အမေရိကန်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံက တင်သွင်းသည့် ကော်ဖီ၊ သစ်သီးနှင့် အမဲသားအပါအဝင် ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်များကို ဖြေလျှော့ပေးကြောင်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ဘရာဇီးလ်နိုင်ငံ၊ ဒုတိယသမ္မတနှင့် ကုန်သွယ်ရေးဝန်ကြီး Geraldo Alckmin က အမေရိကန်သမ္မတထရမ့်၏ ဘရာဇီးနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များအပေါ် သွင်းကုန်ခွန်ဖြေလျှော့ပေးခြင်းမှာ သိသာသည့်တိုးတက်မှုဖြစ်ကြောင်းနှင့် သွင်းကုန်ခွန်ကောက်ခံသည့် ကုန်ပစ္စည်းစာရင်းကို ထပ်မံလျှော့ချလိုပြီး နှစ်နိုင်ငံရှေ့ဆက်ဆွေးနွေးညှိနှိုင်းသွားမည်ဟုဆိုကြောင်း၊ ဘရာဇီးလ်သမ္မတ Luiz Inácio Lula da Silva ကလည်း ဘရာဇီးလ်နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်အများအပြား အပေါ် အမေရိကန်အစိုးရက ချမှတ်ထားသည့် သွင်းကုန်ခွန်(၄၀)ရာခိုင် နှုန်းကို ဖယ်ရှားလိုက်ခြင်းသည် ဆွေးနွေးညှိနှိုင်းမှုနှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအတွက် အောင်မြင်မှုဖြစ်သည်ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ကြောင်း၊ အမေရိကန်သမ္မတနှင့် ဘရာဇီးသမ္မတတို့ သည် သွင်းကုန်ခွန်များ ထပ်မံလျှော့ချနိုင်ရေးအတွက် ဆက်လက်ဆွေးနွေးလျက်ရှိကြကြောင်း သိရှိရပါသည်။
Source: AP News
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)