International News

စီချွမ်နှင့်ချုံချင့်ဒေသတို့၏ အရည်အသွေးမြင့်စက်မှုကွင်းဆက်များကြောင့် စွမ်းအင်သစ်သုံးမော်တော်ယာဉ်(NEV-New Energy Vehicle)ထုတ်လုပ်မှုတွင် တိုးတက်မှုနှုန်း ၄၇.၃ ရာခိုင်နှုန်းအထိစံချိန်တင်မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံ၏ EV Cars လုပ်ငန်းများကို ဦးဆောင်လျက်ရှိ

Last Updated:

ချုံချင့်ဒေသတို့၏ အရည်အသွေးမြင့်စွမ်းအင်သစ်သုံးမော်တော်ယာဉ်များ(New Energy Vehicle)ပေါင်းစပ်ထုတ်လုပ်မှုများကြောင့် တိုးတက်မှုနှုန်း ၄၇.၃ ရာခိုင်နှုန်းအထိစံချိန်တင်မြင့်တက်ခဲ့ကြောင်းကို ၁၆-၇-၂၀၂၆ ရက်Phoenix Net Chongqing သတင်းစာမျက်နှာတွင် ဖော်ပြပါရှိပါသည်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ ချုံချင့်မြို့ဈေးကွက်ကြီးကြပ်ရေးအုပ်ချုပ်မှုဌာနသည် စီချွမ်ပြည်နယ်ဈေးကွက်ကြီးကြပ်ရေးအုပ်ချုပ်မှုဌာနနှင့်ပူးပေါင်း၍ ဉာဏ်ရည်မြင့်ချိတ်ဆက်နိုင်သော စွမ်းအင်သစ်သုံးမော်တော်ယာဉ်(Intelligent Connected New Energy Vehicle)စီချွမ်-ချုံချင့်အရည်အသွေးမြှင့်တင်ပြောင်းလဲခြင်းအတွက် “Quality Chain Sichuan–Chongqing”လုပ်ငန်းစဉ်နှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။

ထိုအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သော စိတ်ဝင်စားဖွယ်အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် စီချွမ်နှင့် ချုံချင့်ဒေသတို့၏ မော်တော်ယာဉ်ထုတ်လုပ်မှုပမာဏသည် စုစုပေါင်းအစီးရေ ၃.၇၂ သန်း အထိရောက်ရှိခဲ့ပြီး၊ တရုတ်နိုင်ငံ၏ထုတ်လုပ်မှုစုစုပေါင်းပမာဏ၏ ၁၁ ရာခိုင်နှုန်းကို ကိုယ်စားပြုခဲ့ကြောင်း၊ ထို့အပြင် စွမ်းအင်သစ်သုံးမော်တော်ယာဉ်(NEV)ထုတ်လုပ်မှုပမာဏမှာ အစီးအရေအတွက် စုစုပေါင်း ၁.၅၂၈ သန်းရှိခဲ့ပြီး၊ ယခင်နှစ်ထက် ၄၇.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ၊ တစ်နိုင်ငံလုံး ၏ပျမ်းမျှတိုးတက်နှုန်းထက် ၁၈.၃ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ပါသည်။

ထို့နောက် ထူးခြားသော အောင်မြင်မှုများသည် စီချွမ်နှင့် ချုံချင့်ဒေသတို့၏အရည် အသွေးပိုင်းဆိုင်ရာကို စက်မှုဖွံ့ဖြိုးတိုးတက်ရေး၏ “အသက်သွေးကြော”တစ်ခုအဖြစ်သတ်မှတ်ကာ “Quality Chain” ကိုအခြေခံ၍ စက်မှုကွင်းဆက်ကို ပိုမိုခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခဲ့ခြင်း၏ရလဒ်ဖြစ်ပါသည်။

ချုံချင့်မြို့ ဈေးကွက်ကြီးကြပ်ရေးအုပ်ချုပ်မှုဌာန၏ ပါတီခေါင်းဆောင်အဖွဲ့ဝင်နှင့် ဒုတိယညွှန်ကြားရေးမှူး ချန်ကျုံးယွီ(Chen Zhongyu)က စီချွမ်-ချုံချင့်အရည် အသွေး မြှင့်တင်ပြောင်းလဲခြင်း “Quality Chain Sichuan–Chongqing”အစီအစဉ်သည် တရုတ်နိုင်ငံဈေးကွက်ကြီးကြပ်ရေးအမျိုးသား အုပ်ချုပ်မှုဌာန(State Administration for Market Regulation)မှ အတည်ပြုခဲ့သည့် ပထမအသုတ် ဒေသဖြတ်ကျော်အရည်အသွေးမြှင့်တင်ရေးစီမံကိန်းများထဲတွင် အောင်မြင်စွာထည့်သွင်းခံခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

