International News

ရေနံဈေးနှုန်းကျဆင်း — Brent ရေနံစိမ်း ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၈၈.၆၅ နှင့်၊ WTI ရေနံစိမ်း  ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၈၂.၂၇

Last Updated:

အင်္ဂါနေ့တွင် အမေရိကန်နှင့် အီရန်အကြား ပဋိပက္ခကို ဖြေရှင်းနိုင်ရန် ကြားဝင်ညှိနှိုင်းသူများ၏ကြိုးပမ်းမှုများနှင့်ပတ်သက်သည့်သတင်းများကြောင့် ရေနံဈေးနှုန်း များကျဆင်းလာခဲ့ကြောင်း ကုန်သွယ်ရေးအချက်အလက်များအရ သိရသည်။

လန်ဒန်ရှိ ICE Futures ဈေးကွက်တွင် Brent ရေနံ၏ စက်တင်ဘာလအနာဂတ်စာချုပ် (futures)ဈေးနှုန်းသည် မော်စကိုစံတော်ချိန် နံနက် ၈:၂၀ တွင် တစ်ဘားရယ်လျှင် အမေရိကန်ဒေါ်လာ ၈၈.၆၅ သို့ကျဆင်းခဲ့ပြီး၊ ယခင်နေ့ဈေးပိတ်နှုန်းနှင့်နှိုင်းယှဉ်ပါက $0.57(0.64%)ကျဆင်းခဲ့သည်။ သို့သော် တနင်္လာနေ့တွင် Brent ဈေးနှုန်းသည် $1.12 (1.27%)မြင့်တက်ခဲ့ပြီး တစ်ဘားရယ်လျှင် $89.22 အထိရောက်ရှိခဲ့သည်။

အလားတူပင် WTI ရေနံ၏အနာဂတ်စာချုပ်များသည်လည်း နယူးယောက်ကုန်စည်ဖလှယ်ရေးဈေးကွက်(NYMEX)၏အီလက်ထရွန်နစ်ကုန်သွယ်မှုတွင် $0.21(0.25%) ကျဆင်းကာ တစ်ဘားရယ်လျှင် $82.27 ဖြစ်လာခဲ့သည်။ ယခင်ကုန်သွယ်မှုနေ့အဆုံးတွင် WTI ဈေးနှုန်းသည် $0.70(0.9%)မြင့်တက်ခဲ့ပြီး တစ်ဘားရယ်လျှင် $82.48 ရှိခဲ့သည်။

Source : https://www.angi.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News