International News

အမေရိကန်၏အခွန်ကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်မှုကို တတိယ ၃ လပတ်တွင် ပိုမိုရှင်းလင်းစွာမြင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဒုတိယဝန်ကြီးက ပြောကြားခဲ့

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အခွန်ကြောင့် ထိုင်းနိုင်ငံစီးပွားရေးအပေါ် သက်ရောက်မှုကို တတိယ ၃ လပတ်ရောက်မှသာ ပိုမိုရှင်းရှင်းလင်းလင်းမြင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန H.E Mr. Julapun Amornvivat က ပြောကြားခဲ့ပါသည်။

 အခွန်တိုးမြှင့်မှု ရက် ၉၀ ဆိုင်းငံ့ထားသောကြောင့် အခွန်ကိုရှောင်ရှားရန် ဒုတိယ ၃ လပတ်တွင် ထိုင်းပို့ကုန်များမြင့်တက်လျက်ရှိရာ သက်ရောက်မှုကို မသိရှိရပါကြောင်း၊ အမေရိကန်သည် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးညှိနှိုင်းမှုစတင်လိုက်သော ကြောင့် ထိုင်းနိုင်ငံအတွက် အခြေအနေသည် ပိုမိုရှင်းလင်းသွားကြောင်း၊ လုပ်ငန်း စဉ်များအဆင်ပြေချောမွေ့ပါက အကျသဘောသက်ရောက်မှုသည် လျော့ပါးသွားနိုင်ကြောင်း၊ အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်များအပေါ် ၁၀ ရာခိုင်နှုန်းကောက်ခံခြင်းသည် အခြားသောနိုင်ငံများအပေါ်တွင် ကောက်ခံသည်နှင့်တူညီပါကြောင်း၊ အမေရိကန်အနေဖြင့် ထိုင်းပို့ကုန်များအပေါ် အခြားသောပြိုင်ဘက်နိုင်ငံများသို့ ကောက်ခံသည့်နှုန်းထက် မမြင့်သည်မှာသေချာပါက ညှိနှိုင်းမှုကို လက်ခံနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် ကနဦးတွင် အမေရိကန်၏ ၃၆ ရာခိုင်နှုန်းအခွန်ကောက်ခံမှုကို ဧပြီလတွင် တွေ့ကြုံခဲ့ရပြီး ရက် ၉၀ ရွှေ့ဆိုင်းပေးထားသည်မှာ ဇူလိုင်လတွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

စီးပွားရေးမတည်ငြိမ်မှုကို ကာမိစေမည့် ထိုင်းနိုင်ငံ၏ ဆောင်ရွက်မှုများအနေဖြင့် အစိုးရသည် ဘတ် ၁၅၇ ဘီလီယံကို ပြည်တွင်းအလုပ်အကိုင်ရရှိစေမှု၊ ပြည်တွင်းထောက်ပံ့မှုကွင်းဆက်ကို သက်ရောက်စေသော ထုတ်လုပ်မှုတိုးမြင့်မှုနှင့် ပြည်တွင်းစီးပွားရေးကို လှုံ့ဆော်ပေးမည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ရည်ရွယ်သည့် စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်ကို စဉ်းစားခဲ့ကြောင်း၊ အဆိုပါဘတ်ဂျက်ကို ယခင်က ဒီဂျစ်တယ်ပိုက်ဆံအိတ်တွင် အသုံးပြုရန်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုမူတည်သော စီးပွားရေးလှုံ့ဆော်မှုအတွက် ပြန်လည်လျာထားခဲ့ခြင်းဖြစ်ကြောင်း၊ လက်ဆောင်အဖြစ်ပေးလိုက်သည့် ငွေကြေးသည် စီးပွားရေးအတွက် လျင်မြင်စွာရောက်ရှိလာစဉ်တွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများသည် ကာလရှည်စီးပွားရေးတည်ဆောက်ရန် ဖြစ်ကြောင်း Mr. Julapun က ဖြည့်စွက်ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုလှုံ့ဆော်မည့်စီမံချက်များကို စစ်ဆေးလျက်ရှိပြီး ဘတ် ၄၀၀ ဘီလီယံစီမံကိန်းများကို တင်ပြသွားမည်ဖြစ်ကြောင်း၊အငယ်စားစီမံကိန်းများအဖြစ် သတ် မှတ်ပြီး ပွင့်လင်းမြင်သာမှုမရှိသော အထူးပစ္စည်းဝယ်ယူရေးနည်းလမ်းများလိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတန်ဖိုး ဘတ် ၅၀၀,၀၀၀ အောက်လျော့နည်းသော စီမံ ကိန်းများကို စီမံကိန်းစိစစ်ရေးကော်မတီကဖယ်ထုတ်သွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၅ ဘဏ္ဍာနှစ်အတွက် စီးပွားရေးလှုံ့ဆော်ရန် ဘတ် ၁၅၇ ဘီလီယံလျာထားမှုနှင့်စပ်လျဉ်း၍ အဆိုပါဘတ်ဂျက်ကို စီမံကိန်းများစိစစ်သည့်ကော်မတီခွဲမှ သုံးသပ်ခြင်းဖြစ်ပြီး ဝန်ကြီးဌာနများက အဆိုပြုသည့် ဗဟိုဘတ်ဂျက်ကို ဘတ်ဂျက်ဗျူရိုမှ သုံးသပ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ဘတ်ဂျက်အဆိုပြုလွှာများနှင့် စီမံကိန်းများကို သေချာစွာပြန်လည်သုံးသပ်ရန်လိုအပ်ပြီး ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါဖော်ပြချက်များနှင့်ကိုက်ညီရန် လိုအပ်ကြောင်း Mr. Julapun က ပြောကြားခဲ့ သည်။        

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News