Google ကုမ္ပဏီက တရုတ်နိုင်ငံတွင်အခြေစိုက်သည့် နိုင်ငံခြားဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများ၏ကွန်ရက်များသည် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်ပတ်သက်သည့်စာတိုများကို အများအပြားပေးပို့ခဲ့ကြောင်းစွပ်စွဲလျက် တရားစွဲဆိုခဲ့ကြောင်း CBS အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။ Google ကုမ္ပဏီက စာတိုပေးပို့မှုများ သည် ရာဇဝတ်မှုကျူးလွန်သည့် ကွန်ရက်များအတွက် “မီးပြတိုက် (Lighthouse)” သဖွယ်ဖြစ်သည်ဟု ဆိုကြောင်း၊ လိမ်လည်လှည့်ဖြားရန် ပေးပို့သည့်စာတိုများသည် တရားဝင်ပေးပို့သည့်စာတိုများဖြစ်သည်ဟု ယူဆရပြီး စာတိုလက်ခံသူများကို တိုးဂိတ်ဖြတ်သန်းခ မပေးဆောင်ရသေးခြင်း သို့မဟုတ် ပါဆယ်အထုပ်များကြန့်ကြာနေခြင်းတို့ကို သတိပေးသည့်စာတိုများအဖြစ် တွေ့ရကြောင်း၊ ယင်းသည် လက်ခံသူများ၏ လျှို့ဝှက်နံပါတ်၊အကြွေးဝယ်ကတ်နံပါတ်များကို ခိုးယူရန်အတွက် ပုဂ္ဂိုလ် ရေးအချက်အလက်များနှင့်အရေးကြီးသည့် အချက်လက်များရယူနိုင်ရေး လှည့်ဖြား သည့်စာတိုတစ်မျိုးဖြစ်ကြောင်း၊ Google ကုမ္ပဏီ၏ရှေ့နေ DeLaine Prado က တရားစွဲဆိုမှုသည် အွန်လိုင်းငွေကြေးလိမ်မှုကြောင့် နစ်နာသူများ၏ဆုံးရှုံးမှုကို ပြန်ရရန် ကူညီခြင်းမဟုတ်ဘဲ အလားတူလုပ်ငန်းများတည်ထောင်မည့် ရာဇဝတ်မှုကျူးလွန်သူများကို အားပေးခြင်းမပြုရန်သာဖြစ်ကြောင်း၊ Google ကုမ္ပဏီ၏ အမှတ်တံဆိပ်ကိုအသုံးပြု၍ လျှို့ဝှက်နံပါတ်၊ အကြွေးဝယ်ကတ်များကို ပေးရန် လူအများကို လှည့်စားနေသည့် ဝက်ဘ်ဆိုက်အတု(၁၀၀)ကျော်အထိ တွေ့ရှိထားကြောင်း၊ ကုမ္ပဏီ၏စွဲဆိုချက်တွင် အမေရိကန်နိုင်ငံတစ်နိုင်ငံတည်း၌ပင် အကြွေး ဝယ်ကတ်သန်းပေါင်းများစွာအထိ ခိုးယူခံရလျက်ရှိသည်ဟု ခန့်မှန်းဖော်ပြထားပါကြောင်း၊ Google ကုမ္ပဏီက တရားစွဲဆိုရာတွင် Racketeer Influenced and Corrupt Organization Act(RICO Act)အရ စွဲဆိုထားခြင်းဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် RICO Act သည် ၂၁ ရာစု ဒစ်ဂျစ်တယ်ရာဇဝတ်မှုများအတွက် အသုံးပြုနိုင်မှုရှိ/မရှိကိုပါ ကုမ္ပဏီက စမ်းသပ်ခြင်းဖြစ်နိုင်ကြောင်း၊ နိုင်ငံခြားမှ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများသည် ပြည်ပနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သည့် ပြစ်မှုကျူးလွန်သူ များကို အပြန်အလှန်ပေးအပ်ခြင်းဆိုင်ရာ ဥပဒေများအကန့်အသတ်ဖြင့်သာရှိသည့် ကမ္ဘောဒီးယားနိုင်ငံကဲ့သို့သောနိုင်ငံများတွင် လုပ်ငန်းများဆောင်ရွက်ကြသဖြင့် Google အနေဖြင့် ၎င်းတို့ကို ခြေရာခံရန်ခက်ခဲမည်ဖြစ်ကြောင်းဖြင့် သိရှိရပါသည်။
Source: CBS News
(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)