အမေရိကန်သမ္မတထရမ့်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်တွင် ၎င်းပိုင်လူမှုကွန်ရက် “TruthSocial” ၌ သွင်းကုန်ခွန်ရငွေနှင့်ပတ်သက် ၍ “အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများအပေါ် သွင်းကုန်ခွန်များ သတ်မှတ်ကောက်ခံမှုမှ အမေရိကန်ဒေါ်လာဘီလီယံများစွာရရှိခဲ့ကြောင်း၊ သို့ရာတွင် ကုန်ပစ္စည်းဝယ်ယူသူများသည် ကာလတိုတွင် သွင်းကုန်ခွန်များအားရှောင်ရှားနိုင်ရန်အလို့ငှာ အသုံးလိုသည်ထက်ပိုများသည့် ကုန်ပစ္စည်းများကိုဝယ်ယူထားသဖြင့် ကုန်ပစ္စည်းအများအပြားအပေါ် အပြည့်အဝရရှိနိုင်မည့် သွင်းကုန်ခွန်ကို မတွက်ချက်နိုင်သေးကြောင်း၊ ယင်းသို့ပစ္စည်းအများအပြားဝယ်ယူသိုလှောင်ထားခြင်းသည် ယခုအခါလျော့နည်းစပြုလာပြီး သွင်းကုန်ခွန်ကျသင့်သည့်ပစ္စည်းအားလုံးအပေါ် မရှောင်လွှဲနိုင်ဘဲ သွင်းကုန်ခွန်ပေးဆောင်ရတော့မည်ဖြစ်ရာ အမေရိကန်နိုင်ငံသို့ ငွေပေးဆောင်ရမည့် ပမာဏသည် မြင့်တက်လာမည်ဖြစ်ကြောင်း၊ သွင်းကုန်ခွန်ရငွေသည် စံချိန်တင်မြင့်တက်လာမည်ဖြစ်ပြီး အမေရိကန်နိုင်ငံအား လမ်းကြောင်းသစ်သို့ ဦးတည်စေမည်ဖြစ်ကြောင်း၊ သွင်းကုန်ခွန်ကြောင့် ယခင်က မကြုံခဲ့ဖူးသည့် အမျိုးသားလုံခြုံရေးနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ သွင်းကုန်ခွန်ကို ဆန့်ကျင်သူများသည် အမေရိကန်နိုင်ငံ၏ အောင်မြင်မှု၊ လုံခြုံမှုနှင့် တိုးတက်မှုနှင့် လိုက်လျောညီထွေမရှိသည့် နိုင်ငံခြားတိုင်းပြည်များ ၏အကျိုးစီးပွားကို ဖော်ဆောင်နေသူများဖြစ်ကြောင်းနှင့် ၎င်းတို့သည် အမေရိကန်နိုင်ငံသားများအပေါ် အလေးထားဂရုစိုက်ကြသူများမဟုတ် ကြောင်း၊ အမေရိကန်နိုင်ငံအတွက် အရေးပါသော သွင်းကုန်ခွန်ကိစ္စရပ်နှင့်ပတ်သက်သည့် အမေရိကန်တရားရုံးချုပ်၏ဆုံးဖြတ်ချက်ကို စောင့်မျှော်လျက်ရှိပြီး ယင်းဆုံးဖြတ်ချက်ချမှတ်ပြီးမှသာ အမေရိကန် နိုင်ငံအားကြီးမြတ်စေရေး အနှောင့်အယှက်မရှိဘဲ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)