ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၇.၇၃ သန်းခန့်တင်ပို့နိုင်ရန် မျှော်လင့်ထားကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန (MAE)၏အဆိုအရ သိရှိရပါသည်။ ဝန်ကြီးဌာန၏ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်တွင် နိုင်ငံ၏စုစုပေါင်းဆန်စိုက်ပျိုးဧရိယာဟက်တာ ၇.၀၉ သန်းခန့်အထိရောက်ရှိမည်ဖြစ်ပြီး ယခင်နှစ်ထက် ဟက်တာ ၃၆,၀၀၀ လျော့နည်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ပျမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဟက်တာလျှင် ၆.၁၄ တန်ခန့်ရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၀.၀၃ တန်မြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။ သို့ဖြစ်ရာ စပါးထွက်ရှိမှုကို တန်ချိန် ၄၃.၅၅ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန် ၁၂,၀၀၀ တိုးလာမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ပြည်ပသို့ တင်ပို့မည့်ဆန်ကို မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် အဓိကထားဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ပြီး အခြားဒေသများတွင် ပြည်တွင်းစားသုံးမှုအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်းပြည်နယ်(ယခင် လောင်းအန်)၏အစိတ် အပိုင်းတစ်ခုတွင် စုစုပေါင်းစပါးထွက်ရှိမှုသည် ဟက်တာ ၃.၈၄ သန်းမှ တန်ချိန် ၂၃.၃၄ သန်းအထိရှိနိုင်ကြောင်းခန့်မှန်းထားပါသည်။ ၎င်းတို့အနက် မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသနှင့် ဟိုချီမင်းမြို့တို့တွင် ပြည်တွင်းစားသုံးမှုအတွက် တန်ချိန် ၈.၉ သန်းခန့်အပြင် မျိုးစေ့နှင့်တိရစ္ဆာန်အစာအတွက်ပါ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းနောက်တွင် ဆန်တန်ချိန် ၇.၇၃ သန်းခန့်နှင့်ညီမျှသည့် ပို့ကုန်ဈေးကွက် တင်ပို့နိုင်သောစပါးတန်ချိန် ၁၅.၆၄ သန်းခန့်ကျန်ရှိနေကြောင်း၊ ပို့ကုန်ဖွဲ့စည်းပုံတွင် အရည်အသွေးမြင့်နှင့် ရနံ့မွှေးသော ဆန်တန်ချိန် ၅.၈ သန်းခန့်ပါဝင်မည်ဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်း၊ ကောက်ညှင်းဆန်တန်ချိန် ၇၇၃,၀၀၀ သို့မဟုတ် စုစုပေါင်းတင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းခန့်နှင့်ပြုပြင်ရန်အတွက် ဆန်တန်ချိန် ၁.၁၆ သန်းနီးပါးစုစုပေါင်းတင်ပို့မှု၏ ၁၅ ရာခိုင်နှုန်းခန့်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ဆန်တင်ပို့မှုမှာ တန်ချိန် ၄.၀၁ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ဒုတိယနှစ်ဝက်တွင် တင်ပို့မှုမှာ တန်ချိန် ၃.၇၂ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ အဆိုပါခန့်မှန်းချက်များအပေါ်အခြေခံ၍ MAE သည် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် စပါးရိတ်သိမ်းမှုအထွတ်အထိပ်ကာလများတွင် ဆန်တင်ပို့မှုမြှင့်တင်ရန် အဆိုပြုထားကြောင်းသိရှိရပါသည်။ အရန်ဆန်အလုံအလောက်ထားရှိရန်၊ စည်းမျဉ်းစည်းကမ်းများလိုက်နာရန်နှင့် သိုလှောင်မှုအဆင့်များအားကောင်းစေရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။
ထို့အပြင် ကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုများနှင့်အညီ ဆန်တင်ပို့မှုနှင့် သွင်းကုန်များအလိုက်စီမံခန့်ခွဲမှုအခြေအနေများဖော်ဆောင်ရာတွင် ကုန်သွယ်မှုမြှင့်တင်ရေး၊ ပို့ကုန်ဈေးကွက်များနှင့် ထုတ်ကုန်ကဏ္ဍများကို ကွဲပြားစေရန်နှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကို ပိုမိုအသုံးပြုရန် အာဏာပိုင်များက အကြံပြုထားကြောင်း ဖော်ပြထားပါသည်။
Source: https://ricenewstoday.com/vietnam-forecasts-rice-exports-of-7-73-million-tonnes-in-2026/
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)