှန်ကြားရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ အမှုဆောင်ညွှန်ကြားရေးမှူးတို့လည်း အဖွဲ့ဝင်အဖြစ်ပါဝင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ပင်လယ်ရေကြောင်းလုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုမြှင့်တင်ရန်နှင့် အစိုးရမူဝါဒအကောင်အထည်ဖော်ဆော်ရွက်မှုများကို အထောက် အကူပြုနိုင်ရန်အတွက် HKMPDBအဖွဲ့အတွက် ဝန်ထမ်းခန့်ထားပေးခြင်းနှင့်သုတေ သနစွမ်းဆောင်ရည်မြှင့်တင်ရန်၊ တရုတ်ပြည်မနှင့် ပင်လယ်ရပ်ခြားဒေသများတွင် လုပ်ငန်းမြှင်တင်ရန်နှင့် သင်တန်းများဖွင့်လှစ်နိုင်ရန် ထပ်ဆောင်းရန်ပုံငွေခွဲဝေပေးခြင်းများကို လုပ်ဆောင်ပေးသွားမည်ဖြစ်သည်ဟု ရေးသားဖော်ပြထားပါသည်။

အကြံပေးအဖွဲ့ဖွဲ့စည်းခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဟောင်ကောင်ဒေသကို နိုင်ငံ တကာပင်လယ်ရေးကြောင်းသွားလာရေးဗဟိုချက်တစ်ခုရပ်တည်နိုင်ရေး အားဖြည့် ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။ အဆိုပါဘုတ်အဖွဲ့တည်ထောင်ခြင်းသည် ဟောင်ကောင်ဒေသ၏ ပင်လယ်ရေကြောင်းကဏ္ဍအတွက် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၌ သိသာထင်ရှားသည့် ခြေလှစ်တစ်ရပ်ဖြစ်သည်ဟု ‌ထောက်ပံ့ပို့ဆောင်ရေးနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီး Mable Chan ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ကော်မတီလက်အောက်တွင် သီးခြားလုပ်ငန်းများကို အာရုံစိုက်ဆောင်ရွက်နိုင်ရန် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပင်လယ်ရေကြောင်းဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ လုပ်ငန်းမြှင့်တင်ရေးနှင့် ပြင်ပဆက်ဆံရေးကော်မတီနှင့် လူစွမ်းအားဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ကို ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News