ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှုကို တုန့်ပြန်သည့်အနေဖြင့် ထိုင်းနိုင်ငံအပေါ် စီးပွားရေးအစီအမံများလုပ်ဆောင်ခြင်းသည် လက်တုန့်ပြန်ခြင်းနှင့်စေ့စပ်ညှိနှိုင်းရေးတွင် ၎င်း၏အိမ်နီးချင်းနိုင်ငံထက် ခြေလှမ်းအနည်းငယ်သာရှိသေးသည်ကို ညွှန်ပြနေကြောင်း လေ့လာသုံးသပ်သူများက သုံးသပ်ထားပါသည်။
ယင်းသည် ကမ္ဘောဒီးယား၏ ထိုင်းနိုင်ငံကို စီးပွားရေးဆိုင်ရာချက်ချင်းတုန့်ပြန်ဆောင်ရွက်သည့် ပထမအကြိမ်ဖြစ်ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံအပေါ် မှီခိုမှုကိုလျှော့ချခြင်းနှင့် တရုတ်၊ ဗီယက်နမ်နှင့် မလေးရှားတို့အပေါ် ဦးတည်ပြောင်းလဲသွားကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က ထိုင်းနိုင်ငံရှိ စိုက်ပျိုးရေးကဏ္ဍ၊ အိမ်ထောင်မှုအကူ အပံ့နှင့် သန့်ရှင်းရေးနယ်ပယ်များတွင်အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယားနိုင်ငံ သား ၁ သန်းကျော်အား မိမိနိုင်ငံသို့ပြန်ရန်တိုက်တွန်းထားချက်ကြောင့် ထိုင်းနိုင်ငံအပေါ် ကာလတိုတွင် သက်ရောက်နိုင်သကဲ့သို့ နိုင်ငံသို့ပြန်လည်ရောက်ရှိမည့် လုပ်သားများအတွက် အလုပ်အကိုင်ရှာဖွေရန် လိုအပ်သောကြောင့် ကမ္ဘောဒီးယားတွင်လည်း ထိခိုက်နိုင်ကြောင်း၊ ထိုင်းရုပ်ရှင်များကို ပိတ်ပင်ပါက ယူကျု့နှင့် နက်ဖလစ်စ်ကဲ့သို့သော ဒီဂျစ်တယ်ပလက်ဖောင်းများတွင် အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်သောကြောင့် ကမ္ဘောဒီးယားကြည့်ရှုသူများအနေဖြင့် အင်တာနက်ကုန် ကျစရိတ်ပိုမိုကုန်ကျနိုင်ကြောင်း Intelligence Research Consultant မှ ပညာရှင် Mr. Aat Pisanwanich က ပြောကြားခဲ့သည်။
ထိုင်းကုန်စည်များတင်သွင်းခြင်းကို ပိတ်ပင်ပါက ကမ္ဘောဒီးယားစီးပွားရေးကို ရေတိုတွင်ထိခိုက်နိုင်သော်လည်း ဈေးကွက်ဈေးနှုန်းမြင့်တက်လာနိုင်သည့် အလားအလာ ရှိကြောင်း၊ ကမ္ဘောဒီးယားက ဝယ်ယူသည့် ကုန်စည်များ၏ ၇၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံမှဖြစ်သော်လည်း ယင်းတို့ကို တရုတ်နှင့် ဗီယက်နမ်မှ ကုန်ပစ္စည်းများနှင့် အစားထိုးနိုင်ကြောင်း၊ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံအပေါ် မှီခိုမှုကို လျှော့ချခဲ့ရာ ယခုတွင် ထိုင်းနိုင်ငံသည် တရုတ်နှင့် ဗီယက်နမ်ပြီးပါက တတိယကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် Kaew Kamin သရက်သီး၊ Branded အဝတ် အထည်၊ မော်တော်ကားအစိတ်အပိုင်းများနှင့်လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ကမ္ဘောဒီးယားနယ်စပ်ပြည်နယ်များဖြစ်သည့် Koh Kong နှင့် Serei Saophoan က တင်သွင်းပါကြောင်း၊ ယင်းကဲ့သို့ထောက်ပံ့ကွင်းဆက်အတွင်း မည်သည့်အနှောင့် အယှက်မဆို ထိုင်းနိုင်ငံ၏ သရက်သီးထုတ်လုပ်မှုကဲ့သို့သောစက်ရုံလုပ်ငန်းများတွင် သက်ရောက်နိုင်ကြောင်း Mr. Aat က ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ထိုင်းရင်းနှီးမြှုပ်နှံမှုများသည် တိုးတက်လျက်ရှိပြီး ဆေးရုံလုပ်ငန်း၊လက်လီနှင့် စက်မှုအိမ်ခြံမြေများဖြစ်ကြောင်း၊ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘော ဒီးယားသို့ ပေးပို့နေသည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဖြတ်တောက်မှုသည် များစွာသက်ရောက်မှုမရှိကြောင်း၊ ကမ္ဘောဒီးယားသည် လျှပ်စစ်အတွက် လာအို သို့မဟုတ် ဗီယက်နမ်သို့ လှည့်သွားနိုင်ပြီး အင်တာနက်အတွက် ဗီယက်နမ်၊ ဟောင်ကောင်နှင့် မလေးရှားတို့ ချိတ်ဆက်မှုများမှ ရရှိနိုင်ကြောင်း၊ကမ္ဘောဒီးယား GDP ၏ ၇၀ ရာခိုင်နှုန်းထိဝင်ငွေရရှိသည့် အွန်လိုင်းလောင်းကစားနှင့်Call Center လိမ်လည် မှုများကဲ့သို့သောကဏ္ဍများကို ကြီးမားစွာမထိခိုက်ပါကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ထိုင်းပြည်သူများ ပိုမိုဆိုးရွားသောအခြေအနေများမှ ကာကွယ်ခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းအတွက် အရေးပေါ်အစီအစဉ်များ စီစဉ်ထားသင့်ကြောင်း Mr. Aat က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)