International News

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် Mr. Anutin Charnvirankul က အစိုးရ၏ ရက်-၁၂၀ မူဝါဒအစီအစဉ်ကိုပြင်ဆင်ခဲ့

Last Updated:

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ထိုင်းဘုရင်မင်းမြတ်၏ တော်ဝင်အမိန့် စာဖြင့်ခန့်အပ်ခဲ့ပြီး ကျမ်းသစ္စာကျိန်ဆိုပြီးဖြစ်သည့် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ် Mr. Anutin Charn-virankul က ရက်-၁၂၀ မူဝါဒအစီအစဉ်ကို ပြင်ဆင်ထားပြီး လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း Bhumjaithai Party ရုံးချုပ်၌ ကျင်းပသည့် အစိုးရသစ်တွင် ပါဝင်တာဝန်ထမ်းဆောင်မည့် စီးပွားရေး ဝန်ကြီးများပါဝင်သည့် မူဝါဒဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အစည်းအဝေးသို့ ခန့်အပ်ထားသည့် ဝန်ကြီးများဖြစ်သည့် စွမ်းအင်ဝန်ကြီး Mr. Attapol Rerkpi-boon၊ နိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkeow၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Suphajee Suthumpun၊ ပို့ဆောင်ရေးဝန်ကြီး Mr. Phiphat Ratchakitprakarn နှင့် ကာကွယ်ရေးဝန်ကြီး Gen Nattaphon Narkphanit တို့ပါဝင်တက်‌ရောက်ခဲ့ရာ အစိုးရ၏ ပထမ ၄ လ တာကာလအတွက် မူဝါဒဆိုင်ရာ ဦးစားပေးမှုများအပေါ် အပြီးသတ်ဆွေးနွေးခဲ့ကြောင်း၊ အတည်ပြုထားသောကနဦးဆောင်ရွက်မည့်အစီအစဉ်မှာ လူသိများသော co-payment အစီအစဉ်တစ်ခုဖြစ်သည့် “Half-Half” ဖြစ်ကြောင်း၊ အခြားသော အဆိုပြုလွှာများဖြစ်သည့် ခရီးသွားကဏ္ဍကို လှုံ့ဆော်ပေးမည့် “We Travel Together” အစီအစဉ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချမည့် လုပ်ဆောင်ချက်များနှင့် ဘေး အန္တရာယ်လျော့ပါးစေရေးဗျူဟာများအတွက် အပြီးမသတ်ရသေးဘဲ ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ်က နိုင်ငံတော်မူဝါဒများကိုသာ အာရုံစိုက်သွားမည်ဖြစ်ပြီး အထူးသဖြင့် စီးပွားရေးနှင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခတို့ဖြစ်ကြောင်း၊ အစိုးရသစ်တာဝန်ယူချိန်မှစ၍ မူဝါဒအကောင်အထည်ဖော်မှုကို ဆောင်ရွက်သွားရန် မူဘောင်တစ်ခုကိုပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ မူဝါဒမှသည် လုပ်ဆောင်ချက်အဖြစ် နှောင့်နှေးမှုမရှိဘဲ ပြောင်းလဲသွားရန်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ဖွဲ့စည်းမှုနှင့်စပ်လျဉ်း၍ နောက် ကြောင်းရာဇဝင်လိုက်နေဆဲဖြစ်ပြီး ဝန်ကြီးအချို့ကို အတည်ပြုပြီးဖြစ်ကြောင်း၊ ကိုယ်စားလှယ်များသည် ဥပဒေပိုင်းဆိုင်ရာများမှ ကင်းလွတ်ကြောင်း သေချာစေရေး နိုင်ငံအနှံ့ရှိ တရားရုံးများသို့ နောက်ကြောင်းရာဇဝင်စစ်ဆေးလျက်ရှိကြောင်း၊ တရားရေးရာဝန်ကြီးအပါအဝင် ရာထူးများစွာအတွက် မထုတ်ပြန်သေးကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ ပထမဆုံးအစိုးရအဖွဲ့အမည်စာရင်းတွင် 2nd Army Region Commander ဟောင်း Lt Gen Adul Boonthamcharoen ပါဝင်ခဲ့ပြီး ကာကွယ် ရေးဒုတိယဝန်ကြီးအဖြစ် ခန့်ထားနိုင်သော ပြင်ပကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း၊ Lt Gen Adul သည် နယ်စပ်ကိစ္စရပ်များတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အထူး သဖြင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်တွင်ဖြစ်ကြောင်း၊ ၎င်းကို ခန့်အပ် တာဝန်ပေးခြင်းသည် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မည့် Gen Nattaphon အတွက် ဝန်ထုပ်ဝန်ပိုးလျော့နည်းစေမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးရုံးက နောက်ကြောင်းလိုက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News