သမ္မတမားကို့စ်ဂျူနီယာအစိုးရသက်တမ်းပြီးမြောက်မည့် ၂၀၂၈ ခုနှစ်အထိ ဆက် လက်ရောင်းချပေးသွားမည့် ဆန်တစ်ကီလို ပီဆို ၂၀ အစီအစဉ်အား အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာဖူလုံရေးအာဏာပိုင်အဖွဲ့(National Food Authority-NFA)သို့ ယခင်ပေးထားသည့် လုပ်ပိုင် ခွင့်နှင့်လုပ်ငန်းတာဝန်များအား ပြန်လည်လွှဲပြောင်းပေးသွားရန်တင်ပြထားသည့် ဥပဒေကြမ်းဆွေးနွေးမှုသည် နောက်ဆုံးအဆင့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ် ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
ယခုကဲ့သို့ NFA အား တာဝန်နှင့် လုပ်ပိုင်ခွင့်များပြန်လည်လွှဲပြောင်းပေးရခြင်းမှာ ဈေးကွက်တွင်း စပါး၊ ဆန်ဈေးနှုန်းများတည်ငြိမ်စေရေးနှင့် ပြည်တွင်းဆန်ရိက္ခာဖူလုံစေရန်တို့ကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်စေရန်အတွက်ဖြစ်ပါကြောင်း၊ အစိုးရမှဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ဆောင်ရွက်ရာတွင် များစွာအထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း လွှတ်တော်၏ပြောရေးဆိုခွင့်ရှိသူမှလည်း ပြောကြားထားကြောင်း ဖော်ပြပါရှိပါသည်။
ထို့ပြင် ပြည်တွင်းဆန်အရံရိက္ခာအား ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်ရည်ရွယ်ပြီး တောင်သူများထံမှ စပါးဝယ်ယူသည့်ဈေးနှုန်းအား သတ်မှတ်ခြင်းနှင့်ဈေးကွက်တွင်း ရောင်းချ၊ဖြန့်ဖြူးရာတွင် စောင့်ကြပ်စစ်ဆေးမှုများကိုဆောင်ရွက်လျက်ရှိပါကြောင်းနှင့် Rice Competitiveness Enhancement Fund-RCEF အောက်မှ ဆန်စပါးထုတ်လုပ်မှုကဏ္ဍရှိတောင်သူများနှင့် အခြားသောစိုက်ပျိုးထုတ်လုပ်သူများအား လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ပါကြောင်း ဖော်ပြပါရှိပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနမှ ဦးဆောင်မည့် ဆန်တင်သွင်းမှုနှင့်စပ်လျဉ်း၍ ပြည်တွင်းဆန်လက်ကျန်ပမာဏအား သေချာစွာစစ်ဆေးပြီး လိုအပ် ချက်အတိုင်းတင်သွင်းသွားမည်ဖြစ်ပါကြောင်းနှင့် လျှင်မြန်စွာသတင်းထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)