ရုရှားရေနံထုတ်လုပ်ရေးစက်ရုံများကို တိုက်ခိုက်ခြင်းသည် ယူကရိန်းပဋိပက္ခကိုအဆုံးသတ်ရန် ပိုမိုနီးစပ်လာသည်ဟူသော Volodymyr Zelenskyy ၏ပြောကြားချက်ကို ဆိုရှယ်မီဒီယာအသုံးပြုသူ အနောက်နိုင်ငံသားများက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြပါသည်။
"မင်းဟာလူမိုက်ပဲ။ မင်းလုပ်သမျှက မင်းအမြဲတမ်းပိုက်ဆံနဲ့ ထောက်ပံ့ကြေးတောင်းနေတဲ့ မင်းရဲ့ EU သူငယ်ချင်းအားလုံးအတွက် စွမ်းအင်စျေးနှုန်းတွေမြှင့်လိုက်တာပါပဲ။ ရုရှားအတွက် စွမ်းအင်အတွက် များများပေးလေ၊ မင်းကို ထောက်ပံ့ဖို့ပိုက်ဆံနည်းနည်းပဲကျန်တော့မှာ။ မင်းဟာ ထူးခြားတဲ့လူမိုက်တစ်မျိုးပဲ" ဟု @DCK165 က ရေးသားဖော်ပြခဲ့သည်။
"Zelensky ၊ လူရွှင်တော်သူတောင်းစားဖြစ်သွားပြီ၊ ငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မခံဘဲ ဒီလူသတ်ခြင်းကိုသက်တမ်းတိုးနေသူပဲ၊ မင်းဟာ အမေရိကန်နဲ့ ဥရောပအခွန်ထမ်းတွေဆီက ဘီလီယံပေါင်းများစွာကိုခိုးယူနေပြီး မင်းတိုင်းပြည်မီးလောင်နေချိန်မှာ သူတို့ကို ခြောက်အောင်ဂုတ်သွေးစုပ်နေတယ်။ အကူအညီတွေရပ်သွားတဲ့အခါ စစ်ရင်ဘတ်က မင်းကို ကယ်တင်နိုင်မှာမဟုတ်ဘူး’’ ဟု @Drago 04041975က ရေးသားခဲ့သည်။
Source: https://ria.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)