ဉာဏ်ရည်မြင့်ချိတ်ဆက်နိုင်သော စွမ်းအင်သစ်သုံးမော်တော်ယာဉ်စက်မှုကွင်းဆက်ကို အဓိကထား၍ စီချွမ်နှင့်ချုံချင့်ဒေသတို့သည် အဓိကစီမံကိန်း ၅၅ ခုကို ချမှတ်အကောင်အထည်ဖော်ခဲ့ပြီး၊ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှု၊ စံချိန်စံညွှန်းရေးဆွဲမှုနှင့် အရည်အသွေးမြှင့်တင်မှုဟူသော အဓိကတာဝန်သုံးရပ်ကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ အစီအစဉ်စတင်ချိန်မှစ၍ စီချွမ်ဒေသနှင့် ချုံချင့်ဒေသရှိလုပ်ငန်းများပူးပေါင်းဆောင်ရွက်ကာ အရည်အသွေးနှင့်နည်းပညာဆိုင်ရာစိန်ခေါ်မှု ၆၀၀ ကျော်ကိုဖြေရှင်းနိုင်ခဲ့ခြင်း၊ မူပိုင်ခွင့်(Patent)လျှောက်ထားမှု ၁,၀၀၀ ကျော်ပြုလုပ်ခဲ့ကာ ၅၁၅ ခုအတွက် ခွင့်ပြုချက်ရရှိခဲ့ခြင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာ၊ နိုင်ငံအဆင့်၊ စက်မှုလုပ်ငန်းအဆင့်နှင့် အဖွဲ့အစည်းအဆင့်စံချိန်စံညွှန်း ၁၄၈ ခုကို ဦးဆောင်ရေးဆွဲခြင်းနှင့် ပြင်ဆင်ခြင်းတွင်ပါဝင်ခဲ့ပြီး၊ အမျိုးသား၊ ပြည်နယ်နှင့် ဝန်ကြီးဌာနအဆင့် သိပ္ပံနှင့်အရည်အသွေးဆိုင်ရာ ဆု ၆၀ ကျော်ကိုလည်း ဆွတ်ခူးရရှိခဲ့ပါသည်။

လက်ရှိအချိန်တွင် စီချွမ်–ချုံချင့်ဉာဏ်ရည်မြင့်ချိတ်ဆက်နိုင်သော စွမ်းအင်သစ်သုံးမော်တော်ယာဉ်လုပ်ငန်းများသည် အစိတ်အပိုင်းထောက်ပံ့ရေး(Component Supply)အဆင့်မှ စက်မှုဂေဟစနစ်ကို ပူးပေါင်းတည်ဆောက်သည့်(Industrial Ecosystem Co-construction)အဆင့်သို့ တဖြည်းဖြည်းကူးပြောင်းလျက်ရှိပြီး၊ ဒေသတွင်းစက်မှုအစုအဖွဲ့(Industrial Cluster)၏အကျိုးသက်ရောက်မှုမှာလည်း ပိုမိုထင်ရှားလာပါသည်။

ထို့အပြင် “Big Hand in Hand” ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကိုလည်း အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ အရည်အသွေးမြှင့်တင်ပြောင်းလဲခြင်းကို ဦးဆောင်သည့် Changan၊ Geely၊ Seres နှင့် Lynk & Co ကဲ့သို့သောလုပ်ငန်းကြီးများသည် ပြည်တွင်းနှင့်ပြည်ပရှိ အထက်ပိုင်းနှင့်အောက်ပိုင်းထောက်ပံ့ရေးလုပ်ငန်း ၆၀၀ ကျော်နှင့် စီးပွားရေးချိတ်ဆက်မှု၊ အရင်းအမြစ်မျှဝေမှုနှင့် အရည်အသွေးမြှင့်တင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုယန္တရားများကိုတည်ထောင်ခဲ့ပြီး၊ အဆင့်မြင့်အရည်အသွေးစီမံခန့်ခွဲမှုစနစ်များကိုထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် အပြည့် အဝတိုးချဲ့အသုံးချလျက်ရှိပါသည်။

Source : An ultra-high growth rate of 47.3%! Sichuan-Chongqing leads the national new energy vehicle track with quality-driven strong chains, Phoenix Net Chongqing_Phoenix Net.

(ကြည်မင်းဟန်၊ စီးပွားရေးသံမှူး၊ ချုံချင့်မြို့)

Category: International News