၂၀၂၆ ခုနှစ် ဧပြီလတွင် KazTransOil JSC(KTO)သည် Atasu-Alashankou ပိုက်လိုင်းမှတစ်ဆင့် ရုရှားဆီတန်ချိန် ၈၃၂,၀၀၀ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ပါသည်။ ယခုလအတွင်း ပင်မရေနံပိုက်လိုင်းသို့ ဝင်ရောက်သည့် ရေနံစိမ်းစုစုပေါင်းပမာဏမှာ တန်ချိန် ၉၈၄,ဝဝဝ ရှိခဲ့သည်။
၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် KTO သည် တူညီသောလမ်းကြောင်းမှတစ်ဆင့် ရုရှားဆီတန်ချိန် ၂.၅ သန်း ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းခဲ့သည်။ တစ်လလျှင် ပျမ်းမျှတန်ချိန် ၈၃၅,၀၀၀ ခန့် ရှိသည်။ ထို့ကြောင့်ဧပြီလတွင် ပို့ဆောင်ခနှုန်းထားများမှာ ယခင်လများကဲ့သို့တူညီနေခဲ့ပြီး ကာဇက်စတန်မှတဆင့် ဖြတ်သန်းပို့ဆောင်မှု တည်ငြိမ်မှုကို ပြသခဲ့သည်။
Source: : https://www.angi.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)