ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၉၇ ဘီလီယံကျော်ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၃ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဗီယက်နမ်ပင်လယ်စာတင်ပို့ရောင်းချသူများနှင့် ထုတ်လုပ်သူများအသင်း(VASEP)အဆိုအရ သိရှိရပါသည်။
ဩဂုတ်လတစ်ရက်တည်းတွင် ပုစွန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄၇၉ သန်းရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါသည်။
၈ လတာကာလအတွင်း တရုတ်နှင့် ဟောင်ကောင်တို့နှင့် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၃၆ သန်းအထိမြင့်တက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုစုစုပေါင်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လာခဲ့ကြောင်း၊ ဗီယက်နမ်ပုစွန် ကျားနှင့် ပုစွန်များသည် တရုတ်စားသုံးသူများအကြား အထူးရေပန်းစားလျက်ရှိကြောင်း ဖော်ပြထားပါသည်။
၈ လတာကာလအတွင်း ဥရောပသမဂ္ဂသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၇၆ သန်းရှိပြီး အမေရိကန်သို့ တင်ပို့မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးရှိကြောင်း ဖော်ပြထားပါသည်။
Source: VN Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)